သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အရသာရှိရှိ ဆေးဘဲဥ သုပ်စားကြရာဝယ်

    အရသာရှိရှိ ဆေးဘဲဥ သုပ်စားကြရာဝယ်

    ဆေးဘဲဥ လို့ ပြောလိုက်ရင် ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘဲ လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

    ဒါကိုမှ ပြန်ပြုတ်ပြီး အခွံခွာ၊ အရွယ်တော်လေးတွေ စိတ်၊ ကြက်သွန်စိမ်း၊ ခရမ်းချဉ်သီးသံပရာရည်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း စတာတွေနဲ့ အရသာနှစ်သက်သလို ထည့်လို့ သုပ်စားကြသလို ပြန်မပြုတ်ဘဲ ဒီအတိုင်း သုပ်စားတဲ့သူတွေလည်း ရှိပါတယ်။

    အရွက်ကြော်တွေထဲမှာ ထည့်စားကြတာ၊ ဒင်းဆမ်းထဲမှာ အသားနဲ့တွဲပြီး ထည့်သွင်းစားသုံးတာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဒီလို နှစ်ခြိုက်စွာ စားသုံးနေတဲ့ ဆေးဘဲဥလေးရဲ့ ကျန်းမာရေး အကျိုးပြုပုံလေးကို ပြောပြပေးသွားပါမယ်။

    ဆေးဘဲဥ ဆိုတာ

    ဆေးဘဲဥဆိုတာ ကာလရှည်ကြာ စီမံပြုလုပ်ထားတဲ့ စားစရာပါ။ ရှေးခေတ် တရုတ်လူမျိုးတွေက စတင် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နှစ်ရာနဲ့ချီတာရှိသလို နှစ်ထောင်ချီထားတဲ့ ဆေးဘဲဥတွေလည်း ရှိကြပါတယ်။ ဘဲဥကို တာရှည်ခံစေဖို့ ရွှံ့စေး၊ ပြာ၊ ဆား၊ ထုံး၊ စပါးခွံတွေနဲ့ မံပြီး အပူပေးလို့ သေချာ စီမံ ပြုလုပ်ကြပါတယ်။

    ဆေးဘဲဥ ဖြစ်လာဖို့ အနည်းဆုံး ၈ လ ထားရပါတယ်။ ဒါမှ အနှစ်လေးက ညိုတိုတိုလေးနဲ့ အပြင်ခွံ့ အဝါရောင် ဂျယ်လီသားလေး ဖြစ်မှာပါ။ စနစ်တကျ ဖော်စပ်ပြုလုပ်ထားတာကြောင့် ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် စားသုံးကြတာပေါ့။

    ဘဲဥဆိုတာထက် ပိုတဲ့ ဆေးဘဲဥ

    ဆေးဘဲဥဆိုတာ ဘဲဥကို လုပ်ထားတာပဲလေ ဘဲဥလိုပဲ ကျန်းမာရေး အကျိုးကျေးဇူးရမှာပေါ့ဆိုရင်တော့ မဟုတ်ပါဘူး။ ဘဲဥထက် ပိုတဲ့ ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်လို့ ပြောပါရစေ။ ဆေးဘဲဥက

    သံဓာတ် ကြွယ်ဝတယ်

    ဆေးဘဲဥက သံဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပြီး သွေးအားနည်း ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုးစေတယ်။

    ဆီလီနီယမ် ပါဝင်တယ်

    ဆေးဘဲဥမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဆီလီနီယမ်ပါဝင်တာကြောင့် သွေးမတိုးစေဖို့ ကာကွယ်ပေးသလို သိုင်းရွိုက်ပြဿနာတွေ မခံစားရစေဖို့လည် ကာကွယ်ပေးပါတယ်။

    ပရိုတင်း ကြွယ်ဝတယ်

    ဆေးဘဲဥရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင်ကတော့ ပရိုတင်း ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီး ကြွက်သားတွေကို သန်မာစေတာပါ။ အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့လည်း ကူညီပေးပါသေးတယ်။

    ဗီတာမင် D ပါဝင်တယ်

    ဆေးဘဲဥမှာ ဗီတာမင် D ပါဝင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

    ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတယ်

    ဆေးဘဲဥက ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေ၊ ဝိတ်ချချင်သူတွေအတွက် အထူး သင့်တော်ပါတယ်။

    အသည်း ကျန်းမာစေတယ်

    ဆေးဘဲဥက အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာ တစ်ရပ် ဖြစ်တဲ့ သွေးတိတ်စေဖို့လည်း ကူညီပေးပါသေးတယ်။

    အစားစားချင်စိတ် တိုးစေတယ်

    ဆေးဘဲဥလေးရဲ့ နောက်ထပ် အာနိသင်တစ်ခုက အစားစားချင်စိတ်ကို လှုံ့ဆော်ပေးတာပါ။ အစားစားချင်စိတ် မရှိသူတွေ၊ ခံတွင်းပျက်သူတွေအနေနဲ့ စားသုံးပေးလို့ ရပါတယ်။

    မျက်လုံး ကျန်းမာစေတယ်

    ဆေးဘဲဥ စားပေးတာက မျက်လုံး ခြောက်တာ၊ အတွင်းတိမ်နဲ့ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်လုံး ပြဿနာ၊ အမြင်အာရုံ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    ကဲ………ဆေးဘဲဥက စားလို့လည်းကောင်း၊ အရသာလည်းရှိ၊ ကျန်းမာရေးလည်း အကျိုးပြုတယ်ဆိုတော့ စားပေးသင့်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောပါဝင်မှု ရှိနေတာကြောင့် အများကြီး မစားဖို့တော့ ပြောပါရစေ။

    ဘာတွေ သတိထားဖို့ လိုမလဲ

    ဆေးဘဲဥက ကျန်းမာရေး အကျိုးများတယ်ဆိုပေမယ့် ကိုလက်စထရော ပါဝင်မှု များတာကြောင့် အလွန်အကျွံ မစားဖို့ လိုပါမယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    သွေးတွင်းကိုလက်စထရော များသူတွေ မစားသင့်ပါဘူး။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    10 CENTURY EGG HEALTH BENEFITS THAT WILL SURPRISE YOU https://goodyfeed.com/10-surprising-health-benefits-of-century-eggs-you-probably-didnt-expect/ Accessed Date 27 September 2020

    Are Century Eggs Healthy? This Everyone Should Know https://nutrineat.com/are-century-eggs-healthy Accessed Date 27 September 2020

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။