backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

ဘလူးဘယ်ရီသီးများဟာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံပဲ ဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဘလူးဘယ်ရီသီးရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁။ ကယ်လိုရီနည်းပြီး အာဟာရဓာတ်မြင့်မားခြင်း

ဘလူးဘယ်ရီဟာ ဘယ်ရီသီးတွေကြားမှာ အာဟာရဓာတ် အသိပ်သည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဘလူးဘယ်ရီတခွက် (၁၄၈ ဂရမ်) မှာ

– အမျှင်ဓာတ်။ ၄ ဂရမ်

– ဗီတာမင် စီ။ တစ်နေ့တာလိုအပ်ချက်၏ ၂၄ %

– ဗီတာမင် ကေ။ တစ်နေ့တာလိုအပ်ချက်၏ ၃၆%

– မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၅%

– ကယ်လိုရီ ၈၄

– ကာဘိုဟိုက်ဒရိတ် ၁၅ ဂရမ် စတာတွေပါဝင်ပါတယ်။

၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ကိုယ်ခန္ဓာထဲက ဖရီးရယ်ဒီကယ်တွေရဲ့ဒဏ်ကို ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ မတည်ငြိမ်တဲ့ မော်လီကျူးတွေဖြစ်ပြီး ဆဲလ်တွေကိုပျက်စီးစေခြင်းကြောင့် အိုမင်းရင့်ရော်လွယ်ခြင်း၊ ကင်ဆာကဲ့သို့ ရောဂါများဖြစ်စေခြင်း စတာတွေ ဖြစ်စေပါတယ်။

ဘလူးဘယ်ရီမှာ flavonoid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။ အဆိုပါဓာတ်တိုးပစ္စည်းဟာ လူသားတို့ရဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။

၃။ မျိုးရိုးဗီဇ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးခြင်း

ဓာတ်တိုးခြင်းဖြစ်စဉ်ကြောင့် ဒီအန်အေမျိုးရိုးဗီဇကို ထိခိုက်စေနိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ လူသားတို့ခန္ဓာကိုယ်မှာ ကြုံတွေ့နေကြဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ အဆိုပါ ထိခိုက်ပျက်စီးမှုကြောင့် အိုမင်းရင့်ရော်ခြင်း၊ ရောဂါထူးပြောခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

သုတေသနတခုရဲ့ဖော်ပြချက်အရ ဘလူးဘယ်ရီနဲ့ပန်းသီးရောစပ်ထားတဲ့ ဖျော်ရည်ကို နေ့စဉ် တစ်လီတာသောက်သုံးပေးတဲ့အခါ တစ်လကြာပြီးတဲ့အခါ ဖရီးရယ်ဒီကယ်တွေကြောင့် ဒီအန်အေထိခိုက်မှုနှုန်းဟာ ၂၀% ထိ လျော့ကျသွားစေတယ်လို့ သိရပါတယ်။

၄။ ကိုလက်စထရောကို ကျစေခြင်း

လူ့ခန္ဓာကိုယ်ထဲမှာ ဘေးဖြစ်စေတတ်တဲ့ LDL ကိုလက်စထရောဆိုတာ ရှိပါတယ်။ အဆိုပါ ကိုလက်စထရောဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဘလူးဘယ်ရီဟာ LDL ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးအတွက်လည်း အကျိုးပြုပါတယ်။

တစ်နေ့ကို ဘလူးဘယ်ရီ ၂အောင်စ (၅၀ ဂရမ်) စားပေးခြင်းဟာ ၈ ပတ်ကြာတဲ့အခါ LDL ကိုလက်စထရောကို ၂၇% ထိ ကျဆင်းသွားစေတယ်လို့ ဆိုပါတယ်။

၅။ သွေးတိုးကျစေခြင်း

ဘလူးဘယ်ရီဟာ သွေးတိုးတတ်သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ အဝလွန်နေသူများနဲ့ ၈ပတ်ကြာပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ဘလူးဘယ်ရီသီးကို တစ်နေ့ ၂ အောင်စ (၅၀ ဂရမ်) စားသုံးပေးခြင်းဟာ သွေးပေါင်ချိန်ကို ၄-၆% လျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။

၆။ နှလုံးရောဂါကို ကာကွယ်ပေးခြင်း

ဘလူးဘယ်ရီမှာ anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။ အဆိုပါဓာတ်တိုးပစ္စည်းဟာ နှလုံးထိခိုက်ခြင်း (heart attack) ဖြစ်နိုင်ခြေကို ၃၂% လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

၇။ ဦးနှောက်၏ လုပ်ငန်းတာဝန်ကိုကောင်းစေပြီး မှတ်ဉာဏ်တိုးတက်စေခြင်း

ဓာတ်တိုးဖိစီးမှုများဟာ ဦးနှောက်ရဲ့အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်နဲ့ မှတ်ဉာဏ်များကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘလူးဘယ်ရီမှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းများဟာ ဦးနှောက်ကို စောစီးစွာ ထိခိုက်ပျက်စီးမယ့် ဖြစ်စဉ်ကနေ ကာကွယ်ပေးပါတယ်။

သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ သိမှတ်မှုစွမ်းရည်မှာ ပြဿနာရှိတဲ့ သက်ကြီးပိုင်း ဘလူးဘယ်ရီဖျော်ရည်ကို နေ့စဉ်တိုက်ပေးတဲ့အခါ ၁၂ပတ်ကြာတဲ့အခါ ဦးနှောက်လုပ်ငန်းတာဝန်တွေ တိုးတက်မှုရှိလာကြောင်း တွေ့ရပါတယ်။

၈။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးခြင်း

ဘလူးဘယ်ရီမှာပါတဲ့ ဓာတ်ပစ္စည်းများဟာ ဆီးအိမ်နံရံမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိတွယ်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

၉။ ကြွက်သားများ ထိခိုက်ပျက်စီးမှုကို လျော့နည်းစေခြင်း

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးတဲ့အခါ ကြွက်သားများ ရောင်ရမ်းထိခိုက်စေတတ်ပါတယ်။ ဘလူးဘယ်ရီ ဖြည့်စွက်စာတွေဟာ ဒီလိုထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ အမျိုးသမီး အားကစားသမား ၁၀ ယောက်ကို ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းကြောင့် ရရှိလာတဲ့ ကြွက်သားထိခိုက်မှုတွေကို ဘလူးဘယ်ရီက သက်သာစေတယ်လို့ ဆိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement