( ၄ ) အာဟာရလည်း ဖြစ်စေပါတယ်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်တစ်နေ့ စားရမယ့် ပရိုတင်းပမာဏက ယောက်ျားလေးဆို ၅၆ ဂရမ် မိန်းကလေးဆို ၄၆ ဂရမ်ပါ။ ဒါပေမယ့်လည်း ဒီလို နေ့စဉ်လိုအပ်တဲ့ ပမာဏရအောင် အသားတွေ ပဲတွေ လိုက်စားဖို့ဆိုတာ ပြောရင်သာလွယ်မယ် လုပ်ရင်တော့ တကယ်ကို ခက်ခဲတဲ့အရာပါ။ ပရိုတင်းကို ဘယ်နေရာကနေရမလဲ သေချာမသိတာတစ်ကြောင်း၊ ကိုယ် ပရိုတင်း ဘယ်လောက်စားလိုက်မှန်း မသိတာကတစ်ကြောင်းနဲ့ မရေမရာ ဖြစ်နေတတ်ပါတယ်။
ဒီလိုနဲ့ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းတွေ မစားမိလိုက်တဲ့အခါ ပရိုတင်းဓာတ်ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါတွေအတွက် ပရိုတင်း Shake တွေက ဖြေရှင်းပေးနိုင်မှာပါ။ အားကစားသမားတွေ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်နေတဲ့သူတွေ၊ အစားအသောက်ပျက်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ဝေဒနာခံစားနေရတဲ့သူတွေက ပရိုတင်းဖျော်ရည်တွေ သောက်ပေးဖို့ ပိုလိုအပ်ပါတယ်။
ဒါတွေကတော့ ပရိုတင်းဖျော်ရည်တွေက ကိုယ်ခန္ဓာတည်ဆောက်ဖို့အတွက် ဘယ်လို အကျိုးပြုနေလဲဆိုတာတွေပါ ။ ဒါတွေအပြင် ပရိုတင်းဖျော်ရည် အမျိုးအစားဘယ်နှစ်မျိုးရှိလဲဆိုလေးတွေပါသိထားရင် ပိုကောင်းပါတယ်။ ကိုယ်နဲ့ ကိုက်ညီတာ ရွေးသောက်လို့ရတာပေါ့။
ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။