၁။ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်တော့မှ မသောက်ပါနဲ့။
ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓာတ်၊ အသားဓာတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။
၂။ အဆီအစိမ့်စားပေးပါ။
အဆီများတဲ့ အစားအစာတွေက ခန္ဓာကိုယ်က အရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။
၃။ ရေသောက်ပါ။
အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျ တဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။
၄။ ဆေးလိပ်လျှော့သောက်ပါ။
ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် တတ်နိုင်ရင် မသောက်ပါနဲ့။ မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်ပါ။
၅။ အချဉ်တစ်ခုခု စားပေးပါ။
အရက်သောက်နေတဲ့အချိန်အတွင်း ချဉ်တဲ့ အသီးအနှံတစ်ခုခု ဒါမှမဟုတ် အချဉ်အရသာရှိတဲ့ အအေးကိုပါ တွဲပြီး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အချဉ်ဓာတ်ဟာ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်စေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ အပြင်ကို ထွက်လာစေအောင် ကူညီပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။