အရိုးတွေမှာကော်လာဂျင်တွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အရိုးကျန်းမာရေးကို အကျိုးပြုတာလည်းများပါတယ်။ အသက်ကြီးလာလေ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်နည်းလာလေဖြစ်ပြီး အရိုးသိပ်သည်းဆလည်း လျော့လာတတ်ပါတယ်။ ဒီအချိန်မှာ အရိုးပွအရိုးပါးရောဂါ ဖြစ်နိုင်ခြေပိုများစေပြီး အရိုးကျိုးအက်မှုအန္တရာယ်လည်း များပါတယ်။ ဖြည့်စွက်ကော်လာဂျင်တွေ သောက်တဲ့အခါ အရိုးကိုအားဖြည့်ပေးပြီး ဒီပြဿနာတွေ ကာကွယ်ပေးနိုင်ပါတယ်။
(၄) ကြွက်သား သန်မာစေတယ်
ခန္ဓာကိုယ်ရဲ့ကြွက်သားတစ်ရှူးတွေ ၁၀ ရာခိုင်နှုန်းလောက်ကို ကော်လာဂျင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကြွက်သားတွေ သန်မာဖို့နဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ဖို့ ဒီပရိုတင်းကို လိုအပ်ပါတယ်။ အသက်ကြီးလာတဲ့အခါ လျော့ရဲလာတဲ့ ကြွက်သားတွေကို ပြန်လည်သန်မာစေဖို့ ကော်လာဂျင်က အထောက်အကူ ပေးနိုင်ပါတယ်။
(၅) နှလုံး အတွက် ကောင်းတယ်
သုတေသနတွေအရ ကော်လာဂျင်က နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါပြဿနာတွေ ဖြစ်လာနိုင်ခြေလျော့နည်းစေတယ်လို့ တွေ့ရှိထားပါတယ်။ ကော်လာဂျင်က နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးပို့လွှတ်မှုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ ကော်လာဂျင်ဓာတ် မလုံလောက်ရင် နှလုံးသွေးကြောတွေ အားနည်းပြီးရောဂါဖြစ်လွယ်နိုင်ပါတယ်။
(၆) ဆံပင်နဲ့ ခြေသည်းလက်သည်း ကျန်းမာစေတယ်
ကော်လာဂျင်သောက်ရင် လက်သည်းခြေသည်းကြွပ်ဆတ်၊ ကျိုးပဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ ခြေသည်းလက်သည်း ကျန်းမာလှပစေတယ်၊ ဆံပင်သန်စေတယ်၊ ဆံပင်အရှည်မြန်စေတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။