ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝမ်းချုပ်တာသက်သာစေဖို့ စားပေးသင့်တဲ့ သစ်သီးတွေက ဘာတွေများလဲ.......

ဝမ်းချုပ်တာက ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ဝမ်းချုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကတော့ တော်တော်လေးများပါတယ်။ ဒီတော့ ဝမ်းချုပ်မှုကင်းပြီး ဝမ်းမှန်စေဖို့ ဘယ်လိုသစ်သီးတွေစားရမလဲဆိုတာကို ပြောပြပေးပါရစေ။ ဝမ်းချုပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အမျှင်ဓာတ်လုံလောက်အောင် မစားမိတာကြောင့်ပါ။ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အများစုမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့်  ဝမ်းမှန်စေဖို့အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ သစ်သီးအများစုက အမျှင်ဓာတ် မပါရင်တောင် ရေဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်မှာပါ။ ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်သစ်သီးတွေ စားရမလဲ........ ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင် ဒီ သစ်သီးလေးတွေကို စားပေးလို့ရပါတယ်။ ပင်မှည့်သီး ပင်မှည့်သီးက ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲစားစား အရသာရှိသလို အမျှင်ဓာတ်ပါဝင်မှုကလည်း အခြားအသီးတွေထက်များတာကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေမှာဖြစ်သလို ဝမ်းချုပ်မှုကင်းပြီး ဝမ်းမှန်စေမှာပါ။ ထောပတ်သီး ထောပတ်သီးတစ်လုံးမှာ အမျှင်ဓာတ်က ၆.၇ ဂရမ် ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သူ့ကို စိတ်ပျက်နေပြီလား

ကိုယ်ချစ်တယ်လို့ ခံစားရတဲ့ ကိုယ့်လက်တွဲဖော်အပေါ် စိတ်ပျက်နေမိပြီလား? သူ ဘေးနားမှာရှိနေတာဟာ ကိုယ့်အတွက် စိတ်ပင်ပန်းမှုတစ်ခု၊ စိတ်ပျော်ရွှင်မှုမပေးနိုင်တော့တဲ့ အခိုက်အတန့်တွေလို့ ခံစားနေရပြီလား? တချိန်က အရမ်းချစ်ခဲ့ရပါတယ်ဆိုတဲ့သူက ခုချိန်မှာတော့ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာနေပြီလား? တစ်ချိန်က သူ့အသံချိုချိုလေးတွေဟာ ခုချိန်မှာ စိတ်ပင်ပန်းစရာ အသံတွေဖြစ်လာမယ်၊ တစ်ချိန်က ဘယ်သွားသွား ဘာလုပ်လုပ် သူနဲ့မှ အတူတူလုပ်ချင်ခဲ့တာဆိုပေမယ့် ခုချိန်မှာတော့ သူအနားရှိနေတာဟာ စိတ်ညစ်စရာဖြစ်လာနေမယ်၊ သူ မရှိရင် မဖြစ်ဘူးထင်ခဲ့ဘူးပေမယ့် ခုချိန်မှာတော့ သူမရှိမှ ကိုယ်ပျော်နေပြီဆိုတာမျိုး စိတ်ခံစားလာနေရပြီဆိုရင် လက်ရှိ အချစ်ရေးအပေါ် သေသေချာချာ မေးခွန်းထုတ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဘာကြောင့် စိတ်ပင်ပန်းလာရတာလဲ စချစ်ကြစဉ်တုန်းကတော့ အရမ်းချစ်နေခဲ့ကြလို့ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မမြင်ရက်ကြပါဘူး။ အပြစ်တွေ၊ အဆင်မပြေတာတွေရှိနေရင်တောင်မှ သည်းခံဖြတ်ကျော်ကြတယ်။ ချစ်တဲ့မျက်လုံးနဲ့ ကြည့်ကြတဲ့အချိန်ပေါ့။ ကြာလာလေလေ သည်းခံနိုင်စွမ်းနည်းပါးလာလေလေပါပဲ။ ဒီလိုအချိန်မျိုးရောက်လာခဲ့ရင်တော့ ပြဿနာတွေ စတော့တာပါပဲ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Almond နဲ့ ဗာဒံ တူတူပဲလား

စားနေကျ ချောကလက်ထဲ မှာပဲ ဖြစ်ဖြစ်၊ မနက်ခင်း နွားနို့နဲ့ စားမယ့် အစေ့အဆန်တွေထဲမှာပဲ ဖြစ်ဖြစ် Almond ကို မြင်ဖူး စားဖူးနေမှာပါ။ အခုခေတ်မှာ almond ဆိုတာ မုန့်ဖုတ်ဝါသနာပါသူတွေနဲ့ မစိမ်းသလို သူကရတဲ့ အဆီအနှစ်ကို နို့ထဲထည့်တယ်... အလှကုန်ထဲထည့်တယ် ...စသည်ဖြင့် အစုံသုံးလို့ရပါတယ်။ စာရေးသူကတော့ ဘူးနဲ့လာပြီး အဆင်သင့်ဝါးစားလို့ရတဲ့ roasted almond စေ့လေးတွေကို တခြား snack တွေအစား ဝါးလေ့ရှိတယ်။ အရသာတော်တော်ရှိတာကိုး။ အဲ့လိုဝါးရင်းနဲ့မှ ငယ်ငယ်က အိမ်ရှေ့မှာရှိတဲ့ ဗာဒံပင်ကြီးအောက် ဗာဒံသီးအခြောက်တွေကို ခဲနဲ့ ချိန်ပစ်ချရင်း ရလာတဲ့ အသီးခြောက်တွေကို အုတ်နီခဲပေါ်တင် ကျောက်တုံးနဲ့ ကျကျနနထု ပြီး အဆန်ထုတ်စားခဲ့တာကိုပြန်ပြောင်း သတိရမိတယ်။ ဗာဒံကို Almondလို့ပဲ ငယ်ငယ်က သင်ခဲ့ရတာကိုး။ သူတို့ က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ

သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ Valentine’s Day ကြီးကလည်း နီးကပ်လာပြီဆိုတော့ သင့်ချစ်သူနဲ့ Romance အချိန်လေးတွေ ဖန်တီးလို့ကောင်းစေမယ့် အစားအသောက်လေးတွေကို ဖော်ပြပေးမယ်နော်။ သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ အောက်ဖော်ပြပါ အစားအသောက်တွေက သင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ လာမယ့် Valentine’s Day မှာ သင့်အချစ်တွေကို ဖော်ပြပြီး သင့်ချစ်သူကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်း လိုက်ပါ။ ချောကလက် - Valentine’s Day ရဲ့ မပါမဖြစ်ပါပဲနော်။ ချောကလက်ဟာ သင့်ဦးနှောက်မှာ ရှိတဲ့ Serotonin  ဆိုတဲ့ဟော်မုန်းကို မြှင့်တင်ပေးခြင်းဖြင့် သင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးပါတယ်။ ဒါ့အပြင် ချောကလက်မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကသင့်ကို လန်းဆန်းတက်ကြွစေပြီး PEA ဆိုတဲ့ဒြပ်ပေါင်း ကတော့ သင့်လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေကို အသက်ဝင်လာစေမှာပါ။ ချိုမြိန်မှုတွေပြည့်နှက်နေတဲ့ ချောကလက်ဟာ သင့်ချစ်သူကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး

ငယ်ငယ်က သူငယ်ချင်းတွေစုမိတိုင်း မောင်နှမတွေစုမိတိုင်း ဗာဒံပင်တွေအောက်မှာ ဗာဒံသီးတွေကောက်လို့ တူတွေ၊ အုတ်ခဲတွေသုံးလို့ ထုပြီး အထဲကအဆန်ကို အရသာရှိရှိစားခဲ့ဖူးတယ်ဟုတ်။ ဆိမ့်ဆိမ့်လေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ ဗာဒံသီးကအရည်တွေစဉ်ရင် အဝတ်အစားတွေ ပေမှာစိုးလို့ဆိုပြီး စိုးရိမ်လိုက်ရတာလည်း အမောနော်။ ကလေးတုန်းက အပျင်းလည်းပြေ စားလို့ကောင်းလို့ဆိုပြီး စားခဲ့တဲ့ ဗာဒံစေ့ လေးတွေက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။ ဗာဒံစေ့ ဗာဒံစေ့က သိပ်ထွေထွေထူးထူးပြောစရာမလိုအောင် လူတိုင်းသိပြီးဖြစ်မှာပါ။ အညိုရောင်ခပ်ဖျော့ဖျော့အဆန်လေး အတွင်းမှာ အဖြူရောင်နှစ်နှစ်လေးနဲ့ ဝါးလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတာအမှန်ပါ။ နို့ထဲစိမ်စားရင်လည်း စားလို့ကောင်းပါတယ်။ ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး  ဝါးလိုက်တိုင်း ကြွပ်ကြွပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဗာဒံစေ့လေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် ဗာဒံစေံမျာ အဆီပါဝင်မှုရှိပြီး ဒီအဆီက ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်ကဗာဒံစေ့မှာ linoleic အက်ဆစ် နဲ့  linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသက်လေးရယ် ရှည်စေဖို့ အစပ်စားပါဗျို့

