နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေဖို့အတွက် ရောဂါပိုးတွေ ကင်းဝေးနေဖို့လိုတာပေါ့။ ဒါဆိုရင် ဒီရောဂါပိုးမွှားတွေကို ရှေ့တန်းကနေ တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ် ကောင်းဖို့ဆိုတာ အရေးကြီးပါတယ်။
ထွက်မှာ သေချာပြီလား။
နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေဖို့အတွက် ရောဂါပိုးတွေ ကင်းဝေးနေဖို့လိုတာပေါ့။ ဒါဆိုရင် ဒီရောဂါပိုးမွှားတွေကို ရှေ့တန်းကနေ တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ် ကောင်းဖို့ဆိုတာ အရေးကြီးပါတယ်။
ကိုယ်ခံအားက နားလည်လွယ်အောင် ပြောပြရရင် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တိုက်ထုတ်ပေးတဲ့ ခံတပ်ကြီးပါ။ အအေးမိဖျားနာတာကစလို့၊ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ကူးစက်ခြင်းကို ခံနိုင်ရည်စွမ်းရှိအောင် မြှင့်တင်ပေးပါတယ်။
ကုသဆေး ကာကွယ်ဆေးမရှိသေးတဲ့ လတ်တလော အဖြစ်များနေတဲ့ COVID_19 ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ သဘာဝတရားကဖန်တီးပေးထားတဲ့ ရောဂါကာကွယ်ခုခံမှုစနစ် ကိုယ်ခံအားကောင်းနေဖို့ပါပဲ။ ကိုယ်ခံအားကပဲ ကုသဖို့ခက်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးမှာပါ။
ကိုယ်ခံအားစနစ်ကို ကိုယ်တိုင် ကောင်းအောင် လုပ်လို့ရသလို ကိုယ်ကိုယ်တိုင်က မသိလိုက်ပဲ အားနည်းသွားအောင် လုပ်မိနိုင်ပါတယ်။ ဒီနေရာမှာ ကိုယ်ခံအားအကြောင်းမပြောခင် ကိုယ်ခံအားကောင်းအောင် ထောက်ပံ့ပေးနေတဲ့ အရာလေးတစ်ခုအကြောင်း အရင်ပြောပြပါရစေ။ ဒါကတော့ Antioxidants လို့ ပြောပြောနေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။
Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဆိုတာက ဓာတ်တိုးပစ္စည်း (Free radicals) တွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာ ကိုယ်တွင်းမှာ မော်လီကျူးတွေ မျှခြေပျက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ညစ်ညမ်းလာတဲ့ ပတ်ဝန်းကျင် အနေအထား၊ လေထု၊ ရေထုတွေကြောင့် နေ့စဉ်နဲ့အမျှ ထိတွေ့နေရတဲ့ ဓာတ်တိုးပစ္စည်း (Free radicals) တွေက မနည်းပါဘူး။
Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) မှာ
ဓာတ်တိုးပစ္စည်း (Free radicals) တွေဆိုတာက ဆဲလ်တွေကနေ စွန့်ထုတ်လိုက်တဲ့ အရာတွေပါ။ ဒါတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ လိုပါမယ်။ မဖယ်ရှားနိုင်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါသေးတယ်။
ကိုယ်ထဲမှာ ဓာတ်တိုးပစ္စည်း (Free radicals) တွေများလာတဲ့အခါ နှလုံးရောဂါ၊ ကင်ဆာ၊ အဆစ်ရောင်နာ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ လေဖြတ်တာတွေ ဖြစ်စေနိုင်သလို ကိုယ်ခံအားကို ထိခိုက်စေပြီး အအေးမိဖျားနာဖြစ်လွယ်သလို ရောဂါတွေ ကူးစက်ခံရနိုင်ခြေလည်း တော်တော်လေး မြင့်သွားမှာပါ။
ဒီပြဿနာတွေကင်းစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တာက ကိုယ်တွင်းက ဓာတ်တိုးပစ္စည်း (Free radicals) တွေကို အကောင်းဆုံးထိန်းညှိပေးမယ့် Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပါပဲ။ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) က အသားအရေကနေစလို့ ကိုယ်ခံအားအထိ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်သမျှကို အကောင်းဆုံးဖြစ်စေဖို့ ပံ့ပိုးပေးပါတယ်။ ရောဂါတွေကနေ ကာကွယ်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပြည့်ဝနေဖို့လိုပါမယ်။
Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) မြင့်တက်စေဖို့ဆိုရင် လုပ်လို့ရတဲ့ နည်းလမ်း ၂ ခုရှိပါတယ်။ ဒါကတော့
ဗီတာမင် A – နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အသည်း
Beta-carotene (Beta-carotene ဆိုတာ Vitamin A ရဲ့ အခြေခံအုတ်မြစ်ပါ။) – မုန်လာဥနီ၊ ပဲတောင့်ရှည်၊ သရက်သီး၊ ဟင်းနုနွယ်၊ အခြား အနီ၊ လိမ္မော်၊ အစိမ်းရောင် သန်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ
ဗီတာမင် C– ဘယ်ရီသီးတွေ၊ မာလကာသီး၊ ငရုတ်ပွ၊ လိမ္မော်သီးအပါအဝင် အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ
ဗီတာမင် E– သစ်ကြားစေ့၊ နေကြာစေ့၊ ဟင်းသီးဟင်းရွက်ဆီတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
Lycopene – ခရမ်းချဉ်သီး၊ ဖရဲသီးတို့လိုမျိုး ပန်းရောင်၊ အနီရောင်ရှိတဲ့ အသီးအနှံတွေ
Lutein – ပြောင်းဖူး၊ သင်္ဘောသီး နဲ့ လိမ္မော်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
Selenium – ဆန်၊ပြောင်း၊ ဂျုံ၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ချိစ်၊ ပဲအမျိုးမျိုး တို့ စားသုံးပေးလို့ရပါတယ်။
ဒါတွေကနေတဆင့် Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) အမျိုးအစားတွေကို ပြည့်ပြည့်စုံစုံရနိုင်သလို အစားနည်းလာတဲ့ လူကြီးတွေအတွက် အထူးသီးသန့်ထုတ်ထားတဲ့ လိုအပ်တဲ့ အာဟာရပြည့်ဝ စုံလင်စွာပါဝင်နေတဲ့ ဖြည့်စွက်အာဟာရတွေကနေလည်း ရနိုင်ပါတယ်။
အစားအသောက်အပြင် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာကလည်း Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ကိုတိုးစေနိုင်ပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
How can antioxidants benefit our health? https://www.medicalnewstoday.com/articles/301506 Accessed Date 22 April 2020
The role of antioxidant supplement in immune system, neoplastic, and neurodegenerative disorders: a point of view for an assessment of the risk/benefit profile https://nutritionj.biomedcentral.com/articles/10.1186/1475-2891-7-29 Accessed Date 22 April 2020
Can Antioxidants Really Improve Immune Health? https://www.naturesbest.co.uk/our-blog/can-antioxidants-really-improve-immune-health/ Accessed Date 22 April 2020