ဆိုဒါကြောင့်ချည်းသာလော
တကယ်တော့ Diet Soda သောက်ပြီး ဝိတ်တွေပိုတက်လာတယ်လို့ ဆိုရာမှာ အချိုရည်ကိုချည်း အပြစ်တင်ဖို့တော့ ခက်ပါတယ်။ အကြောင်းကတော့ လူအများစုဟာ ဒီလို အချိုရည်မျိုးတွေကို အဆီတက်စေမယ့် Fast-foods တွေ၊ အရက်တွေ၊ စားမြိန်စာတွေ၊ သွားရည်စာတွေနဲ့ တွဲဖက်စားသောက်လေ့ရှိတာကြောင့်ပါပဲ။ အချိုရည်သောက်ရင် ဝိတ်တက်မှာကြောက်ပြီး Diet Soda ပြောင်းသောက်ပေမယ့် စားတဲ့အစားအသောက်ပုံစံကိုကျ မဆင်ချင်ဘူးဆိုရင် အဝလွန်ရောဂါဖြစ်လာဖို့ လက်ကမ်းခေါ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း Diet Soda တွေဟာ ကိုယ်အလေးချိန် ထိမ်းသိမ်းရာမှာ အသုံးတည့်တယ်လို့ အခိုင်အမာဆိုနေတဲ့ ပညာရှင်တွေလည်း တစ်ဖက်မှာရှိနေပါသေးတယ်။ သူတို့ကတော့ အဆိုပါ သကြားမပါဝင်တဲ့ အချိုရည်တွေကို သူ့ချည်းသက်သက် မှီတင်းမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာစေမှာမ ဟုတ်ပဲ၊ မသင့်တော်တဲ့ တခြားအစားအစာတွေနဲ့ တွဲဖက်စားသုံးနေကြတာကြောင့်သာ ဝိတ်တက်လာစေတာဖြစ်တယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့ အယူအဆကို American Diabetes Association နဲ့ American Dietetic Association တို့တွေကလည်း လက်ခံထားကြတာမို့ အချိုရည်သောက်သုံးသင့် မသောက်သုံးသင့်ဆိုတဲ့ကိစ္စဟာ တိကျရေရာတဲ့ အဖြေမထွက်နိုင်သေးတဲ့ ပုစ္ဆာတစ်ခုဖြစ်လို့နေဆဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း သဘာဝသကြားဓာတ်မပါဝင်ပဲ လူလုပ် သကြားအတုတစ်မျိုးဖြစ်တဲ့ Artificial Sweeteners ကို အသုံးပြုထားတဲ့ Diet Soda တွေဟာ အဝမလွန်စေဘူးဆိုရင်တောင်မှ တခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ယူဆောင်လာနိုင်တာကတော့ အမှန်ပဲဖြစ်ပါတယ်။ အထူးသဖြင့် သွားနဲ့ ခံတွင်းရောဂါတွေ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေဖြစ်ပေါ်စေနိုင်တာမို့ သတိထား မှီဝဲသင့်တဲ့ အချိုရည်အမျိုးအစားတွေဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။