backup og meta

တရုတ်နံနံဖျော်ရည် သောက်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တရုတ်နံနံဖျော်ရည် သောက်ကြမယ်

    ခေါက်ဆွဲကြော်၊ အစိမ်းကြော်နဲ့ ဟင်းချိုတွေစွပ်ပြုတ်တွေမှာပဲ တရုတ်နံနံကို ဟင်းခတ်မွှေးအကြိုင်အနေနဲ့ သုံးလို့ရတာမဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဖျော်သောက်လို့လည်းရပါတယ်။ တရုတ်နံနံဖျော်ရည် သောက်တာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    တရုတ်နံနံကနေရတဲ့ အာဟာရဓါတ်

    တရုတ်နံနံမှာ

    • ဗီတာမင် K
    • ဗီတာမင် A
    • ဗီတာမင် B2
    • ဗီတာမင် B6
    • ဗီတာမင် C
    • ဖောလိတ်
    • ပိုတက်ဆီယမ်
    • မဂ္ဂနိ
    • အမျှင်ဓါတ် နဲ့
    • pantothenic acid တို့ပါဝင်ပါတယ်။

    တရုတ်နံနံဖျော်ရည် ကပေးတဲ့ ကျန်းမာရေး အာနိသင်

    တရုတ်နံနံကိုရေစင်အောင်ဆေးလို့ ကြိတ်ဖျော်ထားတဲ့ တရုတ်နံနံဖျော်ရည်က ခန္ဓါကိုယ်ကို ကျန်းမာစေဖို့တော်တော်လေးအထောက်အကူပြုပေးတာပါ။

    နှလုံးကျန်းမာစေနိုင်တယ်

    တရုတ်နံနံမှာ သွေးကြောနံရံတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကို ကျန်မာသန်စွမ်းစေနိုင်တဲ့ phthalides ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နှလုံးရောဂါခံစားရတာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာတွေကနေ ကာကွယ်နိုင်မှာပါ။ တရုတ်နံနံဖျော်ရည်သောက်သုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်သလို သွေးတွင်းသကြားဓါတ်၊သွေးတွင်းအဆီဓါတ်နဲ့သွေးပေါင်ချိန်ကို ထိန်းညှိရာလည်းရောက်သလို နှလုံးကျန်းမာရေးကိုစောင့်ရှောက်ရာလည်းရောက်ပါတယ်။

    သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်တယ်

    တရုတ်နံနံမှာ သံဓါတ်ပါဝင်တာကြောင့်သွေးနီဥဆဲလ်တွေတိုးပွားစေပြီး ကိုယ်တွင်းမှာသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုအောက်ဆီဂျင်ရောက်ရှိမှုကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓါကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။

    ကင်ဆာကာကွယ်ပေးနိုင်တယ်

    တရုတ်နံနံဖျော်ရည် မှာပါတဲ့luteolin နဲ့ apigenin ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကင်ဆာကိုကာကွယ်ပေးနိုင်သလို ဖလေဗာနွိုက်ပါဝင်နေတာကြောင့် ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးပြီး ကင်ဆာကျိတ်တွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နေခဲ့ရင်တောင် ကင်ဆာဆဲလ်တွေပြန့်ပွားမှုနှုန်းကိုနှေးစေနိုင်ပါတယ်။

    အသားအရေကို ထိန်းသိမ်းပေးနိုင်ပါတယ်
    ဗီတာမင် K၊ ဗီတာမင် A နဲ့ ဗီတာမင် C တို့ပါဝင်နေမှုကြောင့် အသားအရေကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ နဲ့ အသားအရောင်မညီတာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ နှင်းခူလိုမျိုး အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်

    ဆီးရွှင်စေပြီး ဆီးကနေတဆင့် ကိုယ်တွင်းထဲက အဆိပ်အတောက်တွေ၊ ပိုလျှံနေတဲ့ ဆားဓါတ်တွေကို အလျင်မြန်ဆုံး ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်

    တရုတ်နံနံမှာပါတဲ့luteolin က ခန္ဓါကိုယ်က တစ်ရှုးတွေနဲ့ ကြွက်သားတွေရောင်ရမ်းမှုကိုလျှော့ပါးသက်သာစေနိုင်ပါတယ်။ အဆစ်အမြစ်နာကျင်တာ၊ အဆစ်ရောင်ရမ်းတာနဲ့လေးဖက်နာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ အစာအိမ်ဝေဒနာခံစားနေရသူတွေအတွက်လည်း တကယ့်ကိုသောက်ပေးသင့်တဲ့ဖျော်ရည်တစ်မျိုးပေါ့။

    ကိုယ်ခံအားကောင်းစေနိုင်တယ်

    ဗီတာမင် C ပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးတည်ဆောက်ပေးပါတယ်။ ခန္ဓါကိုယ်ကို ဖျားနာမှုကင်းစေနိုင်သလို ကူးစက်ရောဂါတွေကနေ အထိရောက်ဆုံး ကာကွယ်ချင်ရင်တော့မေ့ထားလို့မဖြစ်ပါဘူး။

    အရိုးတွေကို သန်မာစေနိုင်တယ်

    တရုတ်နံနံဖျော်ရည် မှာပါတဲ့ သတ္တုဓါတ်တွေက အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးအဆစ်တွေကို အာဟာရဓါတ်တွေ အကောင်းဆုံးဖြည့်ပေးနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးပါးတာနဲ့ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

    အိပ်ပျော်စေနိုင်တယ်

    တရုတ်နံနံက အိပ်စက်မှုကိုအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးခုန်နှုန်းကိုလည်း အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာ တရုတ်နံနံဖျော်ရည်သောက်ပေးတာက တစ်ညတာလုံးကိုကောင်းကောင်းအိပ်ပျော်စေနိုင်ပြီး မနက်ခင်းမှာ အင်အားပြည့်ဝစွာနဲ့ နိုးထနိုင်စေပါတယ်။

    ကဲ…… ခန္ဓါကိုယ် ကျန်းမာစေဖို့ တစ်နေ့ကို တရုတ်နံနံဖျော်ရည် တစ်ခွက်သောက်သုံးပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement