ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီဥတု ပူပူ၊ အုန်းရည် အေးအေး၊ ကျန်းမာရေး ကောင်းကောင်း

ပူပြင်းတဲ့ နွေရာသီရောက်လာပြီနော်။ နေ့လယ်နေ့ခင်း ပူပူအိုက်အိုက် ကာလမျိုးတွေမှာ အုန်းရည် အေးအေး၊ ချိုမြမြလေး သောက်ပြီး အပန်းဖြေကြဖို့ တွေးထားကြရဲ့လား။ ခုလို နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကို အံတုဖို့အတွက်ဆိုရင် ရေတွေ၊ ဖျော်ရည်တွေနဲ့ အချိုရည်တွေဟာလည်း ရွေးချယ်စရာတွေဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း အနံ့အရသာနဲ့ ပြည့်စုံပြီး ကျန်းမာရေး အတွက်လည်း ကောင်းကျိုးတွေများတဲ့ အုန်းရည်ကတော့ လူတိုင်းအတွက် အကောင်းဆုံး ရွေးချယ်စရာ တစ်ခုပါပဲ။ အုန်းရည်ကို အုန်းသီးကနေ ရတာဖြစ်ပြီး အုန်းသီးဟာ မာကျောတဲ့ အခွံပါရှိပေမယ့် အခွံမာအသီးမျိုးနွယ်ဝင်မဟုတ်ပဲ သစ်သီးမျိုးနွယ်ဝင်ဖြစ်ပါတယ်။ အုန်းရည်ကို လတ်ဆတ်ပြီး နုနယ်တဲ့ အုန်းသီးတွေရဲ့ အတွင်းပိုင်းကနေ ရရှိနိုင်ပါတယ်။ တစ်ချို့လူတွေက အုန်းရည်နဲ့ အုန်းနို့တို့ကို မကွာခြားဘူးလို့ ရှုမြင်တတ်ကြပါတယ်။ တကယ်တမ်း အုန်းရည်နဲ့ အုန်းနို့တို့အကြား ကွာခြားချက်က လတ်ဆတ်တဲ့ အုန်းရည်ထဲမှာ ရေဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကန်စွန်းဥ တစ်လုံးက ရနိုင်တဲ့ အာဟာရတန်ဖိုးတွေ

မြန်မာမှန်ရင် ကန်စွန်းဥကို ငယ်ငယ်ကတည်းက စားဖူးကြမှာပါ။ ကျွန်တော်တို့ ကလေးဘဝကဆိုရင် ကျောင်းနားမှာ ကန်စွန်းဥပြုတ်တို့၊ ကန်စွန်းဥ မီးဖုတ်တွေ ရောင်းတာမြင်ရင် မေမေတွေကို အတင်းပူဆာပြီး ခွာစားခဲ့ကြတာနော်။ အရသာလည်း ရှိ၊ အားလည်း ပြည့်တဲ့ ကန်စွန်းဥမှာ ကလေးတွေအတွက်သာမက လူကြီးတွေရဲ့ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ်နော်။ ဒီတော့ ကန်စွန်းဥကို ကြိုက်တဲ့သူတွေရော၊ တစ်ခါမှ မစားဖူးတဲ့သူတွေပါ သိထားသင့်တဲ့ ကန်စွန်းဥတစ်လုံးရဲ့ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ဒီဆောင်းပါးလေးမှာ ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ၁။ ကန်စွန်းဥရဲ့ အာဟာရတန်ဖိုး • ကစီဓာတ် ၄၁.၄ ဂရမ် • ပရိုတင်းဓာတ် ၄ ဂရမ် • အဆီဓာတ် ဝ.၃ ဂရမ် • အမျှင်ဓာတ် ၆.၆ ဂရမ် • ဗီတာမင် အေ • ဗီတာမင် စီ • ဗီတာမင် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ

မိန်းကလေးတွေ ဝိတ်ကျချင်လိုက်တာ၊ ပိန်သွယ်သွယ်လေး ဖြစ်နေမှ လှမှာဆိုပြီး အမြဲ ညည်းနေတတ်ကြတယ်။ အဲ့လို ဝိတ်ကျဖို့ဆိုပြီး ညစာတွေ ရှောင်ရတာနဲ့၊ မနက်စာတွေ ရှောင်ရတာနဲ့ စားရတဲ့သူ တင်မကဘဲ ဘေးနားက လူတွေပါ ကြည့်ရတာ ဝဋ်ဒုက္ခ ကြီးလှပါတယ်။ တကယ်ကတော့ ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ ..... ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ လို့ ပြောရတာ ဒါတွေကြောင့်ပါ။ အဲ့လို အစားရှောင်လိုက်တော့ ဘာထူးသွားလဲဆိုရင် ခန္ဓာကိုယ်က အာဟာရ ပြတ်လပ်သွားတာပါပဲ။ အာဟာရ ပြတ်လပ်သွားတဲ့အခါ ကိုယ်အလေးချိန် ကျသွားတယ်။ ဒါက ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့ ကိုယ်အလေးချိန် ကျခြင်း ပုံစံပါ။ လူတစ်ယောက်က တစ်နေ့တာအတွက် လိုအပ်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ် မဆုံးရှုံးရအောင် ဘယ်လိုဆေးကြောမလဲ