ဘာပဲစားစား အစပ်ကလေးတစ်မျိုးတစ်မယ်လောက်တော့ပါမှဆိုတဲ့ အစပ်ကြိုက်တဲ့ ကိုကိုမမတွေများ ရှိကြသလားဗျ။ အစပ်ကြိုက်တဲ့သူတွေဆိုတာမျိုးလည်း ဘယ်လိုဘယ်အစာတွေ ဘယ်လောက် အရသာကောင်းတယ်ဆိုဆို ထမင်းဝိုင်းလေးမှာ ငရုပ်သီးဆားထောင်း ပူပူစပ်စပ်လေး၊ ရခိုင်ငရုပ်သီးထောင်း ရှူးရှူးရှဲရှဲလေး ဒါမှမဟုတ် ရနံ့မွှေးမွှေးနဲ့ ငပိရည်စပ်စပ်မျိုးလေးတွေထဲက တစ်မယ်လောက်တော့ပါမှ ထမင်းမြိန် ခံတွင်းတွေ့တတ်တာမျိုးမဟုတ်လား။ အားလပ်ချိန် အဆာပြေစားပြန်ရင်လဲ ငရုပ်သီးနိုင်းချင်းနဲ့ လက်ဖက်သုပ် မျိုးတွေ၊ မာလာရှမ်းကောလို ပူပူစပ်စပ် အစာမျိုးတွေ၊ ရခိုင်မုန့်တီလို စပ်စပ်ပျဲပျဲအစားတွေကိုမှ ချွေးတလုံးလုံးနဲ့ အရသာရှိရှိစားချင်ကြပြန်တယ်လေ။ ဒါပေမယ့်လည်း ကိုယ်က အစပ်ကြိုက်လို့ တဝတပျဲစားရင် လူကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတွေက ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုပြီး တားကြလေ့ရှိပါတယ်။ ဒီလိုတားမြစ်ခံရတာက အစပ်ကြိုက်သူတွေအတွက်တော့ နာလိုခံခက်တဲ့ အခြေအနေပါပဲ။ ဒါတွေကို မေ့လိုက်ပါတော့။ တကယ်လို့များ ကိုယ်က အစပ်ကိုမှ စွဲစွဲမြဲမြဲကြိုက်နှစ်သက်တယ်ဆိုရင် ခုပြောပြမယ့်အကြောင်းကတော့ အစပ်ကြိုက်ကိုကိုမမတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သုတေသနအသစ်တွေအရဆိုရင် သိပ်စပ်တဲ့ငရုပ်သီးတွေကို စားပေးတာဟာ လူ့သက်တမ်းကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄မျိုး

ညကြီးအချိန်မတော်ဗိုက်ဆာလာတာမျိုး လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ညမအိပ်ခင်အချိန်တွေမှာ ရေခဲသေတ္တာဖွင့်ပြီး တွေ့ကရာမုန့်တွေစားတာထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးနိုင်ဖို့က အရေးကြီးပါတယ်။ အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်။ အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄ မျိုး အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက ၁ - ကွပ်ကီးခရပ်ကာမုန့်များ ဂျုံမှာ အာဟာရဘယ်လောက်ပါသလဲဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်တယ်။ ဂျုံကွပ်ကီးခရပ်ကာတွေမှာ ကစီဓာတ်ရော အသားဓာတ်တွေပါ ပါဝင်တဲ့အတွက် သင့်ကိုအများကြီးမစားဘဲ ဗိုက်ပြည့်စေမှာပါ။ ၂ - အုတ်ဂျုံမုန့် မနက်စောစော ဘိုစာ စားတတ်ကြသူတွေအတွက်တော့ အုတ်ဂျုံကို နွားနို့ဆမ်းစားတာနဲ့ စိမ်းမယ်မထင်ပါဘူး၊ အနောက်တိုင်းရုပ်ရှင်တွေမှာလည်း မနက်စာအနေနဲ့စားတတ်ကြတာ မကြာခဏတွေ့မြင်ရမှာပါ။ Oatmeal လို့ခေါ်တဲ့ အုတ်ဂျုံကို မနက်စာအနေနဲ့ပဲမဟုတ်ဘဲ ညဘက်ဗိုက်ဆာလာတဲ့အခါလည်း စားလို့ရပါတယ်။ အုတ်ဂျုံမှာ ပါဝင်နေတဲ့ ကစီဓာတ်တွေက စားသုံးပြီးတဲ့အခါ […]


အားကစားသမားများအတွက်အာဟာရ

ပရိုတင်းမှုန့် သောက်လို့ ခန္ဓာကိုယ်အတွက် ရနိုင်တဲ့ ကောင်းကျိုးတွေ

ပရိုတင်းမှုန့် (Protein Powder) တွေကို Gym ကစားတဲ့သူတွေ အထူးသဖြင့် အမျိုးသားတွေ အသောက်များကြပါတယ်။ အဓိက ကိုယ်ခန္ဓာကြွက်သားထု မြန်မြန်တက်ဖို့နဲ့ Gym ကစားတဲ့ နေရာမှာ ပိုအားစိုက်ထုတ်နိုင်ဖို့ပေါ့။ တကယ်တော့ ပရိုတင်းမှုန့်က ကျွန်တော်တို့ လူခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။ ပရိုတင်းမှုန့်တွေမှာ အဓိက ကိုယ်ခန္ဓာကို ကြီးထွားမြန်စေဖို့ ကယ်လိုရီ၊ ကစီဓာတ်၊ အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တို့ အများဆုံး ပါဝင်ပြီး ကျန်းမာစေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ အသောက်များတဲ့ ပရိုတင်းမှုန့် အမျိုးအစားတွေက • အဆီနဲ့ ကြွက်သားတက်မြန်စေဖို့ Mass Gainer အမျိုးအစား ပရိုတင်းမှုန့်နဲ့ • အဆီကျစေပြီး ကြွက်သားကျစ်လျစ်သန်မာစေဖို့ Whey Protein အမျိုးအစား ပရိုတင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ ပရိုတင်းမှုန့် သောက်ပေးရခြင်းရဲ့ အကျိုးကျေးဇူးတွေ ၁။ ကြွက်သားတက်မြန်စေတယ်။ ပရိုတင်းနဲ့အတူ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သကြားမပါတဲ့ Diet Soda တွေဟာ ဝိတ်ကျစေနိုင်လား

ပုံမှန်သောက်သုံးနေကျ အချိုရည်တွေမဟုတ်ပဲ Diet တို့ Sugar Free တို့ဆိုတဲ့ စာလုံးကြီးပြူးနေအောင် ဖော်ပြထားတဲ့ အချိုရည်မျိုးတွေ မြင်ဖူးကြတယ်မဟုတ်လား။ လူသိများတဲ့ Google ရဲ့ Search History တွေမှာလည်း Diet Soda နဲ့ Weight Loss ဆိုတဲ့ စကားလုံးလေးတွေဟာ တွဲဖက်ရှာဖွေမှု မကြာခနပြုလုပ်ခြင်းခံရလေ့ရှိတဲ့ စကားစုတွေဖြစ်ကြပါတယ်။ သကြားပါဝင်မှုလုံးဝမရှိဘူးလို့ ဆိုထားတဲ့ အဆိုပါအချိုရည်မျိုးတွေကို ကိုယ်အလေးချိန် လျှော့ချနေသူတစ်ချို့က မကြာခနဖြစ်စေ၊ ပုံမှန်ဖြစ်စေ သောက်သုံးကြလေ့ရှိကြပါတယ်။ Diet Soda တွေဟာ တကယ်ပဲ ကိုယ်အလေးချိန်ကျစေမှာတဲ့လား။ လေ့လာသူတွေကတော့ Diet Soda များများသောက်လေ ကိုယ်အလေးချိန် ပိုပိုတိုးလေပဲလို့’ ဆိုပါတယ်။ ကိုယ်အလေးချိန်လျော့ကျစေမယ်ဆိုတဲ့ Diet Soda သောက်တော့မှ ဝိတ်တောင်ပိုတက်ဦးမယ်တဲ့လား။ ဘယ်လိုကြောင့်ပါလိမ့်။ ပိန်ချင်လို့ သောက်တာ၊ ဝစေတယ်ဆိုပါလား ပါဒျူးတက္ကသိုလ်ရဲ့ လေ့လာချက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချစ်သူများနေ့ နဲ့ ချောကလက်

ချစ်သူများနေ့ နဲ့ ချောကလက် ဘာလိုလိုနဲ့ Valentine’s day ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ ချစ်သူရည်းစားရှိတဲ့သူတွေအတွက်တော့ ဒီနေ့ရက်လေးဟာ ကိုယ့်ရဲ့ ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖော်ပြဖို့ နေ့တစ်နေ့ပါပဲ။ ချစ်သူများနေ့ ဆိုတာ ချစ်သူရှိတဲ့သူတွေအတွက်ပဲလား။ ဒါကတော့ လုံးဝမဟုတ်ပါဘူး။ ချစ်သူများနေ့ ဆိုတာ သမီးရည်းစားတွေမှ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ မေတ္တာတွေ ဝေမျှပေးလို့ရတဲ့ နေ့တစ်နေ့ပါ။ အဲ့တော့ ရည်းစားမရှိသေးလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ်ချစ်တဲ့သူတွေနဲ့ ချစ်သူများနေ့ ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရင်ကို ပျော်စရာကောင်းနေပါပြီ။ ချစ်သူများနေ့ မှာ ဘာလို့ ချောကလက် ကျွေးကြတာလဲ။ ချောကလက်ကို ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ၊ စိတ်ခံစားချက်တွေရဲ့ သင်္ကေတလို့ ဆိုစမှတ်ပြုကြပါတယ်။ ချောကလက် တစ်ကိုက် ကိုက်လိုက်ရတဲ့အခိုက်အတန့်လေးဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း