ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပြုပြင်အစားအစာများ အန္တရာယ်

ပြုပြင်အစားအသောက်တွေဆိုတာဘာလဲ၊ ဘယ်လိုအစားအသောက်တွေကို ပြုပြင်အစားအသောက်တွေလို့ သတ်မှတ်သလဲ၊ ပြုပြင်အစားအသောက်တွေစားရင် ကျန်းမာရေးအပေါ် ဘယ်လိုထိခိုက်လာမလဲဆိုတာ ပြောပြသွားပါ့မယ်။ တကယ်တမ်းပြောရရင် ဒီနေ့ခေတ် ကျွန်တော်တို့စားသုံးနေတဲ့ အစားအစာ အားလုံးနီးပါးက အလုံးစုံမဟုတ်တောင် နည်းနည်းတော့ ပြုပြင်ထားတာချည်းပါပဲ။ လုံးဝပြုပြင်ထားခြင်းမရှိတဲ့ အစားအစာလိုချင်ရင်တော့ ကိုယ့်အိမ်မှာပဲ စိုက်ပျိုးမွေးမြူပြီး ထုတ်လုပ်မှရတော့မှာပါ။ ဒါပေမဲ့လည်း စားသောက်ဖို့အတွက်နဲ့ လူတိုင်းက ဒီလောက်အချိန်မပေးနိုင်တာကြောင့် ပြုပြင်အစားအသောက်တွေနဲ့ မလွတ်ကင်းနိုင်ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ အစားအစာတွေကို ပြုပြင်မှုအဆင့်အမျိုးမျိုးရှိပါတယ်။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ  အစားအစာတွေသန့်ရှင်းရေး လုပ်တာ၊ ကြာရှည်ခံအောင် လေထုနဲ့ ပတ်ဝန်းကျင်အနေအထားတွေကို ပြုပြင်ယူပြီး ထိန်းသိမ်းတာ၊ စားသုံးဖို့ မသင့်တဲ့အစိတ်အပိုင်းတွေ ဖယ်ပစ်တာ (ဥပမာ ကော်ဖီစေ့ကို မကြိတ်ခင် အပြင်လွှာကိုဖယ်ပစ်တာမျိုး) ၊ ထုတ်လုပ်တဲ့နေရာတစ်ခုကနေ နောက်တစ်ခုကို အကူးအပြောင်းမှာ ကြာရှည်ခံ အောင်အအေးရိုက်ပစ်တာ၊ အချဉ်ဖောက်တာ၊ လေလုံမယ့်အိတ်နဲ့ ထည့်သွင်းထုတ်ပိုးပစ်တာ စတာတွေအကုန်လုံးက အစားအစာပြုပြင်တဲ့ အဆင့်တွေချည်းပါပဲ။ အစားအစာထုတ်လုပ်မှုအဆင့်တိုင်းမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး

ဒီတစ်ခေါက်တော့ ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ကူးစက်ရောဂါဆိုတာက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ပါရာဆိုက်တွေကနေတဆင့် ကူးစက်ကပ်ငြိပြီး ဖြစ်ပွားတဲ့ရောဂါတွေပါ။ လက်ရှိကမ္ဘာတစ်လွှားမှာ ကပ်ဘေးအသွင်နဲ့ ပျံ့နှံ့နေတဲ့ COVID-19 ကနေစလို့ တုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးအဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောတွေဟာလည်း ကူးစက်ရောဂါအမျိုးအစားတွေပါပဲ။ တုပ်ကွေး၊ အဖျားစတဲ့ ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ အစားအသောက်ပျက်တာ၊ ချက်ချင်းပြန်လည် အင်အားပြည့်ဖြိုးလာဖို့ အချိန်ကြန့်ကြာတာတွေ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလို အခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုရင် လူ့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အားဖြည့်ပေးပြီး ပုံမှန်အခြေအနေကို အလျင်အမြန် ပြန်ရောက်အောင် ကူညီပေးမယ့် အစားအစာမျိုးတွေကို မှီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကနေ သက်သာကာစ လူနာတွေကို recovery မြန်မြန်ပြန်ဖြစ်အောင် တွန်းအားပေးတဲ့အစားအစာတွေဟာ နာလန်ထူကာစလူနာတွေအတွက်တော့ အလိုအပ်ဆုံးအရာတွေပါပဲ။ ဒါပေမယ့် နာလန်ထခါစလူနာတွေတိုင်း အစားအသောက်ပျက်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တိုးတက်စေဖို့ ဘာလုပ်ရမလဲ

နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေဖို့အတွက် ရောဂါပိုးတွေ ကင်းဝေးနေဖို့လိုတာပေါ့။ ဒါဆိုရင် ဒီရောဂါပိုးမွှားတွေကို ရှေ့တန်းကနေ တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ် ကောင်းဖို့ဆိုတာ အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းလို့ ဘာတွေများထူးသွားလဲ.............. ကိုယ်ခံအားက နားလည်လွယ်အောင် ပြောပြရရင် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တိုက်ထုတ်ပေးတဲ့ ခံတပ်ကြီးပါ။ အအေးမိဖျားနာတာကစလို့၊ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ကူးစက်ခြင်းကို ခံနိုင်ရည်စွမ်းရှိအောင် မြှင့်တင်ပေးပါတယ်။ ကုသဆေး ကာကွယ်ဆေးမရှိသေးတဲ့ လတ်တလော အဖြစ်များနေတဲ့ COVID_19 ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ သဘာဝတရားကဖန်တီးပေးထားတဲ့ ရောဂါကာကွယ်ခုခံမှုစနစ် ကိုယ်ခံအားကောင်းနေဖို့ပါပဲ။ ကိုယ်ခံအားကပဲ ကုသဖို့ခက်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးမှာပါ။ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင် ကောင်းအောင် လုပ်လို့ရသလို ကိုယ်ကိုယ်တိုင်က မသိလိုက်ပဲ အားနည်းသွားအောင် လုပ်မိနိုင်ပါတယ်။ ဒီနေရာမှာ ကိုယ်ခံအားအကြောင်းမပြောခင် ကိုယ်ခံအားကောင်းအောင် ထောက်ပံ့ပေးနေတဲ့ အရာလေးတစ်ခုအကြောင်း အရင်ပြောပြပါရစေ။ ဒါကတော့ Antioxidants လို့ ပြောပြောနေတဲ့ […]


အဝလွန်ခြင်း

အဆီထု တိုင်းတာခြင်း

သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ ကျန်းမာတဲ့အခြေအနေလား၊ အ၀လွန်နေပြီလား၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လိုအပ်နေပြီလား ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရင်ကတော့ BMI body mass index တွက်တဲ့နည်းတစ်မျိုးတည်းသာ ခေတ်စားပါတယ်။ ဒါဟာအခြေခံနည်းဆိုပေမဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အချိုးအစားသာ သိနိုင်ပြီး သင့်ခန္ဓာကိုယ် ဘယ်လောက် ကြံ့ခိုင်လဲဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး ။ နောက်တစ်မျိုးကတော့ ခါးအရွယ်အစားတိုင်းတဲ့ နည်းပါ။ အကယ်၍ အမျိုးသမီးသာဆိုရင် ခါးဆိုဒ် ၃၅ လက်မ ၊ အမျိုးသားဆိုရင် ခါးဆိုဒ် ၄၀ လက်မ ကျော်ရင် အူအဆီပမာဏ များပြီး ရောဂါဖြစ်နိုင်ခြေ များတယ်လို့ ယူဆနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ အဆီပမာဏ ဘယ်လောက်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိဖို့ အတွက် ဒီလိုနည်းလမ်းတွေနဲ့ အိမ်မှာ အလွယ်တကူ တိုင်းတာတွက်ချက်လို့ရပါတယ်။ တစ်နည်းကတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးနွေးလေး သောက်ပေးခြင်း နဲ့ ကျန်းမာရေး

မနက်ခင်း အိပ်ရာကနိုးတဲ့အချိန်ပဲဖြစ်ဖြစ်၊ မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီးရင်ပဲဖြစ်ဖြစ် ရေခဲရေသောက်ရင် ခန္ဓာကိုယ် ထိခိုက်မှာစိုးတယ်ဆိုပြီး ရေကျက်အေး  နွေးနွေးလေး တစ်ခွက် သောက်တတ်သူလေးတွေ ရှိလား......... ဒါဆိုရင်တော့ သင့်အနေနဲ့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေရမှာပါတဲ့နော်။ ရေနွေးနွေးလေး သောက်ပေးခြင်း နဲ့ ကျန်းမာရေး အကြောင်း လေ့လာလိုက်ပါဦး။ ရေကျက်အေး ရေကျက်အေးဆိုတာက လက်ဖက်ခြောက်ခတ်မထားဘဲ ဆူနေအောင်တည်ထားတဲ့ ရေနွေးပါ။ အဖြူရောင် ရေနွေးပေါ့။ ကော်ဖီ ဖျော်သောက်တဲ့ ရေနွေးမျိုးပါ။ ရေနွေးနွေးလေး သောက်ပေးခြင်း နဲ့ ကျန်းမာရေး မနက်ခင်းမှာ ရေနွေးနွေးလေး တစ်ခွက် သောက်ပေးမယ်ဆိုရင် မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာ ကြွေခွက်လေးထဲကို ရေနွေးလေးထည့် ပြီးရင် ၁၅ မိနစ် ကနေ နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်။ အကြောတွေဘာတွ လျှော့ပြီးချိန်ဆို ရေနွေးက သောက်လို့ အဆင်ပြေတဲ့ ခပ်နွေးနွေးအခြေအနေပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သံဓာတ်ကြွယ်ဝသော အစားအစာများ

