backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သြဇာသီး ကြိုက်သူလေးတွေ ရှိလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သြဇာသီး ကြိုက်သူလေးတွေ ရှိလား

ငယ်ငယ်က ကျင်းလေးတူးပြီး သြဇာစေ့ တောက်ခဲ့ဖူးတယ် ဆိုရင်တော့သေချာတာက သင်က သင်က သြဇာသီး ကြိုက်တဲ့သူဆိုတာပါ။ သြဇာသီးတွေကို စားပြီးတိုင်း သြဇာစေ့တွေကို သေချာဗူးနဲ့ ထည့်ပြီး စုခဲ့ရတာ အမောနော်။ ကစားဖို့အတွက် တော်တော်လေး အသုံးတည့်တဲ့ သြဇာသီးတွေကို ရဖို့ သြဇာသီးတွေကို စားခဲ့ဖူးမယ်ဆိုရင်တော့ အခုလို အကျိုးကျေးဇူးတွေကို ခံစားနေရလောက်ပါပြီ။

သြဇာသီး ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ……..

သြဇာသီး ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက

အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်

သြဇာသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အသားအရေပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်သလို အသားအရေကိုလည်း အစိုဓါတ် ထိန်းပေးပါတယ်။

ကိုယ်အလေးချိန်တက်စေနိုင်တယ်

ဝချင်သူလေးတွေအတွက် အဆင်ပြေစေမယ့် နည်းတစ်ခုပေါ့။ သြဇာသီးကို ပျားရည်နဲ့ ရောပြီးနေ့တိုင်း ပုံမှန် စားပေးမယ်ဆိုရင် ကိုယ်အလေးချိန် တိုးလာမှာ အသေအချာပါ။ ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် တက်ချင်သူတွေအတွက် တကယ် အဆင်ပြေစေမှာပါ။

ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်

ကိုယ်ဝန်ဆောင်မေမေတွေ သြဇာသီး စားပေးမယ်ဆိုရင်ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ မတော်တဆ ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်စဉ် ခံစားရတဲ့ ဝေဒနာတွေကိုလည်း လျော့ပါးသက်သာစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့နို့ချို တိုက်ကျွေးနေရချိန်မှာ သြဇာသီး စားပေးမယ်ဆိုရင် ကလေးကျန်းမာမှာ ဖြစ်သလို မိခင်နို့ထွက်လည်း ကောင်းစေမှာပါ။

ပန်းနာရင်ကျပ်ကာကွယ်ပေးတယ်

နှလုံးကျန်းမာစေနိုင်တယ်

သြဇာသီးမှာ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် နှလုံးကျန်းမာစေပြီး ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အစာကြေစေနိုင်တယ်

ကော့ပါးနဲ့ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။

သွေးပေါင်ကျစေနိုင်တယ်

ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ အတွက်လည်း စားသုံးသင့်တဲ့ ဓါတ်စာတစ်ခုပေါ့။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်

သြဇာသီးမှာ နီကာဆင်နဲ့ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်နေတကြောင့်သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေနိုင်တယ်

သြဇာသီးက အအေးဓါတ် ရှိသလို သံဓါတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့်သွေးအားနည်း ရောဂါကို ကုသဖို့ အတွက်ရော ကာကွယ်ဖို့ အတွက်ပါ စားသုံးပေးသင့်ပါတယ်။

ကဲ.. အခုလောက်ဆိုရင် သြဇာသီးလေးက စားကောင်းရုံတင် မဟုတ်ဘဲ ခန္ဓါကိုယ် ကျန်းမာဖို့အတွက်လည်း အထောက်အကူပြုပေးတယ် ဆိုတာကို သိလောက်မယ်ထင်ပါတယ်။ ဒါကြောင့် အရသာရှိတဲ့ သြဇာသီးလေး စားရင်း ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်ပါ။

သြဇာသီး ကပေးတဲ့ ကျန်းမာရေး

သြဇာသီးကို ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက
  • အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်
  • ကိုယ်အလေးချိန်တက်စေနိုင်တယ်
  • ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်
  • ပန်းနာရင်ကျပ်ကာကွယ်ပေးတယ်
  • နှလုံးကျန်းမာစေနိုင်တယ်
  • အစာကြေစေနိုင်တယ်
  • ဆီးချိုသမားတွေနဲ့ သင့်တော်တယ်
  • သွေးပေါင်ကျစေနိုင်တယ်
  • သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်
  • သွေးအားနည်းရောဂါကို သက်သာစေနိုင်တယ်

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement