backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝမ်းချုပ်တာသက်သာစေဖို့ စားပေးသင့်တဲ့ သစ်သီးတွေက ဘာတွေများလဲ.......


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝမ်းချုပ်တာသက်သာစေဖို့ စားပေးသင့်တဲ့ သစ်သီးတွေက ဘာတွေများလဲ.......

ဝမ်းချုပ်တာက ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ဝမ်းချုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကတော့ တော်တော်လေးများပါတယ်။ ဒီတော့ ဝမ်းချုပ်မှုကင်းပြီး ဝမ်းမှန်စေဖို့ ဘယ်လိုသစ်သီးတွေစားရမလဲဆိုတာကို ပြောပြပေးပါရစေ။

ဝမ်းချုပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်း

ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အမျှင်ဓာတ်လုံလောက်အောင် မစားမိတာကြောင့်ပါ။ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အများစုမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့်  ဝမ်းမှန်စေဖို့အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ သစ်သီးအများစုက အမျှင်ဓာတ် မပါရင်တောင် ရေဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်မှာပါ။

ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်သစ်သီးတွေ စားရမလဲ……..

ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင် ဒီ သစ်သီးလေးတွေကို စားပေးလို့ရပါတယ်။

ပင်မှည့်သီး

passion fruit

ပင်မှည့်သီးက ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲစားစား အရသာရှိသလို အမျှင်ဓာတ်ပါဝင်မှုကလည်း အခြားအသီးတွေထက်များတာကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေမှာဖြစ်သလို ဝမ်းချုပ်မှုကင်းပြီး ဝမ်းမှန်စေမှာပါ။

ထောပတ်သီး

avocados

ထောပတ်သီးတစ်လုံးမှာ အမျှင်ဓာတ်က ၆.၇ ဂရမ် ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ နောက်တစ်ချက်က ထောပတ်သီးမှာ ပိုတက်ဆီယမ်ပါဝင်မှုက ငှက်ပျောသီးထက်ပိုများသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

Raspberries

Raspberry

အမျှင်ဓာတ်ကြွယ်ဝတဲ့ Raspberry က ဝမ်းမှန်စေဖို့ ထောက်ကူပေးသလို ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေတာကြောင့် ကင်ဆာ တိုက်ဖျက်ပေးနိုင်သလို နှလုံး နဲ့ နှလုံးသွေးကြောတွေကိုကျန်းမာစေနိုင်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာပါ။

မာလကာသီး

guava fruit

မာလကာသီးက ကျန်းမာရေးနဲ့ အသင့်တော်ဆုံး အသီးတွေထဲကတစ်မျိုးပါ။ မာလကာသီး ပုံမှန်စားပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပါတယ်။ မာလကာသီး အရွယ်တော် တစ်လုံးမှာ အမျှင်ဓာတ်က ၅.၄ ဂရမ် ပါဝင်နေပါတယ်။ ဒီလို အမျှင်ဓာတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

Blackberries

Blackberries

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်နေတဲ့ blackberries က ကိုယ်ခံအားကို ကောင်းစေပြီး ဝမ်းမှန်စေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

သလဲသီး

pomegranate

သလဲသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်သလို အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သလဲသီး ပုံမှန်စားသုံးပေးတာက ဝမ်းချုပ်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။

သစ်တော်သီး

pears

သစ်တော်သီးမှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ သတ္တုဓာတ် နဲ့ ဗီတာမင်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကသွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နေ့စဉ် ဝမ်းမှန်စေဖို့လည်း အကောင်းဆုံးတာဝန်ယူပေးနိုင်ပါတယ်။

ကီဝီသီး

Kiwi

ကီဝီသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို သတ္တုဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုကလည်း မနည်းပါဘူး။ ကိုယ်ခံအားကောင်းစေပြီး အစာခြေစနစ် ကျန်းမာစေနိုင်သလို ဝမ်းမှန်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

ငှက်ပျောသီး

banana

ငှက်ပျောသီးမှည့်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းမှန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ငှက်ပျောသီး အစိမ်းကတော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်ချင်တယ်ဆိုရင် ငှက်ပျောသီးအမှည့်ကို စားပေးလို့ရပါတယ်။

ပန်းသီး

apples

အခြားသော သစ်သီးတွေလိုပဲ ပန်းသီးမှာ  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဖလေဗာနွိုက် နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ဝမ်းမှန်ချင်တယ်ဆိုရင် ပန်းသီး စားပေးလို့ရပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement