ငယ်ငယ်က မိုးရာသီရောက်ပြီဆိုရင် ကနစိုးသီး ချိုချိုလေးတွေ စားခဲ့ကြတာ မှတ်မိလား။ မိုးဦးကျ ကာလမှာ မိုးအေးအေးလေးနဲ့ စားလိုက်ရင်ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ကနစိုးသီးကို စားရတာ သဘောကျတယ်ဆိုရင်တေ့ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။
ထွက်မှာ သေချာပြီလား။
ငယ်ငယ်က မိုးရာသီရောက်ပြီဆိုရင် ကနစိုးသီး ချိုချိုလေးတွေ စားခဲ့ကြတာ မှတ်မိလား။ မိုးဦးကျ ကာလမှာ မိုးအေးအေးလေးနဲ့ စားလိုက်ရင်ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ကနစိုးသီးကို စားရတာ သဘောကျတယ်ဆိုရင်တေ့ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။
ကနစိုးသီးဆိုတာက အပြင်ခွံ ဝါဖန့်ဖန့်လေးနဲ့ အတွင်းမှာ အကြည်ရောင် ဒါမှမဟုတ် အဖြူရောင် အမွှာလေးတွေ ပါတတ်ပြီး အတွင်းက အစေ့ကတော့ ခရမ်းရောင်မကျ ပန်းရောင်မကျလေးပါ။ စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိပြီး မိုးကျပြီဆိုရင် အရသာချိုချိုလေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။
အမြဲစိမ်းပင်မျိုးဖြစ်ပြီး အထက်မြန်မာပြည် နဲ့ အောက်မြန်မာပြည်လိုမျိုး မိုးများတဲ့ ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အပင်အရွယ်အစားကတော့ အမြင့်ပေ ၄ဝ မှ ၅ဝ အထိရှိကြပြီး ပင်စည်လုံး ပတ်ကတော့ ၃ ပေမှ ၅ ပေလောက် ရှိကြပါတယ်။
ကနစိုးသီးမှာ
စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့ အရသာရှိတဲ့ ကနစိုးသီးက
ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ ကနစိုးသီးက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဝိတ်ချနေချိန်မှာ ကနစိုးသီး အပါအဝင် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေကို စားသုံးပေးတာက ကိုယ်အလေးချိန်ကို လျော့ကျစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ကိုယ်ခံအား ကောင်းစေတယ်
လှုပ်ရှားသွားလာမှုတိုင်းအတွက် အင်အားလိုအပ်ပါတယ်။ ဒီ အင်အားတွေ ပြည့်ဝနေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရကို ပြည့်ဝဖို့ လိုအပ်ပါမယ်။ ဒီအင်အားကို အဓိက glucose ကနေ ရရှိတာပါ။ glucose ကို စားသုံးလိုက်တဲ့ ကစီဓာတ်နဲ့ သကြားဓာတ်တွေကို ချေဖျက်မှုကနေ ရရှိတာဖြစ်ပါတယ်။ glucose ရရှိစေဖို့ဆိုရင် ကနစိုးသီးလေး စားပေးလို့ ရပါတယ်။
ကနစိုးသီးမှာ ကြွက်သားတွေ တည်ဆောက်မှုအပေါ် အများကြီးအားဖြည့်ပေးနေတဲ့ ပရိုတင်းဓာတ် ပါဝင်နေပါတယ်။ ကြွက်သားတွေ သန်စွမ်းစေဖို့ဆိုရင် ပရိုတင်း လုံလောက်ပြည့်ဝစွာ ရရှိဖို့ လိုအပ်မှာပါ။ ဒါကြောင့် ကြွက်သားတွေကို အကောင်းဆုံး အားဖြည့်နိုင်စေဖို့ဆိုရင် ကနစိုးသီး စားပေးလို့ရပါတယ်။
အဖျား သက်သာစေနိုင်တယ်
ဗီတာမင် C ကြွယ်ဝမှုကြောင့် ကနစိုးသီးကို မကြာခဏ စားသုံးပေးမယ်ဆိုရင် အအေးမိဖျားနာတာကို သိသိသာသာ သက်သာစေနိုင်မှာပါ။ ကနစိုးသီး စားသုံးတာက အအေးမိတာ၊ နာကျင်ရောင်ရမ်းတာနဲ့ နှာစေးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။
ကနစိုးသီးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးပွတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆကို အားဖြည့်ပေးနိုင် ပါတယ်။ အရိုးကျန်းမာသန်စွမ်းစေဖို့ ကယ်လ်ဆီယမ် ပြည့်ဝချင်တယ်ဆိုရင်တော့ ကနစိုးသီး စားပေးလို့ရပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Burmese Grape facts and health benefits https://www.healthbenefitstimes.com/burmese-grape/ Accessed Date 7 May 2020
Eat Burmese grapes, stay healthy! https://www.observerbd.com/details.php?id=84301 Accessed Date 7 May 2020
Burmese Grape https://www.fruitsinfo.com/burmese-grapes-tropical-fruit.php Accessed Date 7 May 2020