ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအတွက် နှင်းသီး  စားပေးသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

    နှင်းသီးကို Rose Apple လို့ ခေါ်ကြသလို Malay Apple၊ Malay Rose Apple လို့လည်း ခေါ်ကြပါတယ်။ အိန္ဒိယမှာတော့ Jambu လို့ ခေါ်ကြပါတယ်။ နုနယ်ချိန်မှာ အစိမ်းနုရောင်ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ တဖြည်းဖြည်းပန်းရောင် ခပ်ရင့်ရင့်အဆင်းရှိလာတတ်ပါတယ်။

    အလုံးခပ်ကြီးကြီး နှင်းသီးတွေကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေပါတယ်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံတစ်မျိုးလည်းဖြစ်ပါတယ်။

    လေ့လာချက်တွေအရ နှင်းသီးမှာ Niacin၊ Riboflavin၊ Thiamin ဗီတာမင် A၊ ဗီတာမင် B12၊ ဗီတာမင် C၊ Calcium၊ Copper၊ Iron၊ Magnesium၊ Manganese၊ Phosphorus၊ Potassium၊ Sodium၊ Zinc နဲ့ Protein တို့ပါဝင်နေပြီး ဗီတာမင် A နဲ့ Potassium တို့ကတော့ ပမာဏအများစုဖြစ်ပါတယ်။

    နှင်းသီးရဲ့ ကျန်းမာရေး ကျေးဇူးတွေ

    ခုလို ပူပြင်းလှတဲ့နွေရာသီမျိုးမှာ အရည်ရွှဲရွှဲ အရသာရှိရှိ နှင်းသီးစားသုံးကြတာဟာ ရေဓာတ်မဆုံးရှုံးစေဖို့ အသုံးပြုသင့်လှတဲ့ နည်းလမ်းတစ်ခုပါ။

    အရှေ့တောင်အာရှ မျိုးရင်း စစ်စစ်ဖြစ်ပြီး အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေတဲ့ နှင်းသီးဟာ ရေဓာတ်အားဖြည့်ပေးတာ၊ ဆီးချိုကျစေတာနဲ့ ကိုယ်ခံအားစနစ်ကို မြှင်တင်ပေးတာ အပါအဝင် လူ့ကျန်းမာရေးကို အထောက်အကူပြုတဲ့အချက် ၁၄ ချက် အထိရှိပါတယ်။

    ဒါတွေကတော့

    • ၁။ ဆံကေသာကို ကျန်းမာစေတယ်
    • ၂။ ဆီးချိုရောဂါကို ထိန်းချုပ်ပေးတယ်
    • ၃။ အစောခြေဖျက်မှုစနစ်ကို အားပေးတယ်
    • ၄။ ကင်ဆာကို ကာကွယ်ပေးတယ်
    • ၅။ အဆိပ်သင့်နိုင်ခြေကို လျှော့ချပေးတယ်
    • ၆။ နှလုံးကျန်းမာရေးကို တိုးတက်စေတယ်
    • ၇။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်
    • ၈။ ဆီးအိမ်ပိုးကူးစက်ခြင်းအပါအဝင် တခြားသော ရောဂါပိုးကူးစက်မှုတွေကို တားဆီးနိုင်စွမ်းရှိတယ်
    • ၉။ ကိုယ်ဝန်ဆောင်ကာလမှာ ရေဓာတ်ဆုံးရှုံးမှုကို တားဆီးပေးတယ်
    • ၁၀။ အရိုးတွေကို သန်မာစေတယ်
    • ၁၁။ နာတာရှည် ကိုယ်ခံအားစနစ်ဖောက်ပြန်မှု ရောဂါဖြစ်တဲ့ Coeliac Disease ကို သက်သာစေနိုင်တယ်
    • ၁၂။ အသားအရည်ကို စိုပြည်စေတယ်
    • ၁၃။ UV ကို ကာကွယ်ပေးတယ်

    • ၁၄။ ဝက်ခြံတွေကို သက်သာစေတယ်

    တန်ဆေး လွန်ဘေး

    နှင်းသီးကို အစိမ်းအတိုင်းစားတာများပါတယ်။ ဒါ့အပြင် တခြားနည်းလမ်းတွေနဲ့လည်း စားလို့ရပါသေးတယ်။ တချို့ဒေသတွေမှာ ကိတ်မုန့်၊ မုန့်စတာတွေပြုလုပ်စားတာမျိုးလည်း ရှိပါတယ်။ ထိုင်းနဲ့ မလေးရှားတို့လို တိုင်းပြည်တွေမှာဆိုရင် သုပ်စားတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် သစ်သီးယိုအနေနဲ့လည်း ဖန်တီးမှီဝဲလို့ရပါတယ်။

    နှင်းသီးဟာ ကျန်းမာရေးကို အကျိုးပြုသလို စုံလင်စွာဖန်တီးမှီဝဲလို့ရတာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတစ်ချို့လည်း ရှိနေပါတယ်။ နှင်းသီးပင်ရဲ့ အရွက်၊ အစေ့နဲ့ အမြစ်တွေမှာ ဆိုင်ယာနိုက်အဆိပ် ပမာဏ မြင့်မြင့်မားမားပါဝင်နေတာမို့ ဒီဟာတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဓာတ်ပြည့်ဝစွာ ရရှိချင်ရင် သစ်သီးရဲ့ အခွံကို ဖယ်ပြီးမှ စားသုံးသင့်ပါတယ်။

    ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ဒီသစ်သီးကို ပမာဏအများအပြား မှီဝဲစားသုံးတော့မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement