home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပြန်လည်ကျန်းမာလာချိန်မှာ လိုအပ်မယ့် အာဟာရနဲ့ ရေဓာတ်ပြည့်ဝမှု

ပြန်လည်ကျန်းမာလာချိန်မှာ လိုအပ်မယ့် အာဟာရနဲ့ ရေဓာတ်ပြည့်ဝမှု

နေပြန်ကောင်းလာစအချိန်မှာ ခန္ဓာကိုယ်က တော်တော်လေး အားနည်း နေနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအား အပြည့်အဝ ပြန်လည် ကျန်းမာလာစေဖို့ဆိုရင် လုံလောက်တဲ့ အာဟာရပြည့်ဝဖို့လိုအပ်ပါမယ်။ ဒီတော့ နေကောင်းပြီးစချိန်မှာ ဘယ်လိုမျိုး အာဟာရပြည့်ဝဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

နေကောင်းပြီးစလူတစ်ယောက် ပြည့်ဝဖို့ လိုအပ်မယ့် ရေဓာတ်နဲ့ အာဟာရပြည့်ဝမှု

ဖျားနာတာ၊ အအေးမိ၊ တုပ်ကွေး ဖြစ်တာ၊ ထိခိုက်ဒဏ်ရာ ပိုးဝင်တာကြောင့် နေမကောင်းဖြစ်ပြီးနောက် ပြန်လည်ကျန်းမာလာစမှာ အာဟာရပြည့်ဝဖို့ လိုသလို ရေဓာတ် ပြည့်ဝဖို့ကလည်း လိုအပ်ပါတယ်။ ဒါမှ ကိုယ်ခံအားပြည့်ဝပြီး မြန်မြန် ကျန်းမာလာမှာပါ။

နေမကောင်းတဲ့အခါ ရေဓာတ်ဆုံးရှုံးမှု

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ နေကောင်းနေချိန်မှာတောင် ဆီးသွား၊ ချွေးထွက်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရဓာတ်ဆုံးရှုံးနိုင်ပါတယ်။ နေမကောင်းချိန်မှ ရေဓာတ်ဆုံးရှုံးမှုက ပိုမြန်ဆန်ပါတယ်။ အဖျား ၁၀၀.၂ ဒီဂရီဖာရင်ဟိုက်လောက်အထိ တက်သွားမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုက ၃ အောင်စလောက်အထိရှိပါတယ်။ ဒါက ချွေးထွက်တာ တစ်ခုတည်းကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုပါ။

ဖျားတာအပြင် အော့အန်မယ်၊ ဝမ်းသွားမယ်၊ နုံးချိပြီး စားချင်သောက်ချင်စိတ်ပါ ပျောက်မယ်ဆိုရင်တော့ ရေဓာတ်ဆုံးရှုံးမှုက ဒီထက်ပိုများနိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့က ရေဓာတ်ပြည့်ဝဖို့ လိုတာကြောင့် ဒီလိုအခြေအနေက နေပြန်ကောင်းလာစေမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ရေဓာတ်မပြည့်ဝမှု ကိုယ်ခံအား အားပြန်ပြည့်ပြီး လုံးဝပကတိ ကျန်းမာလေဖို့ကို နှောင့်နှေးစေနိုင်ပါတယ်။

နေကောင်းခါစမှာ အာဟာရပြည့်ဝအောင် စားသုံးမှုနဲ့ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပြီး အမြန်ဆုံးပြန်လည် ကျန်းမာလာစေမှာပါ။ ဒါကြောင့် နေကောင်းခါစမှာ မစားချင်ရင်တေင် အစကြလွယ်မယ့် ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်ပြုတ်တွေကို စားသုံးပေးရမှာဖြစ်သလို ရေဓာတ် ပြည့်ဝစေဖို့အတွက်လည်း ရေ၊ အုန်းစိမ်းရည်၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်တွေ သောက်သုံးပေးရပါမယ်။ ရေမဆာရင်တောင်မှ ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ သောက်သုံးရပါမယ်။ ဒါမှ အစာခြေစနစ်အသက်ရှူလမ်းကြောင်းတွေ ကျန်းမာပြီး ကိုယ်ခံအား မြန်မြန်အားပြည့်လာမှာပါ။

နေကောင်းပြီးစ အာဟာရပြည့်စေဖို့ ဘာတွေစားမလဲ……..

နေကောင်းစ လူတစ်ယောက်ဟာ အာဟာရပြည့်ဖို့ လိုအပ်တယ်ဆိုပေမယ့် အစားအစာတိုင်းကို စားလို့မဖြစ်ပါဘူး။ ဒါ​ကြောင့် အာဟာရလည်းဖြစ် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေဖို့ဆိုရင်

ကြက်စွပ်ပြုတ်ကြက်သွန်ဖြူလေးထည့်ချက်ထာတဲ့ ကြက်စွပ်ပြုတ်က ပရိုတင်းရော ဓာတ်တိုးဆန့်ကျင် အာနိသင်ပါ ကြွယ်ဝနေတဲ့ အစာအာဟာရတစ်ခုပါ။

ဆန်ပြုတ် – ခပ်ပျော့ပျော့ပြုတ်ထားတဲ့ ဆန်ပြုတ်လေးက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝသလို ကိုယ်ခံအားအတွက် လိုအပ်တဲ့ အာဟာရတွေကိုပါ ပြည့်ဝစေမှာပါ။

cereal အမျှင်ဓာတ်ကြွယ်ဝတဲ့ cereal ကို နွားနို့ပူပူလေးနဲ့တွဲစားတာကလည်း လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံး ဖြည့်တင်းနိုင်မှာပါ။

ဒိန်ချဉ်အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ရေနွေးကြမ်း – ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ ရေနွေးကြမ်းက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။

ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေ – လိမ္မော်သီး အပါအဝင် ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေက နေကောင်းစ လူတစ်ယောက်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးမှာပါ။

အုန်းစိမ်းရည် – ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

The Importance of Nutrition for Recovery https://www.time-to-run.com/nutrition/recovery.htm Accessed Date 22 April 2020

The 15 Best Foods to Eat When You’re Sick https://www.healthline.com/nutrition/15-best-foods-when-sick Accessed Date 22 April 2020

Foods to eat and avoid with the flu https://www.medicalnewstoday.com/articles/326306 Accessed Date 22 April 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။