အခါးစားပေးသင့်တဲ့ အကြောင်းအရင်း
အခါးကို နေ့စဉ် မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ အခါးစားပေးသင့်တဲ့ အကြောင်းအရင်း ကတော့ အခါးဓါတ်က ခန္ဓါကိုယ် ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါး စားပေးတဲ့အခါ
အစာခြေစနစ်ကျန်းမာမယ်
အခါးဓါတ်က အစာခြေစနစ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေ ဖြစ်တဲ့ တံထွေး အပါအဝင် အစာအိမ်က အက်ဆစ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ သည်းခြေရည်ကို ဖြစ်ပေါ်စေနိုင်ပြီး အသည်းက အဆီတွေ ချေဖျက်မှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရတာ လွယ်ကူစေပြီး ခန္ဓါကိုယ်ကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။
အာဟာရစုပ်ယူမှု အားကောင်းစေမယ်
အစာခြေအင်ဇိုင်းကို ပိုမို ထုတ်လုပ်နိုင်စေပြီး စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေတာကြောင့် အာဟာရချို့တဲ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ အိုင်အိုဒင်းစတာတွေကို ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်။
အစာခြေစနစ် ပြဿနာကြောင့် အူလမ်းကြောင်း ယိုစိမ့်မှု မဖြစ်အောင် ကာကွယ်ပေးမယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။