နေ့စဉ်နေ့တိုင်း မှီဝဲစားသုံးနေတဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိနေပါတယ်။ ဒါပေမယ့် ဒီလို ကြွယ်ဝစွာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးမသွားဖို့၊ လျော့ပါးမသွားဖို့ဆိုရင် အဆိုပါ ဟင်းသီးဟင်းရွက်တွေကို စတင်ဆေးကြောစဉ် အချိန်မှာကတည်းက ဂရုတစိုက် ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ အိမ်ထောင်ရှင်မ အများစုဟာ နေ့စဉ် အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင် နေကြပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆေးကြောသန့်စင်တာမျိုးကတော့ နည်းပါးကြပါတယ်။ စားဖိုဆောင် တစ်ခုကနေ ချက်ပြုတ်ဖန်တီးလိုက်တဲ့ အစားအသောက် ဟင်းလျာတွေဟာ နေအိမ် တစ်အိမ်လုံးက မိသားစုဝင်တွေ ဗိုက်ပြည့်ရုံတင် မဟုတ်ပါဘူး၊ ကျန်းမာကြံ့ခိုင်ပြီး အာဟာရ ပြည့်ဝနေစေဖို့လည်း အထောက်အကူ ပြုပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်ဖို့ဆိုရင် စတင် ဆေးကြောချိန်ကနေစတင်ပြီး ဂရုတစိုက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Boron ဆိုတာ.......

ခေါင်းစဉ် ဖတ်ပြီး တစ်ခါမှတောင် မကြားဖူးဘူးဆိုပြီး အတွေးများမသွားပါနဲ့။ ဒါက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေထဲက တစ်ခုပါ။ မရှိမဖြစ်တော့ မဟုတ်ပေမယ့် လိုအပ်တာကတော့ အမှန်ပါပဲ။ လူသိနည်းသေးတဲ့ Boron လေး အကြောင်း ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ Boron ဆိုတာ ဘာလဲ...... Boron ဆိုတာက အစားအစာတွေထဲမှာ တွေ့ရတတ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ပတ်ဝန်းကျင်မှာလည်း အတွေ့ရများပါတယ်။ အထူးသဖြင့် အခွံမာသီးတွေမှာ တွေ့ရများပါတယ်။ အများစုက boron က ဖြည့်စွက်စာအနေနဲ့ပဲ စားသုံးကြတာ များပါတယ်။ ဘယ်လိုတွေ သုံးလို့ရလဲ......... Boron ကို များသော အားဖြင့် Boron ချို့တဲ့မှုအတွက် သောက်သုံးရတဲ့ဆေးဝါးတွေ ထုတ်လုပ်တဲ့အခါမျိုး၊ လေဒီလေးတွေမှာ ရာသီလာတာကြောင့် ကိုက်ခဲတာကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။ အမျိုးသမီးတွေမှာ မိန်းမကိုယ် မှိုစွဲတာကို သက်သာစေဖို့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

DHA အကြောင်း ဘာတွေသိထားသင့်လဲ..........

ကျန်းမာရေး ဗဟုသုတတွေ များလာတဲ့အတူ ကျန်းမာရေးကို လိုက်စားသူတွေ အရင်ကထက် များလာကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ကြတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လာကြတယ်။ ဒီလို ကျန်းမာအောင် နေထိုင်မှုက နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ကျော်ဖြတ်နိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ကျန်းမာနေစေ ဖို့အတွက် အာဟာရပြည့်အောင် စားသုံးတဲ့အထဲမှာ သတိလက်လွတ် ဖြစ်နေတတ်တဲ့အချက် တစ်ခုရှိပါတယ်။ ဒီအကြောင်းလေးကို အခု ဆောင်းပါးလေးထဲမှာ ပြောပြပေးထားပါတယ်။ ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်ချက်တစ်ခု (သို့မဟုတ်) DHA ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်တဲ့ အာဟာရတွေကတော့  အများကြီးပေါ့။ ဒီအထဲမှာမှ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C တို့ကို လူသိများပေမယ့် DHA ဆိုတာကိုတော့ အခုနောက်ပိုင်း ဖြည့်စွက်အာဟာရတွေကို နားထောင်ရင်းနဲ့မှ သတိထားမိလာကြတာပါ။ DHA ဆိုတာ ဘာလဲ.......... DHA ကို Docosahexaenoic acid […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကီတို အဆီချနည်း ထိရောက်ချင်ရင် သတိပြုသင့်တဲ့ အချက် (၈) ချက်

