backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သိုင်းရွိုက်အလုပ်လုပ်နည်းခြင်း (Hypothyridism) အတွက် စားသောက်မှုပုံစံ


Dr. Thant Zin မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သိုင်းရွိုက်အလုပ်လုပ်နည်းခြင်း (Hypothyridism) အတွက် စားသောက်မှုပုံစံ

သိုင်းရွိုက်ဟော်မုန်းနှစ်မျိုးဖြစ်တဲ့ triiodothyronine (T3) နဲ့ thyroxine (T4) ဟော်မုန်းများ လျော့နည်းနေရင် ဖြစ်တတ်ပါတယ်။ စားသောက်မှုပုံစံ ပြောင်းခြင်းသက်သက်နဲ့ သိုင်းရွိုက်အလုပ်လုပ်နည်းခြင်းကို ပြန်လည်မကုစားနိုင်ပေမယ့် အစားအစာတချို့ကို ရှောင်ကြဉ်ခြင်း၊ အစားအစာတချို့ကို ပိုမိုစားသုံးခြင်း စတာတွေဟာ အထောက်အကူ ပြုပါလိမ့်မယ်။

ရှောင်ကြဉ်သင့်သည့် အစားအစာများ

အစားအစာတချို့နဲ့ အားဖြည့်ဓာတ်စာတချို့ဟာ သိုင်းရွိုက်ရဲ့လုပ်ငန်းတာဝန်ကို အနှောင့်အယှက်ပေးပါတယ်။ အောက်ပါ အစားအစာများကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။

သုတေသနအချို့အရ ပဲပိစပ်မှာပါဝင်တဲ့ phytoestrogens ဟာ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်စေတဲ့ အင်ဇိုင်းတွေကို အတားအဆီးဖြစ်စေပါတယ်။ ပဲပိစပ်အစားများသူ အမျိုးသမီးများဟာ သိုင်းရွက်အလုပ်လုပ်နည်းခြင်းပြဿနာဖြစ်ဖို့ သုံးဆပိုမိုတယ်လို့ သိရပါတယ်။

သိုင်းရွိုက်ပြဿနာအချို့ဟာ အိုင်အိုဒင်းမလုံလောက်လို့ ဖြစ်ပွားတတ်ပါတယ်။ အဲဒီပြဿနာတွေမှာ အိုင်အိုဒင်းကို သုံးစွဲပေးရပါတယ်။ ဒါပေမယ့် အိုင်အိုဒင်းဆားဟာ သုံးစွဲမှုများလာရင်လည်း ဆန့်ကျင်ဖက် အာနိသင်ဖြစ်ပေါ်စေပြီး သိုင်းရွိုက်ကို အတားအဆီးဖြစ်စေပါတယ်။ ဒါကြောင့် အိုင်အိုဒင်း မစားသုံးခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

  • သံဓာတ်နှင့် ကယ်လ်ဆီယမ်ဖြည့်စွက်စာများ

အဆိုပါ ဖြည့်စွက်စာများဟာ သိုင်းရွိုက်လုပ်ငန်းတာဝန်တွေအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာများကို ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သတ်မှတ်ထားပေမယ့် သိုင်းရွိုက်ဆေးတွေသောက်ပြီး အမျှင်ဓာတ်များများ စားမိရင် ဆေးတွေကို စုပ်ယူရာမှာ အဟန့်အတား ဖြစ်စေပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေနဲ့ ၂နာရီခန့် ခြားပြီးမှ သောက်သုံးသင့်ပါတယ်။

  • အသီးအရွက်နှင့် အစားအသောက်အချို့
  • ဂေါ်ဖီအုပ်စုဝင်အပင်တွေဖြစ်တဲ့ ပန်းပွင့်စိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်အသေး စတာတွေဟာ သိုင်းရွိုက်ဆေးတွေကို အဟန့်အတားဖြစ်စေပါတယ်။ အဆိုပါ အသီးအရွက်တွေကို သိုင်းရွိုက်ဆေးများနဲ့ အချိန်ခွာပြီး စားသုံးသင့်ပါတယ်။

    ဒါ့အပြင် ကဖိန်း၊ ဆေးရွက်ကြီး၊ အယ်လကိုဟော စတာတွေဟာ သိုင်းရွိုက်ဆေးဝါးတွေရဲ့ အာနိသင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

    စားသုံးသင့်သည့် အစားအစာများ

    ယေဘုယျအားဖြင့် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းဟာ ကျန်းမာရေးကို တိုးတက်စေပြီး သိုင်းရွိုက်ဂလင်းအတွက်လည်း အကျိုးဖြစ်ထွန်းစေပါတယ်။ အောက်ဖော်ပြပါ အစားအစာနဲ့ ဖြည့်စွက်ဓာတ်စာများဟာ သိုင်းရွိုက်ပြဿနာအတွက် အထောက်အကူပြုပါတယ်။

    ဘလူးဘယ်ရီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ အခြား အသီးအနှံများဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း တိုးတက်စေပါတယ်။ ဗီတာမင်ဘီကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းကလည်း အထောက်အကူ ပြုပါတယ်။

    • ဆီလီနီယမ်
    • သိုင်းရွိုက်ဟော်မုန်းကို ကောင်းစွာအလုပ်လုပ်စေမယ့် အင်ဇိုင်းတွေအတွက် ဆီလီနီယမ်ကို လိုအပ်ပါတယ်။ နေကြာစေ့၊ Brazil nut စတဲ့ ဆီလီနီယမ်ကြွယ်ဝတဲ့ အစေ့အဆန်တွေ စားသုံးပေးခြင်းဟာ အကျိုးရှိပါတယ်။

      • တိုင်ရိုစင်း

      အမိုင်နိုအက်ဆစ်တမျိုးဖြစ်ပြီး T3 နဲ့ T4 သိုင်းရွိုက်ဟော်မုန်း နှစ်မျိုးကို ထုတ်လုပ်ပေးဖို့အတွက် သိုင်းရွိုက်ဂလင်းကနေ အသုံးပြုပါတယ်။ တိုင်ရိုစင်းကို အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး စတာတွေကနေ ရရှိနိုင်ပါတယ်။ ဖြည့်စွက်စာတွေအနေနဲ့လည်း ရနိုင်ပါတယ်။

      Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


      Dr. Thant Zin မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement