ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

တရုတ်နံနံဖျော်ရည် သောက်ကြမယ်

ခေါက်ဆွဲကြော်၊ အစိမ်းကြော်နဲ့ ဟင်းချိုတွေစွပ်ပြုတ်တွေမှာပဲ တရုတ်နံနံကို ဟင်းခတ်မွှေးအကြိုင်အနေနဲ့ သုံးလို့ရတာမဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဖျော်သောက်လို့လည်းရပါတယ်။ တရုတ်နံနံဖျော်ရည် သောက်တာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ တရုတ်နံနံကနေရတဲ့ အာဟာရဓါတ် တရုတ်နံနံမှာ ဗီတာမင် K ဗီတာမင် A ဗီတာမင် B2 ဗီတာမင် B6 ဗီတာမင် C ဖောလိတ် ပိုတက်ဆီယမ် မဂ္ဂနိ အမျှင်ဓါတ် နဲ့ pantothenic acid တို့ပါဝင်ပါတယ်။ တရုတ်နံနံဖျော်ရည် ကပေးတဲ့ ကျန်းမာရေး အာနိသင် တရုတ်နံနံကိုရေစင်အောင်ဆေးလို့ ကြိတ်ဖျော်ထားတဲ့ တရုတ်နံနံဖျော်ရည်က ခန္ဓါကိုယ်ကို ကျန်းမာစေဖို့တော်တော်လေးအထောက်အကူပြုပေးတာပါ။ နှလုံးကျန်းမာစေနိုင်တယ် တရုတ်နံနံမှာ သွေးကြောနံရံတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကို ကျန်မာသန်စွမ်းစေနိုင်တဲ့ phthalides ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နှလုံးရောဂါခံစားရတာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာတွေကနေ ကာကွယ်နိုင်မှာပါ။ တရုတ်နံနံဖျော်ရည်သောက်သုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်သလို သွေးတွင်းသကြားဓါတ်၊သွေးတွင်းအဆီဓါတ်နဲ့သွေးပေါင်ချိန်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွေရာသီမှာ သောက်လေ့ရှိကြတဲ့ ဥသျှစ်ရည် ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်

နွေပူနေချိန်မှာ ဥသျှစ်သီး ဖျော်ရည်အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်ကမြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးကသောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့်ပြောပြပေးချင်ပါတယ်။ ဥသျှစ်သီးဆိုတာက ဥသျှစ်သီး ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ပြောင်ချောနေတဲ့ အခွံမာမာအသီးတစ်မျိုးပေါ့။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ချိုတဲ့ အညိုရောင်အသားတွေနဲ့အတူ အစေ့ဖြူဖြူလေးတွေပါတတ်တဲ့ အသီးတစ်မျိုးပါ။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။ ဥသျှစ်ရည် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ.......... အရသာရှိတဲ့ ဥသျှစ်သီး ဖျော်ရည်လေးကိုပုံမှန်သောက်သုံးပေးတာက နှလုံးကျန်းမာစေနိုင်တယ် ဥသျှစ်သီးကို ပုံမှန်စားသုံးပေးတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ မခံစားရအောင်ကာကွယ်ပေးနိုင်သလိုလေဖြတ်တာနဲ့ ရုတ်တရက်နှလုံးရပ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကိုလည်း ၅၄ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် ဥသျှစ်သီးကိ အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစာခြေလမ်းကြောင်းတစ်ခုလုံးကိုကျန်းမာစေပြီး အနာတွေရှိခဲ့ရင်လည်း သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ကိုလက်စထရောထိန်းညှိပေးတယ် ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီးသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ် အရေပြားအပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သြဇာသီး ကြိုက်သူလေးတွေ ရှိလား

ငယ်ငယ်က ကျင်းလေးတူးပြီး သြဇာစေ့ တောက်ခဲ့ဖူးတယ် ဆိုရင်တော့သေချာတာက သင်က သင်က သြဇာသီး ကြိုက်တဲ့သူဆိုတာပါ။ သြဇာသီးတွေကို စားပြီးတိုင်း သြဇာစေ့တွေကို သေချာဗူးနဲ့ ထည့်ပြီး စုခဲ့ရတာ အမောနော်။ ကစားဖို့အတွက် တော်တော်လေး အသုံးတည့်တဲ့ သြဇာသီးတွေကို ရဖို့ သြဇာသီးတွေကို စားခဲ့ဖူးမယ်ဆိုရင်တော့ အခုလို အကျိုးကျေးဇူးတွေကို ခံစားနေရလောက်ပါပြီ။ သြဇာသီး ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ........ သြဇာသီး ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်တယ် သြဇာသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အသားအရေပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်သလို အသားအရေကိုလည်း အစိုဓါတ် ထိန်းပေးပါတယ်။ ကိုယ်အလေးချိန်တက်စေနိုင်တယ် ဝချင်သူလေးတွေအတွက် အဆင်ပြေစေမယ့် နည်းတစ်ခုပေါ့။ သြဇာသီးကို ပျားရည်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကော်လာဂျင်သောက်ပေးသင့်တဲ့ အကြောင်းအရင်း ၅ ချက်

ဆရာဝန်တွေက အလှအပနဲ့ပတ်သက်လာရင် ဂုရုကြီးဖြစ်တဲ့ကော်လာဂျင်ကိုမေ့မထားနဲ့နော်လို့ပြောတာကြားဖူးလား။ ဒါကတကယ်တော့ လိုကိုလိုအပ်တဲ့အချက်တစ်ခုပါ။ လေဒီတော်တော်များများကအလှအပအတွက်လို့ပြောလိုက်ရင် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေနဲ့ အလှကုန်တွေကိုပဲအဓိက မဲရှာတတ်ကြတယ်လေ။ တကယ်တော့ စစ်မှန်ကျန်းမာတဲ့ လှပမှုကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်ကော်လာဂျင်ကိုမေ့မထားသင့်ပါဘူး။ ကော်လာဂျင်ဆိုတာ ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓါကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှုးတွေကို အားဖြည့်ပေးထားပါတယ်။ ကော်လာဂျင်က အလှအပအတွက်ပဲအရေးပါတာလား...... ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ ခန္ဓါကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။ ခန္ဓါကိုယ်ကကော်လာဂျင်ကို ထုတ်ပေးနိုင်လား.......... ဒီလိုဆိုတာနဲ့ကော်လာဂျင်ကို မဖြစ်မနေသောက်ပေးရမှာလားဆိုတော့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချ တဲ့အခါ အထိမိဆုံး အစားအသောက်အတွဲအစပ် (၁၀) မျိုး

ပိန်ချင်လို့၊ ကျစ်ချင်လို့ အစားလျှော့စားတယ်၊ planတွေလိုက်လုပ်တယ်၊လေ့ကျင့်ခန်းတွေလုပ်တယ်၊ Diet planတွေအသင့်လုပ်ပြီးသား ဝယ်စားတယ်။ ဘယ်နည်းကိုပဲဖြစ်ဖြစ် သေချာကြိုးစားမယ်ဆို ကိုယ်အလေးချိန်က ကျကိုကျပါတယ်။ ဒါပေမယ့် Diet လုပ်နေရင်းနဲ့ ဝိတ်ကျပိုမြန်စေမယ့်၊ ပိုထိရောက်စေမယ့်အတွဲအစပ်တွေနဲ့စားမယ်ဆိုရင် အိုကေပဲပေါ့။ ဘယ်လိုအကျိုးရှိလဲဆိုတော့ ဒီအတွဲအစပ်တွေက ကိုယ့်ကို ပိုအဆာခံစေလိမ့်မယ်၊ အစားရှောင်ရပေမယ့် အာဟာရပြည့်နေစေလိမ့်မယ်၊ အဆီနဲ့ကယ်လိုရီ ပိုလောင်ကျွမ်းစေလိမ့်မယ်ဆိုတာမျိုးတွေ။တော်တော်များများက လူသိများတဲ့ diet planတွေမှာ ပါတတ်တဲ့အတွဲအစပ်တွေပါ။ ဝိတ်ချ Diet plan မှာ ပါသင့်တဲ့ စူပါအတွဲအစပ် (၁၀) တွဲ (၁) ထောပတ်သီးနဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေ ဘိုဆန်တယ်ပဲပြောပြော အစိမ်းရောင်အသီးအရွက်တွေနဲ့ထောပတ်သီးလေးတွေကို မာရိုးနစ်နည်းနည်းနဲ့ saladပြင်ဆင်တာက တကယ်အဆင်ပြေတဲ့အတွဲအဖက်ပါ။မြန်မာလိုပဲစားမယ်ဆို ဟင်းနုနွယ်၊ ကိုက်လံတို့ကို ဆီမပါတပါလေးကြော်ပြီးစား၊ထောပတ်သီးကို အချိုတည်းလို့ရပါတယ်။ အစိမ်းရင့်ရောင်အရွက်တွေက ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတယ်။ထောပတ်သီးက အကျိုးပြုအဆီတွေပါဝင်ပြီး အဆာခံစေတယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတယ်ဆိုတော့ တွဲဖက်လို့အကောင်းဆုံးပါ။ (၂) ကြက်သားနဲ့ ငရုတ်တောင့်ရှည် အဆီချ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

အစားအသောက်တွေ ဆိုရင် အနံ့အရသာနဲ့ ပြည့်စုံမှ စားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့ အရသာလေးကိုမှ ကြိုက်တယ် ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ် အနေနဲ့ အခါးလေး နည်းနည်းလောက် စားပါ၊ လို့ ပြောပါရစေနော်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ ပြောပါရစေ အခါးစားပေးသင့်တဲ့ အကြောင်းအရင်း တွေကို ဆက်လေ့လာရအောင်နော် Hello ဆရာဝန်ပရိသတ်ကြီးရေ....... အခါးစားပေးသင့်တဲ့ အကြောင်းအရင်း အခါးကို နေ့စဉ် မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။  အခါးစားပေးသင့်တဲ့ အကြောင်းအရင်း ကတော့ အခါးဓါတ်က ခန္ဓါကိုယ် ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါး စားပေးတဲ့အခါ အစာခြေစနစ်ကျန်းမာမယ် အခါးဓါတ်က အစာခြေစနစ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေ ဖြစ်တဲ့ တံထွေး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓါကိုယ်နဲ့သံဓါတ်

အသက်ကို ဉာဏ်စောင့်သတဲ့။နေ့စဉ်စားသောက်မှုကစလို့ အိပ်စက်ချိန်တွေကိုပါသေချာလေးဂရုစိုက်ပေးနိုင်မှ လူတစ်ယောက်က ကျန်းမာမှာပါ။ ဒါ့အပြင်ဂရုစိုက်ရမှာက ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်ကျန်းမာနေစေဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုဖြစ်တဲ့ သံဓါတ်အကြောင်းနည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့်တော့ ဒီဓါတ်ကလေဒီလေးတွေမှာလိုအပ်တာပါ။ သံဓါတ်ရဲ့ အရေးပါမှုအတိုင်းအတာ သံဓါတ်က ခန္ဓါကိုယ်အတွက် အရေးပါဆုံးသော သတ္တုဓါတ်တွေထဲက တစ်မျိုးပါ။ ခန္ဓါကိုယ်မှာ ဖွဲ့စည်းထားတဲ့ ဆဲလ်တွေတိုင်းမှာ သံဓါတ်ပါဝင်နေပါတယ်။သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။နောက်တစ်ချက်က သံဓါတ်က ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ကိုယ်ခံအားကောင်းစေဖို့လည်း တာဝန်ယူထားသေးတယ်နော်။ ဖျားနာမှုကင်းစေဖို့ လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။ ဘယ်သူတွေမှာ အဓိကလိုအပ်တာလဲ..... သံဓါတ်က လူတိုင်းအတွက် အရေးပါတဲ့ ဓါတ်တစ်မျိုးပါ။ အဓိကလိုအပ်သူတွေကတော့လေဒီတွေပေါ့။ အပျိုဖော်ဝင်ပြီးတဲ့လေဒီလေးတိုင်းမှာ သံဓါတ်ပြည့်ဝနေစေဖို့က မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တွေထဲကတစ်ခုပေါ့။ သံဓါတ်ပြည့်ဝနေစေဖို့က သံဓါတ်အားဖြည့်ဆေးတွေသောက်လို့ရသလို အစားအသောက်တွေထဲမှာ သံဓါတ်ပါအောင် စားသုံးပေးလို့လည်းရပါတယ်။ သံဓါတ်က ခန္ဓါကိုယ်အတွက် ဘာလုပ်ပေးလဲ..... ခန္ဓါကိုယ်အတွက် အရေးအပါဆုံး သတ္တုဓါတ်တစ်ခုဖြစ်တာနဲ့အညီ လုပ်ဆောင်ပေးတဲ့ တာဝန်တွေကလည်းတော်တော်လေးတော့များပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးတယ် သွေးအားနည်းတယ်ဆိုတာ တကယ်တော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံတာပါ။ သဘာဝတရားကပေးစွမ်းတဲ့အရာတွေတိုင်းက လူတွေကို တစ်ဖက်တစ်လမ်းကတော့ အကျိုးပြု စမြဲပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်က ဝူခုန်းကားထဲကနေတဆင့် ရင်းနှီးခဲ့တဲ့ မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်လား။ မက်မွန်သီး ဆိုတာ မက်မွန်သီးဆိုတာက အပေါ်ခွံမှာ အမွေးပွပွလေးတွေပါတဲ့ ပန်းရောင်၊ အနီရောင်နဲ့ အဝါရောင်ရောစပ်ထားတဲ့ အခွံရှိတဲ့အသီးပါ။ အသားက အဝါရောင်ရှိပြီး အသီးရဲ့ အလယ်မှာ အစေ့ခပ်ရွယ်ရွယ်တစ်စေ့ပဲ ပါတတ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အနံ့မွှေးပြီး စားရတဲ့ အရသာကလည်း ချိုပါတယ်။ အဖန်အရသာအနည်းငယ်ပါတာမျိုးလည်း ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ အာဟာရကြွယ်ဝတဲ့ မက်မွန်သီး မက်မွန်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားအကျိုးပြုဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ မက်မွန်သီး စားသုံးပေးမယ်ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖြေရှင်းနည်းလေးတွေကို ဖတ်ကြည့်လိုက်တော့နော်။ တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ည အိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက် စားရင် ဝိတ်တက်မယ် ဆိုတာလည်းသိတယ် ဗိုက်က ဆာနေတော့ မစားဘဲ နေရင်လည်း အိပ်လို့က မရ၊ ဒီနေ့ စားလိုက်ရင် နောက်ရက် ဒီအချိန် ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေ စားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက် ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော် ။ ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီ နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။ ( ၁ ) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာ ပရိုတင်း အဓိကပါပါစေ။ ပရိုတင်းက ကစီဓာတ် ထက်စာရင် အဆီစုခြင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားလည်း မလျှော့ဘဲနဲ့ မနက်ဆို ဘာ့ကြောင့် ဗိုက်တွေဆာပြီး နိုးလာရတာလဲ ။ ။

အစားလျှော့နေလို့ ညစာမစားလို့ မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတယ်ဆို ထားပါတော့။ ခုဟာက ပုံမှန်လည်းစားနေရက်သားနဲ့ မနက်မျက်လုံး ပွင့်လာတာနဲ့ ဗိုက်ကြီးက ဟာတာတာနဲ့ ဆာနေတယ်ဆိုတာ ဘာတွေကြောင့် ဖြစ်ရတာလဲ။ အစာအိမ်ရောဂါများရနေပြီလား ။ ။ အများအားဖြင့် ပုံမှန် ဗိုက်အဆာဆုံးအချိန်က ညနေခင်းပါ။ ဗိုက်ဆာမှု အနည်းဆုံး အချိန်တွေကတော့ မနက်ခင်းနဲ့ ညပိုင်းအချိန်တွေပါ။ ဒါပေမယ့် တချို့လူတွေအတွက်တော့ ဒီ အနည်းဆုံးဖြစ်တဲ့ ညသန်းခေါင်းကျော်နဲ့ မနက်အစောပိုင်း အချိန်တွေမှာ ဗိုက်ဆာတာမျိုးဖြစ်တတ်တာက ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ( ၁ ) အိပ်ရာမဝင်ခင် အစားတွေ အများကြီးစားထားလို့ပါ။ အိပ်ရာဝင်ခါနီး ၁ နာရီ ၂ နာရီလောက်အလိုမှာ သရေစာဖြစ်ဖြစ်၊ ဗိုက်ပြည့်အောင်ဖြစ်ဖြစ် တင်းနေအောင် စားလိုက်ရင် မနက်နိုးလာတဲ့အချိန် ဗိုက်ဆာနေတော့မှာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း