Keto Diet လို့ ခေါ်တဲ့ အဆီချနည်း ကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေ ကနေ ကယ်လိုရီ ပိုရယူတာ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြား အစားလျှော့နည်းတွေ ထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ် လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေ ထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကုန်ခံပြီးသာ လုပ်ရတယ်။ ကိုယ့်အတွက် သိပ်မထိရောက်ဘူး၊ ဝိတ်လည်း ကျမလာဘူး လို့ ခံစားရရင် ကိုယ့် အခြေအနေ ကိုယ် ဒီအချက်တွေ နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိပ်ရာပေါ်က စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် အစားအစာ ၇ မျိုး

ပျော်ရွှင်စရာ ကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ကျန်းမာကြံ့ခိုင်နေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ စိတ် အလိုဆန္ဒအတိုင်း စွမ်းဆောင်နိုင်မှ ကျေနပ်ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်လား။ လိင်စွမ်းဆောင်ရည် မပြည့်ဝတာ၊ ကျေနပ် နှစ်သက်မှု မရတာ၊ အထွတ်အထိပ် မရောက်တာတွေဟာ ချစ်သူ၊ အိမ်ထောင်ဖက်တွေနဲ့ ဆက်ဆံရေးမှာ ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်စေလေ့ ရှိပါတယ်။ ချစ်ခြင်း မေတ္တာတွေ၊ အပြန်အလှန် နားလည်မှုတွေ ဘယ်လောက်ပဲ ထားရှိနေတယ် ဆိုသော်ငြားလည်း အိပ်ယာပေါ်မှာ ကျေနပ်စရာတွေ မရှိဘူးဆိုရင် ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်ဖို့ ရာခိုင်နှုန်း အတော်များများ သေချာနေတတ်ပါတယ်။ ဒါကြောင့်လည်း (အထူးသဖြင့် အမျိုးသားတွေဟာ) စိတ်ကျေနပ်စရာ လိင်မှုစွမ်းဆောင်ရည်ကို ပုံမှန် စွမ်းဆောင်ပြနိုင်ဖို့၊ ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက်

သြဇာသီး လို့ ဆိုလိုက်တာနဲ့ အရသာ ကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုးအသီးကြီးကို ဆိုလိုမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများပါလာတတ်တဲ့ အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတာ၊ ဒီအစေ့တွေကို သြဇာစေ့တောက်တမ်းကစားကြတာတွေက ငယ်ဘဝကာလတွေမှာ အမှတ်တရ အချိန်တွေပါပဲ။ သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက် ဒီအသီးကို အိန္ဒိယနွယ်ဖွားတွေက ရှာရီဖာလို့ ခေါ်ကြပြီးတော့ အစိမ်းအတိုင်းအပြင် ကိတ်မုန့်တွေ မုန့်အချိုတွေ လုပ်စားတတ်ကြပါတယ်။ မြန်မာတွေကတော့ အစိမ်းအတိုင်း စားကြတာများပါတယ်။ သြဇာသီး ဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းများ

ပုံမှန်အားဖြင့်ဆိုရင် ခန္ဓာကိုယ် ကျန်းမာဖို့၊ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်တွေအတွက် သစ်သီးဖျော်ရည်တွေ၊ Smoothies တွေကို သောက်သုံးကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုသစ်သီးဖျော်ရည်တွေကို သောက်သုံးရာမှာ နည်းမှန်လမ်းမှန်နဲ့ မသောက်သုံးဘူး၊ မဖျော်စပ်ဘူးဆိုရင်တော့ မျှော်မှန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာမဟုတ်ပါဘူး။ ဒါဟာ သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချသူအများစုဟာ သစ်သီးဖျော်ရည်တွေကို မှီဝဲကြလေ့ရှိပေမယ့် တချို့က အလုပ်ဖြစ်ပြီး တချို့က အလုပ်မဖြစ်ကြတာဟာ ခုလို စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်သောက်သုံးခြင်းမရှိလို့ဖြစ်ပါတယ်။ သစ်သီးဖျော်ရည်တွေကို အချိုဓာတ်လွန်ကဲအောင် ဖျော်စပ်သောက်သုံးတာမျိုး၊ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်ခြင်းမရှိတာမျိုးတွေကြောင့် ရသင့်တဲ့အာဟာရဓာတ်တွေကို ဆုံးရှုံးကြရတာဖြစ်ပါတယ်။ သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးအပေါ် ကောင်းကျိုးပေးနိုင်စွမ်းကို ပျက်ယွင်းစေတဲ့ အချက်တွေ အများအပြားရှိပါတယ်။ သတိထားဆင်ချင်ဖို့နဲ့ အန္တရာယ်များတဲ့ နည်းလမ်းတွေကို ရှောင်လွှဲနိုင်စေဖို့ အောက်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သစ်သီးဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းများ ၁။ အလွန်အမင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း