backup og meta

ခန္ဓါကိုယ်နဲ့သံဓါတ်


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓါကိုယ်နဲ့သံဓါတ်

    အသက်ကို ဉာဏ်စောင့်သတဲ့။နေ့စဉ်စားသောက်မှုကစလို့ အိပ်စက်ချိန်တွေကိုပါသေချာလေးဂရုစိုက်ပေးနိုင်မှ လူတစ်ယောက်က ကျန်းမာမှာပါ။ ဒါ့အပြင်ဂရုစိုက်ရမှာက ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်ကျန်းမာနေစေဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုဖြစ်တဲ့ သံဓါတ်အကြောင်းနည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့်တော့ ဒီဓါတ်ကလေဒီလေးတွေမှာလိုအပ်တာပါ။

    သံဓါတ်ရဲ့ အရေးပါမှုအတိုင်းအတာ

    သံဓါတ်က ခန္ဓါကိုယ်အတွက် အရေးပါဆုံးသော သတ္တုဓါတ်တွေထဲက တစ်မျိုးပါ။ ခန္ဓါကိုယ်မှာ ဖွဲ့စည်းထားတဲ့ ဆဲလ်တွေတိုင်းမှာ သံဓါတ်ပါဝင်နေပါတယ်။သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။နောက်တစ်ချက်က သံဓါတ်က ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ကိုယ်ခံအားကောင်းစေဖို့လည်း တာဝန်ယူထားသေးတယ်နော်။ ဖျားနာမှုကင်းစေဖို့ လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။

    ဘယ်သူတွေမှာ အဓိကလိုအပ်တာလဲ…..

    သံဓါတ်က လူတိုင်းအတွက် အရေးပါတဲ့ ဓါတ်တစ်မျိုးပါ။ အဓိကလိုအပ်သူတွေကတော့လေဒီတွေပေါ့။ အပျိုဖော်ဝင်ပြီးတဲ့လေဒီလေးတိုင်းမှာ သံဓါတ်ပြည့်ဝနေစေဖို့က မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တွေထဲကတစ်ခုပေါ့။ သံဓါတ်ပြည့်ဝနေစေဖို့က သံဓါတ်အားဖြည့်ဆေးတွေသောက်လို့ရသလို အစားအသောက်တွေထဲမှာ သံဓါတ်ပါအောင် စားသုံးပေးလို့လည်းရပါတယ်။

    သံဓါတ်က ခန္ဓါကိုယ်အတွက် ဘာလုပ်ပေးလဲ…..

    ခန္ဓါကိုယ်အတွက် အရေးအပါဆုံး သတ္တုဓါတ်တစ်ခုဖြစ်တာနဲ့အညီ လုပ်ဆောင်ပေးတဲ့ တာဝန်တွေကလည်းတော်တော်လေးတော့များပါတယ်။

    သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

    သွေးအားနည်းတယ်ဆိုတာ တကယ်တော့ ကိုယ်တွင်းမှာ သံဓါတ်နည်းနေတာပါ။ အခုနောက်ပိုင်းမှာပြောင်းလလြာတဲ့ စားသောက်မှုပုံစံတွေနဲ့နေ့ထိုင်မှုအလေ့အထတွေကြောင့် ကမ္ဘာတလွှားမှာ သံဓါတ်ချို့တဲ့မှုကြောင့်သွေးအားနည်းရောဂါကို ခံစားရသူတွေတော်တော်လေးများလာနေပါတယ်။သွေးအားနည်းရောဂါဖြစ်ရတဲ့ အဓိကအေကြာင်းအရင်းတစ်ခုကသွေးဖြူဥက ရှိသင့်တဲ့ ပမာဏထက်နည်းနေတာကြောင့်ပါ။ လက္ခဏာတွေအနေနဲ့ကတော့

    • ပင်ပန်းလွယ်တာ
    • မူးဝေတာ
    • နှလုံးခုန်မြန်တာ
    • အားနည်းတာ
    • မကြာခဏဖျားနာတာမျိုးတွေဖြစ်နိုင်ပါတယ်။
    သွေးဖြူဥ အရေအတွက် တိုးစေနိုင်တယ်

    သံဓါတ်ရဲ့ အဓိက လုပ်ငန်းတစ်ခုက ကိုယ်တွင်းမှာသွေးဖြူဥဆဲလ်တွေကိုဖြစ်ပေါ်စေတာပါ။သွေးတွင်းမှာအောက်ဆီဂျင်တွေ သယ်ပိုပပေးဖို့လည်း လုပ်ဆောင်ပေးပါတယ်။သွေးဖြူဥဆဲလ်တွေပြည့်ဝလု့လောက်နေမှုက အနာကျက်မြန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ လစဉ်ရာသီသွေးဆင်းနေရတဲ့လေဒီတွေမှာဆိုရင် သံဓါတ်က မဖြစ်မနေလိုအပ်မှာပါ။

    ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်တယ်
    အမြဲလိုလို ပင်ပန်းနေတယ်ဆိုရင်တော့ သံဓါတ်အားနည်းနေတာပါ။ ဒီလက္ခဏာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ သံဓါတ်အားနည်းလာတဲ့အခါ လူက အမြဲလိုလို နုံးချိနေနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက သံဓါတ်ပြည့်ဝနေစေဖို့ပါပဲ။
    ကြွက်သားတွေ သန်မာစေနိုင်တယ်
    ကြွက်သားတွေထဲက အားမရှိသလိုပဲဖြစ်နေတယ်ဆိုတာက သံဓါတ်အားနည်းနေတာပါ။ ကိုယ်တွင်းမှာ လုံလောက်တဲ့ သံဓါတ်ရှိနေမယ်ဆိုရင် ကြွက်သားတွေ ကျုံကဆန့်နိုင်စေဖို့အတွက် လိုအပ်တဲ့အောက်ဆီဂျင်တွေကိုပေးပို့နိုင်မှာပါ။ ကိုယ်တွင်းမှာ သံဓါတ်အားနည်းလာတဲ့အခါ ကြွက်သားတွေထဲက အားမရှိသလို ခံစားရနိုင်သလို ကြွက်သားတစ်ရှုးတွေကိုရောင်ရမ်းစေနိုင်ပါတယ်။
    ကိုယ်ခံအားကောင်းစေနိုင်တယ်
    သံဓါတ်က ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓါတ်က ခန္ဓါကိုယ်က ဆဲလ်တွေ။ တစ်ရှုးတွေ နဲ့ အင်္ဂါ အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်ထောက်ပံ့ပေးနေတဲ့သွေးဖြူဥဆဲလ်တွေကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနေပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ကိုယ်ခံအားကောင်းပြီး ကိုယ်တွင်းကိုရောဂါတွေ ဝင်ရောက်ကူးစက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
    အာရုံစူးစိုက်နိုင်စွမ်းကောင်းစေတယ်
    ဘာလုပ်လုပ်အာရုံစိုက်မရဘူးဆိုတာက ကိုယ်တွင်းမှာ သံဓါတ်အားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။သွေးထဲမှာ သံဓါတ်အားနည်းလာတဲ့အခါ အာရုံစိုကနိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဒီလိုကနေ အချိန်ကြာလာတဲ့အခါ မှတ်မိနိုင်စွမ်းကိုပါထိခိုက်လာစေနိုင်ပါတယ်။
    အညိုအမဲစွဲတာကို သက်သာစေနိုင်တယ်
    နည်းနည်းလောက်လေးထိခိုက်မိတာနဲ့ အရေပြားမှာ ချက်ချင်း အညိုအမဲစွဲရတာက သံဓါတ်အားနည်းနေလို့ပါ။ ဒါကြောင့် သံဓါတ်အားပြည့်နေစေဖို့ အစားအသောက်ကို ဂရုစိုက်ပေးစေချင်ပါတယ်။

    အိပ်ပျော်စေတယ်

    သံဓါတ်အားနည်းမှုက အိပ်စက်မှုမှာပါ ထိခိုက်လာစေနိုင်ပါတယ်။ အိပ်နေရင်း ခဏခဏလန့်နိုးတာ၊ ညဘက်မှာကောင်းကောင်းအိပ်မပျော်တာတွေက သံဒါတ်အားနည်းမှုကြောင့် အိပ်စက်မှုမှာပြဿနာဖြစ်နေရတာပါ။ ဒါကြောင့် ညတိုင်းမှာပြည့်ဝတဲ့ အိပ်စက်မှုရစေဖို့ ခန္ဓါကိုယ်မှာ သံဓါတ်ပြည့်ဝအောင်ဖြည့်ဖို့ မမေ့ပါနဲ့။

    သံဓါတ်များရင်လည်း မကောင်းပြန်ပါဘူး…..

    သံဓါတ်နည်းတာကြောင့်သွေးအားနည်းတာ၊ ခဏခဏဖျားနာတာတွေဖြစ်နိုင်တယ်ဆိုပေမယ့် သံဓါတ်များရင်လည်း အသည်းနဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ သံဓါတ်တွေ စုပုံပြီး ဆဲလ်တွေနဲ့တစ်ရှုးတွေကို ပျက်စီးစေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ ကင်ဆာဖြစ်စေနိုင်တာပါ။

    သံဓါတ်ကို လိုတာထက် ပိုပြီးသောက်သုံးမိမယ်ဆိုရင် မအီမသာဖြစ်တာ၊အော့အန်တာ၊ ဗိုက်အောင့်တာမျိုးဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံး အကျိုးဆက်အနေဲ့ကတော့ ကိုယ်တွင်းသွေးယိုစိမ့်တာ၊ တက်တာ၊ ကိုမာဝင်တာ နဲ့သေဆုံးတာအထိတောင်ဖြစ်စေနိုင်ပါတယ်။ ကိုယ်တွင်းမှာ လိုအပ်တဲ့ သံဓါတ်ပမာဏထက်များနေမှုက အရေပြားပြဿနာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အတွက် သ့ဒါတ်ကို ပိုလည်းမပိုစေ၊ လိုလည်း မလိုစေဖို့ သေချာလေးဂရုစိုက်ပေးပါလို့ပြောပါရစေ Hello ဆရာဝန် ပရိသတ်ကြီးရေ………………..

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement