နို့တိုက်မေမေတွအနေနဲ့ ဥသျှစ်သီးကို ချင်း(ဂျင်း) နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင်ဘေဘီလေးအတွက် လုံလောက်တဲ့ နို့ချိုကို ရရှိစေမှာပါ။
နေ့တိုင်း ဥသျှစ်သီး ဖျော်ရည် တစ်ခွက်သောက်သုံးပေးတာက ရင်သားကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
သွေးသန့်စေနိုင်တယ်
ဥသျှစ်သီးကိုရေနွေးနွေးလေးနဲ့ ပျားရည်တို့နဲ့ရောစပ်လို့သောက်သုံးပေးတာကသွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီးသွေးသန့်စေနိုင်ပါတယ်။
ဥသျှစ်ရည်က ဝမ်းမှန်စေရုံတင်မဟုတ်ဘဲ ဝမ်းပျက်ဝမ်းလျှော၊ဝမ်းကိုက်တာတွေကိုပါသက်သာစေနိုင်သလို လိပ်ခေါင်းဝေဒနာကိုပါ သက်သာစေနိုင်ပါတယ်။
ဗီတာမင် C ချို့တဲ့မှုကို ကာကွယ်ပေးနိုင်တယ်
ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်တဲ့သွေးကြောတွေထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်လည်း ဥသျှစ်သီး ဖျော်ရည်ကိုသောက်သုံးပေးလို့ရပါတယ်။ ဥသျှစ်သီးက ဗီတာမင် နဲ့ သတ္တုဓါတ်များစွာကြွယ်ဝတာကြောင့်ရောဂါတော်တော်များများကို သက်သာစေနိုင်စွမ်းရှိပါတယ်။
အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
ပန်းနာရင်ကျပ်ရောဂါအပါအဝင် အအေးမိဖျားနာတာလိုမျိုး အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်
ဥသျှစ်သီးက ပန်ကရိယကိုလှုံ့ဆော်ပေးပြီး အင်ဆူလင်ကို လုံလောက်စွာထုတ်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံးထိန်းချုပ်နိုင်ပါတယ်။
နားကိုက်တာကိုသက်သာစေဖို့ဆိုရင်တော့ ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။ အခြားသောနားပြဿနာ အမျိုးမျိုးအတွက်လည်း ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။