ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကိုက်လန်၏ အကျိုးကျေးဇူးများ

အစိမ်းရောင်ရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ဖွယ်ရာ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ကိုက်လန်ဟာ ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့အပြင် ဆေးဖက်ဝင်ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုက်လန်၁ီကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ အာဟာရဓာတ်သိပ်သည်းခြင်း ကိုက်လန်ကို ဂေါ်ဖီအုပ်စုဝင် အပင်ဖြစ်ပြီး အစိမ်းရောင်၊ ခရမ်းရောင် စသဖြင့် မျိုးကွဲတွေ ရှိပါတယ်။ တွေ့ရအများဆုံး အမျိုးအစားကတော့ အစိမ်းရောင်နဲ့ လှိုင်းတွန့်သဏ္ဌာန်အရွက်ရှိတဲ့ ကိုက်လန်မျိုး ဖြစ်ပါတယ်။ ကိုက်လန်တခွက်စာ (၆၇ ဂရမ် သို့မဟုတ် ၂.၄အောင်စ) မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကတော့ - ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၂၀၆% - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၃၄% - ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၉% - မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေသောက်ခြင်းနဲ့သက်ဆိုင်သော အယူအဆမှားများ

ရေသောက်တယ်ဆိုတာဟာ နေ့စဉ် အသက်ရှင်သန်ဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ၆၀% ကျော်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာမို့ နေစဉ် ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ကာလတွေမှာ ရေဓာတ်ဆုံးရှုံးနိုင်သလို၊ လေ့ကျင့်ခန်းလုပ်ချိန်၊ အားကစား ကစားချိန်တွေမှာ လူတွေဟာ ချွေးအရမ်းထွက်တာကြောင့်လည်း ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်တွေမှာ ရေ၊ ဒါမှမဟုတ် အချိုရည်တစ်မျိုးမျိုးကို မှီဝဲကြတာက ထုံးစံပါပဲ။ ဒါပေမယ့် လူတွေအကြားမှာ ရေသောက်ခြင်းနဲ့သက်ဆိုင်တဲ့ လွဲမှားနေတဲ့ အယူအဆတွေ အများအပြား ရှိနေကြပါတယ်။ နေ့စဉ် ရေဘယ်လိုသောက်သင့်တယ်၊ ဘယ်လောက်ပမာဏ သောက်သင့်တယ်၊ ဘာကြောင့်ရေဆာတယ်ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့ပေါ့။ အောက်မှာ လူတွေ အထင်အမြင်လွဲမှားနေတဲ့ ရေသောက်ခြင်းနဲ့သက်ဆိုင်တဲ့ အယူအဆမှားတချို့ကို ဗဟုသတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ ယုံတမ်း ၁ - ရေဆာနေရင် ရေဓာတ်ဆုံးရှုံးနေတာပဲ ရေဆာတယ်ဆိုတာက ခန္ဓာကိုယ်ထဲက ရေဓာတ်ပမာဏ အနည်းအများနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အလုံးခပ်ကြီးကြီး နှင်းသီးကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေပါတယ်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံ တစ်မျိုးလည်း ဖြစ်ပါတယ်။ နှင်းသီး ဆိုတာ နှင်းသီးကို Rose Apple လို့ ခေါ်ကြသလို Malay Apple၊ Malay Rose Apple လို့လည်း ခေါ်ကြပါတယ်။ အိန္ဒိယမှာတော့ Jambu လို့ ခေါ်ကြပါတယ်။ နုနယ်ချိန်မှာ အစိမ်းနုရောင်ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ တဖြည်းဖြည်းပန်းရောင် ခပ်ရင့်ရင့် အဆင်း ရှိလာတတ်ပါတယ်။ နှင်းသီးမှာ ဘာတွေပါ လေ့လာချက်တွေအရ နှင်းသီးမှာ Niacin၊ Riboflavin၊ Thiamin ဗီတာမင် A၊ ဗီတာမင် B12၊ ဗီတာမင် C၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကနစိုးသီး စားပေးရင် ရမယ့် ကျန်းမာရေး အာနိသင်

ငယ်ငယ်က မိုးရာသီရောက်ပြီဆိုရင် ကနစိုးသီး ချိုချိုလေးတွေ စားခဲ့ကြတာ မှတ်မိလား။ မိုးဦးကျ ကာလမှာ မိုးအေး​အေးလေးနဲ့ စားလိုက်ရင်ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ကနစိုးသီးကို စားရတာ သဘောကျတယ်ဆိုရင်တေ့ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ကနစိုးသီး ဆိုတာ ကနစိုးသီးဆိုတာက အပြင်ခွံ ဝါဖန့်ဖန့်လေးနဲ့ အတွင်းမှာ အကြည်ရောင် ဒါမှမဟုတ် အဖြူရောင် အမွှာလေးတွေ ပါတတ်ပြီး အတွင်းက အစေ့ကတော့ ခရမ်းရောင်မကျ ပန်းရောင်မကျလေးပါ။ စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိပြီး မိုးကျပြီဆိုရင် အရသာချိုချိုလေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ အမြဲစိမ်းပင်မျိုးဖြစ်ပြီး အထက်မြန်မာပြည် နဲ့ အောက်မြန်မာပြည်လိုမျိုး မိုးများတဲ့ ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အပင်အရွယ်အစားကတော့ အမြင့်ပေ ၄ဝ မှ ၅ဝ အထိရှိ​ကြပြီး ပင်စည်လုံး ပတ်ကတော့ ၃ ပေမှ ၅ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု

Collagen ဟင်းရည်ဆိုတာ ဟော့ပေါ့ချစ်သူတွေ သိကြပြီးသား နေမှာပါ။ သိပ်အရသာ ရှိတယ် ဆိုပဲ။ အခုပြောပြမှာက ဒီဟင်းရည်မှာ ပါနေတဲ့ Collagen ဓာတ်အကြောင်းကိုပါ။ ဒီဓာတ်ကြောင့် ကိုယ့်မှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာမို့လို့ စျေးကြီးပေးရတဲ့ ဖြည့်စွက်အာဟာရပုလင်းလေးတွေ ကိုတောင် တကူးတက ဝယ်သောက်လာကြသလဲ။ ဆက်ပြီး ကြည့်ရအောင်… Collagen (ကော်လာဂျင်) ဆိုတာ ခန္ဓာကိုယ်မှာ အပေါများဆုံးတွေ့ရတဲ့ ပရိုတင်းဖြစ်ပြီး အရွတ်၊ အရွတ်တွဲ၊ အရေပြားနဲ့ ကြွက်သားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိကပါဝင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေက - (၁) အသားအရေ လှတယ် ကော်လာဂျင်က အရေပြားမှာ အဓိကပါဝင်ဖွဲ့စည်းထားတဲ့ပရိုတင်းဖြစ်လို့ အသားအရေတင်းရင်းစေပြီး ရေဓာတ်ကို ဖြည့်တင်းနိုင်စွမ်း ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတယ်၊ ကြာလာတော့ အသားတွေခြောက်လာတယ်၊ အရေးအကြောင်းတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓာတ်လွန်ကဲခြင်းအကြောင်း

လူ့ခန္ဓာကိုယ်ရဲ့ အဓိကစနစ်ကြီးများဟာ ကောင်းစွာလည်ပတ်နိုင်ဖို့ ရေဓာတ်ကို လိုအပ်ပါတယ်။ ရေကို လုံလောက်စွာ သောက်သုံးမှသာ - ကိုယ်ခန္ဓာအပူချိန် ထိန်းညှိနိုင်ခြင်း - ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ခြင်း - အညစ်အကြေးများစွန့်နိုင်ခြင်း - ကိုယ်ခန္ဓာ၏ အဓိကလုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရာသီဥတုပူအိုက်ချိန်၊ လှုပ်ရှားမှုများချိန်တွေမှာ ရေကို ပိုပြီးဂရုစိုက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေကို အလွန်အကျွံသောက်သုံးမိရင်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။ ရေကို အလွန်အကျွံသောက်မိရင် ရေဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာထဲမှာ ဆားနဲ့ တခြားဓာတ်ဆားပမာဏဟာ အရမ်းကို အားပျော့သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆိုဒီယမ် (ဆား) နည်းသွားတဲ့ အခြေအနေကို hyponatremia လို့ ခေါ်ပါတယ်။ ရေဓာတ်များလာခြင်းကြောင့် ဖြစ်ပါတယ်။ ဓာတ်ဆားတွေဟာ ရုတ်တရက် ကျဆင်းသွားရင် အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါတယ်။ ရေဓာတ်လွန်ကဲခြင်းကြောင့် သေဆုံးတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ဖရုံသီး၏ အကျိုးကျေးဇူး

ကျောက်ဖရုံသီးကို သိပ္ပံအမည်အနေနဲ့ Benincasa hispida လို့ခေါ်ပြီး အရှေ့တောင်အာရှကနေ စတင်စိုက်ပျိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နွယ်ပင်မျိုးဖြစ်ပြီး အသီးဟာ ဖရဲသီးနဲ့ဆင်တူပါတယ်။ ကျောက်ဖရုံသီးကိုတော့ ဆေးဖက်ဝင်တယ်သတ်မှတ်ထားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာ၊ အာယုဗေဒ ဆေးပညာစတာတွေမှာ အသုံးပြုကြပါတယ်။ ယနေ့အခါမှာ ဆေးဖက်ဝင်အကျိုးရှိတယ်ဆိုတဲ့ အကြောင်းကို သိပ္ပံနည်းကျသုတေသနတွေအနေနဲ့ပါ အတည်ပြုလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးဆိင်ရာ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ကျောက်ဖရုံသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီ၊ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် နည်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။ ကျောက်ဖရုံသီး အစိမ်း ၁၀၀ ဂရမ်မှာ အာဟာရဓာတ်အားဖြင့် - ကယ်လိုရီ။ ၁၃ ယူနစ် - ပရိုတိန်း။ ၁ ဂရမ်လျော့လျော့ - ကာဘို ဟိုက်ဒရိတ်။ ၃ ဂရမ် - အမျှင်ဓာတ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကြက်ဟင်းခါးသီးဖျော်ရည်

ကြက်ဟင်းခါးသီးကို ဟင်းအနေနဲ့ချက်စားကြပေမယ့် ဖျော်ရည်အနေနဲ့ သောက်သုံးနိုင်တယ်ဆိုတာကိုတော့ သိရှိသူနည်းပါးတယ်။ နာမည်နဲ့လိုက်အောင်ပဲ ဖျော်ရည်မှာ ခါးတဲ့အရသာတော့ ရှိနေမှာ ဖြစ်ပါတယ်။ အရသာခါးပေမယ့် သွေးတိုးကျစေခြင်း၊ အရေပြားလှပခြင်း စတဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိတာကြောင့် နောက်ပိုင်းမှာ ဖျော်ရည်အဖြစ် သုံးစွဲလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြက်ဟင်းခါးသီးရဲ့ အာဟာရများနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းပဲ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ ပြင်ပပုံစံအရ ကြမ်းတမ်းပြီး တရုတ်မျိုးနဲ့ အိန္ဒိယမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ ပါဝင်သော အာဟာရဓာတ်များ ကြက်ဟင်းခါးသီးဖျော်ရည်မှာ အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကြက်ဟင်းခါးသီးဖျော်ရည်တခွက် (၁၁၈ မီလီလီတာ) မှာ အာဟာရဓာတ်အားဖြင့် - ကယ်လ်လိုရီ ၁၆ ယူနစ် - ကာဗို ဟိုက်ဒရိတ် ၃.၄ ဂရမ် - အမျှင်ဓာတ် ၂.၆ ဂရမ် - ပရိုတိန်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငှက်ပျောသီး တစ်နေ့ နှစ်လုံးစားတဲ့အခါ ဘာတွေဖြစ်မလဲ

ငှက်ပျောသီးဟာ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါ။ အမျိုးအစားစုံလင်လှသလို အားလုံးနီးပါးက ချိုမြိန်တဲ့အရသာနဲ့ ကြွယ်ဝလှတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ငှက်ပျောသီးက Fiber လို့ခေါ်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အမျှင်ဓာတ်ကလည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့ကို ၂၅ ဂရမ်လောက် လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လိုရီ၊ Fat၊ ပရိုတိန်း၊ ဗီတာမင် C၊ ဗီတာမင် B6၊ မဂ္ဂနီးစ်တို့လည်းပါဝင်နေပါသေးတယ်။ ငှက်ပျောသီးကို နေ့စဉ် လုံလောက်စွာစားပေးမယ်ဆိုရင် အမျှင်ဓာတ်ကြောင့် လူကို ဗိုက်ပြည့်တင်းတိမ်စေတာ၊ ကိုယ်အလေးချိန် လျော့ကျစေတာတွေ ဖြစ်စေနိုင်သလို နှလုံးရောဂါ၊ နာတာရှည်ရောဂါတွေနဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။ တစ်နေ့ကို ငှက်ပျောသီး ဘယ်နှစ်လုံးလောက် စားပေးသင့်သလဲ ဒီလို အသုံးတည့်လှတဲ့ ငှက်ပျောသီးကို တစ်နေ့ကို ဘယ်နှစ်လုံးလောက် မှီဝဲသင့်သပါလဲ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပျားရည် နဲ့ ကျန်းမာရေး

ရှေးယခင်ကာလတွေကတည်းက ပျားရည်ကို ဆေးဝါးအဖြစ်ရော စားသုံးစရာတစ်ခုအနေနဲ့ပါ အသုံးပြုခဲ့ကြတာပါ။ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပျားရည် ခန္ဓာကိုယ်ကို အားရှိစေသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ ခပ်ချိုချိုအရသာရှိတာကြောင့် သကြားအစား အသုံးပြုကြတဲ့ ပျားရည်က ကယ်လ်လိုရီပါဝင်မှု လုံးဝမရှိတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။ ဒိတစ်ခေါက်တော့ ရှေးယခင်ကာလတွေကတည်းက ဆေးဖြစ်ဝါးဖြစ် သုံးလာကြတဲ့ ပျားရည်က ဘယ်လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား………….. ပျားရည် ကပေးတဲ့ ကျန်းမာရေး ချိုချိုလေးနဲ့ စားလိုက်ရင် အရသာရှိတဲ့ ပျားရည်လေးက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ် ပျားရည်စစ်စစ်က အပင်က ဓာတုပစ္စည်းတွေ ပါဝင်နေတာ​ကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ အချို့သော ပျားရည်တွေမှာ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း