သံဓာတ်ဟာ အရေးကြီးတဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွေးနီဥရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်ပြီး ကိုယ်ခန္ဓာတစ်လျှောက်ကို အောက်ဆီဂျင်သယ်ယူပို့ဆောင်ပေးနေခြင်းလည်း ပါဝင်ပါတယ်။ အစားအစာများကနေ အာဟာရဓာတ်အနေနဲ့ ရယူနိုင်ပြီး တစ်နေ့တာလိုအပ်ချက်ကတော့ ၁၈ မီလီဂရမ် ဖြစ်ပါတယ်။ သံဓာတ်နည်းပါးတဲ့အခါ မောပန်းလွယ်ခြင်း၊ သွေးအားနည်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာများအကြောင်း ဖြစ်ပါတယ်။ ၁။ အခွံမာရေသတ္တဝါများ ခရု၊ ကမာ၊ ဂုံး၊ ယောက်သွား စတဲ့ အခွံမာရေသတ္တဝါများဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂုံးကောင် ၁၀၀ ဂရမ်မှာ သံဓာတ် ၃ မီလီဂရမ် ပါဝင်ပါတယ်။ ဒါဟာ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၇% ဖြစ်ပါတယ်။ ၂။ ဟင်းနုနွယ် ဟင်းနုနွယ်အစိမ်း ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၇ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၅% ဖြစ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကာဗိုဟိုက်ဒရိတ်၏ လုပ်ငန်းတာဝန်များ

ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အက်တမ်တွေ ပေါင်းစပ်ထားတဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ အာဟာရပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အငြင်းအပွားဆုံး ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားရမယ်ဆိုတဲ့ နည်လမ်းတွေကို လုပ်ဆောင်လာကြသလို တချို့ကလည်း ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာတွေ စားသုံးရမယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲ ငြင်းခုန်နေကြသည်ဖြစ်ပါစေ ကာဗိုဟိုက်ဒရိတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အခန်းက ပါဝင်တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။ အခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာများကတော့ ကာဗိုဟိုက်ဒရိတ်ရဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်များအကြောင်း ဖြစ်ပါတယ်။ ၁။ ကိုယ်ခန္ဓာအတွက် စွမ်းအင်ထောက်ပံ့ပေးခြင်း ကာဗိုဟိုက်ဒရိတ်ရဲ့ လုပ်ငန်းတာဝန်တခုကတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာကနေရရှိတဲ့ ကာဗိုဟိုက်ဒရိတ်ကို ချေဖျက်ပြီး ဂလူးကို့စ်အဖြစ် ဖြိုခွဲပါတယ်။ ဂလူးကို့စ်ဟာ ဆဲလ်များအတွင်း ရောက်ရှိတဲ့အခါ ATP လို့ခေါ်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိုင်းရွိုက်အလုပ်လုပ်နည်းခြင်း (Hypothyridism) အတွက် စားသောက်မှုပုံစံ

သိုင်းရွိုက်ဟော်မုန်းနှစ်မျိုးဖြစ်တဲ့ triiodothyronine (T3) နဲ့ thyroxine (T4) ဟော်မုန်းများ လျော့နည်းနေရင် ဖြစ်တတ်ပါတယ်။ စားသောက်မှုပုံစံ ပြောင်းခြင်းသက်သက်နဲ့ သိုင်းရွိုက်အလုပ်လုပ်နည်းခြင်းကို ပြန်လည်မကုစားနိုင်ပေမယ့် အစားအစာတချို့ကို ရှောင်ကြဉ်ခြင်း၊ အစားအစာတချို့ကို ပိုမိုစားသုံးခြင်း စတာတွေဟာ အထောက်အကူ ပြုပါလိမ့်မယ်။ ရှောင်ကြဉ်သင့်သည့် အစားအစာများ အစားအစာတချို့နဲ့ အားဖြည့်ဓာတ်စာတချို့ဟာ သိုင်းရွိုက်ရဲ့လုပ်ငန်းတာဝန်ကို အနှောင့်အယှက်ပေးပါတယ်။ အောက်ပါ အစားအစာများကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ ပဲပိစပ် သုတေသနအချို့အရ ပဲပိစပ်မှာပါဝင်တဲ့ phytoestrogens ဟာ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်စေတဲ့ အင်ဇိုင်းတွေကို အတားအဆီးဖြစ်စေပါတယ်။ ပဲပိစပ်အစားများသူ အမျိုးသမီးများဟာ သိုင်းရွက်အလုပ်လုပ်နည်းခြင်းပြဿနာဖြစ်ဖို့ သုံးဆပိုမိုတယ်လို့ သိရပါတယ်။ အိုင်အိုဒင်းကြွယ်ဝသော အစားအစာများ သိုင်းရွိုက်ပြဿနာအချို့ဟာ အိုင်အိုဒင်းမလုံလောက်လို့ ဖြစ်ပွားတတ်ပါတယ်။ အဲဒီပြဿနာတွေမှာ အိုင်အိုဒင်းကို သုံးစွဲပေးရပါတယ်။ ဒါပေမယ့် အိုင်အိုဒင်းဆားဟာ သုံးစွဲမှုများလာရင်လည်း ဆန့်ကျင်ဖက် အာနိသင်ဖြစ်ပေါ်စေပြီး သိုင်းရွိုက်ကို အတားအဆီးဖြစ်စေပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက် သောက်မယ်ဆိုရင်

အခုနောက်ပိုင်း မှာ အရက် ကို လူကြီး၊ လူငယ်မရွေး သောက်လာကြတာကို ပိုပြီးတွေ့ရပါတယ်။ လူငယ်တွေမှာဆိုရင် ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေပါမကျန်  နောက်ပိုင်းမှာ အရက်ကို ဘား၊ ကလပ်တွေသွားပြီး ခေတ်မီအောင်ဆိုပြီး သောက်ကြတာ၊ အသည်းကွဲလို့သောက်တာ၊ စိတ်ညစ်လို့ သောက်တာ၊ ကြိုက်လို့သောက်တာ၊ သူငယ်ချင်းတွေ ခေါ်လို့ သောက်တာ စတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ သောက်လာကြပါတယ်။ စာရေးသူကလည်း အရက်သောက်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာ အသက်အန္တရာယ်နဲ့ လူငယ်တွေရဲ့ ဘဝကိုပါ ပျက်စီးစေတဲ့အထိဖြစ်စေနိုင်တဲ့အတွက် အရက် သောက်မယ်ဆိုရင် ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုတွေ ဖြစ်တတ်တယ် ဆိုတာလေးတွေကို သိထားပြီး အလွန်အကျွံမဖြစ်စေဖို့နဲ့ ကျန်းမာရေးမထိခိုက်မိစေဖို့အတွက် အရက်သောက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေကို မျှဝေပေးသွားချင်ပါတယ်။ အရက် သောက်မယ်ဆိုရင် အရက် သောက်မယ်ဆိုရင် ဒါတွေ ဖြစ်တတ်တယ်ဆိုတာ သိပြီးပြီလား...... ၁။ ဦးနှောက်ထိခိုက်မယ်။ အရက်သောက်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

ဘလူးဘယ်ရီသီးများဟာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံပဲ ဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဘလူးဘယ်ရီသီးရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ ကယ်လိုရီနည်းပြီး အာဟာရဓာတ်မြင့်မားခြင်း ဘလူးဘယ်ရီဟာ ဘယ်ရီသီးတွေကြားမှာ အာဟာရဓာတ် အသိပ်သည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဘလူးဘယ်ရီတခွက် (၁၄၈ ဂရမ်) မှာ - အမျှင်ဓာတ်။ ၄ ဂရမ် - ဗီတာမင် စီ။ တစ်နေ့တာလိုအပ်ချက်၏ ၂၄ % - ဗီတာမင် ကေ။ တစ်နေ့တာလိုအပ်ချက်၏ ၃၆% - မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၅% - ကယ်လိုရီ ၈၄ - ကာဘိုဟိုက်ဒရိတ် ၁၅ ဂရမ် စတာတွေပါဝင်ပါတယ်။ ၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ကိုယ်ခန္ဓာထဲက ဖရီးရယ်ဒီကယ်တွေရဲ့ဒဏ်ကို ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ မတည်ငြိမ်တဲ့ မော်လီကျူးတွေဖြစ်ပြီး ဆဲလ်တွေကိုပျက်စီးစေခြင်းကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း