ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အဝလွန်ခြင်း

ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး

အသီးအနှံများကို လေ့လာကြည့်လျှင် အများစုမှာ ကျန်းမာရေး အတွက် အကျိုးပြုသည်ကို တွေ့ရပါမည်။ အရသာ ရှိရုံမျှမက ဗီတာမင် နှင့် အခြားသောအာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်ပါသည်။ အသီးအနှံများကို စုံလင်စွာ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ခန္ဓာကိုယ်၏ လုပ်ငန်းများကိုလည်း ပိုမို ကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါသည်။ သို့သော်လည်း အသီးအနှံ အားလုံးတိုင်းမှာ သင်၏ ခန္ဓာကိုယ်ကို လှပစေနိုင်မည် မဟုတ်ပါ။ တချို့သီးနှံများမှာ လွန်ကဲစွာ စားသုံးပါက ကိုယ်အလေးချိန် တိုးစေနိုင်သော အာနိသင်လည်း ရှိပါသည်။ ကဲ .... ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး က ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုးကတော့ ငှက်ပျောသီး မနက်စာအဖြစ် ငှက်ပျောသီးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သစ်သီး များကိုနည်းမှန်လမ်းမှန်ဘယ်လို စားသုံးကြမလဲ

သစ်သီး ဝလံများတွင် ကျန်းမာရေးအတွက် အကျိုးပြုသော ဗီတာမင်များ၊ သတ္ထုဓာတ်များ ၊ ပိုတက်ဆီယမ်၊ဖောလစ်အက်စစ် ၊ အမျှင်ဓာတ် နှင့် ကင်ဆာ ကို အံတုနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။ သစ်သီးများကို နေ့စဉ်စားသုံးသူများတွင် နာတာရှည်ရောဂါ ဖြစ်ပွားမှု လျော့နည်းသည်ကို တွေ့ရသည်။ သို့သော် သစ်သီးများ မစားသုံးမီ သတိပြုဖွယ် အချက်အချို့တော့ရှိပါသည်။ သစ်သီး များကိုကျွန်ုပ်တို့စားသုံးသော နည်းသည်မှားယွင်းနေသလား သစ်သီးများ အားလုံးတွင် လိုအပ်သောအာဟာရများအားလုံးပါဝင်နေသည်ဟု ယူဆမိခြင်းသည်(လုံးဝ)မှားယွင်းသောအယူအဆဖြစ်ပါသည်။ ဥပမာအားဖြင့်နာနတ်သီးနှင့် ဘလူးဘယ်ရီသီး ကိုကြည့်ပါ။ နှစ်မျိုးစလုံးတွင်ဗီတာမင်ဓါတ်များပါဝင်သော်လည်းကာဘိုဟိုက်ဒရိတ်၊သကြားဓါတ်နှင့်အမျှင်များပါဝင်မှုမှာကွဲပြားသည်။ ကိုယ်အလေးချိန် လျှော့ချလိုသူ အနေဖြင့် နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီးများသည် အချိုဓါတ် လွန်စွာ များပြားသည့်အတွက် မရွေးချယ်သင့်ပါ။ အရောင်ရင့်အသီးများဥပမာ-စပျစ်သီးနှင့် ဘလူးဘယ်ရီသီးများကိုသာရွေးချယ်ပေးပါ။ ထို့ကြောင့်အသီးများအားလုံးကိုပမာဏအတူတူမစားသင့်ပါ။ မိမိအတွက်သင့်တော်မည့်အသီးကိုစဉ်းစားပြီးရွေးချယ်စားသုံးသင့်သည်။ သစ်သီးများကိုလည်း လိုအပ်သည်ထက်ပို မစားသင့်ပါ ကိုယ်အလေးချိန်လျှော့ချလိုသော အစီစဉ်ရှိလျှင် ထိုသို့မတွေးသင့်ပါ။ ကစီဓါတ် မပါသော ဟင်းသီးဟင်းရွက်များကို ကြိုက်သလောက် စားနိုင်သော်လည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အခြေခံလိုအပ်သောအာဟာရအားလုံးပါဝင်စေမည့် ကျန်းမာသောစားသောက်မှုပုံစံ

-အစားအစာများ သည် သင်၏စိတ်ရောကိုယ်ပါကျန်းမာ ဖို့ အတွက် အာဟာရမျိုးစုံကို ထောက်ပံ့ပေးသည်။ အမျိုးစုံလင်လှသော အစားအသောက်များကို သင့်တော်သော အချိုးအစား နှင့် ပေါင်းစပ်စားသုံးခြင်းသည် သင့်ကျန်းမာရေးကို မြှင့်တင်ပြီး ရောဂါများကို ကာကွယ်နိုင်ဖို့ အတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ ကျန်းမာရေးနှင့်ညီညွတ်အောင်မည်သို့စားမည်နည်း။ အာဟာရဓါတ်အမယ်စုံကို အချိုးအစားမျှတစွာ စားသုံးတတ်ရပါမည်။ အစားအသောက် တစ်ခုချင်းစီတွင် အကျိုးအာနိသင်အသီးသီးရှိကြသည့် အတွက် အမယ်စုံအောင် စားမှသာလျှင် ခန္ဓါကိုယ်အတွက်လိုအပ်သော အာဟာရကိုရရှိနိုင်မည်။ ထို့ပြင် အာဟာရဓါတ်များစုံလင်အောင် စားသုံးပေးခြင်းဖြင့် အရသာနှင့်ပြည့်စုံစေပြီး ငြီးငွေ့ခြင်းမရှိဘဲ အမြဲတမ်းခံတွင်းကောင်းနေမည်ဖြစ်သည်။ ပါဝင်သင့်သောအစာအုပ်စုကြီး (၅)မျိုး (၁)ဟင်းသီးဟင်းရွက်နှင့်ပဲအမျိုးမျိုး အရန်ဟင်းအနေဖြင့် မုန်လာဥနီကြော် ၊ တရုတ်နံနံစသည်တို့ကိုအသုံးပြုနိုင်သည်။ နေ့လည်စာနှင့်ညစာတွင် အသီးအရွက်ကြော်၊ အရွက်သုပ် ၊ အစိမ်းကြော် ၊ ဟင်းရွက်ဟင်းချို စသည်တို့ကိုစားပေးနိုင်သည်။ ဟင်းသီးဟင်းရွက်များသည် အာဟာရဓါတ်ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် လူတိုင်းစားပေးသင့်ပါသည်။ (၂)အသီးအနှံများ အသီးအနှံများကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်ဖက်ရည် သည် လူကို စွဲလမ်းစေပါသလား

အမေရိကန်နိုင်ငံ လက်ဖက်ရည်သောက်သုံးသူများအသင်း၏ အဆိုအရ ကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက် ပိုမိုသောက်သုံးကြသည်ဟု ဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်သော်လည်း လက်ဖက်ရည်တွင် ပါဝင်သော ကဖင်းဓာတ်မှာ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်စေနိုင်ပါသည်။ လက်ဖက်ရည် သောက်သုံးသောနည်းလမ်းနှင့် ပမာဏပေါ် မူတည်၍ ကဖင်းဓာတ်က ကောင်းကျိုးဆိုးပြစ်များ ဖြစ်စေနိုင်ပါသည်။ သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည် လူကို လန်းဆန်းစေနိုင်ပြီး စွမ်းအင်ရအောင် နှိုးဆွပေးနိုင်သော်လည်း များပြားစွာ သောက်သုံးပါက ကဖင်းဓာတ်ကို စွဲလမ်းစေပါသည်။ လက်ဖက်ရည် မှ ကဖင်းဓာတ်ကို စွဲလမ်းစေခြင်း ကဖင်းဓာတ်သည် ဗဟိုအာရုံကြောမစနစ်ကို လှုံ့ဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလမ်းခြင်း ဖြစ်လာနိုင်ပါသည်။ ဆေးစွဲခြင်းလိုမျိုးတော့ ကဖင်းဓာတ်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို အန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓာတ်ကို စွဲလမ်းပါက စွဲလမ်းနေမှန်း သတိပြုမိမည်လည်း မဟုတ်ပါ။ စွဲလမ်းသူအနေနဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ […]


အားကစားသမားများအတွက်အာဟာရ

ကြွက်သားတည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာ ၁၀ မျိုး

ကြွက်သားတည်ဆောက်မှုအတွက်ကြိုးပမ်းနေချိန်အတွင်းမှာ လေ့ကျင့်ခန်းနဲ့ အလေးမခြင်းဆိုတာ ဖော်မြူလာရဲ့တစ်စိတ်တစ်ပိုင်းတွေသာဖြစ်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ သင့်အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရဓါတ်စာကို စားသုံးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုစားသုံးခြင်းက ကြွက်သားတည်ဆောက်မယ့်ပရိုတင်းဓါတ်ကိုရရှိစေနိုင်ရုံမက သင့်ရဲ့လေ့ကျင့်ခန်းတွေအပြီးအစီးလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားနဲ့အာဟာရဓါတ်တွေ ရရှိနိုင်ဖို့ ခန္ဓါကိုယ်ကိုထောက်ပံ့ပေးပါတယ်။ ကြွက်သားတည်ဆောက်ရေးမှာ ပရိုတင်းကအဓိကအာဟာရဖြစ်တယ်လို့ ယူဆထားကြတာဖြစ်ပေမယ့် ကြွက်သား သန်မာကြီးထွားဖို့အတွက် အကောင်းဆုံးဓါတ်စာထဲမှာပါဝင်တဲ့ တစ်ခုတည်းသောပါဝင်ပစ္စည်းတော့မဟုတ်ပါဘူး။ လိုအပ်တာက အာဟာရဓါတ်ညီညွတ်မျှတတဲ့ စားသောက်ပုံမှာ အသီးနဲ့ဟင်းသီးဟင်းရွက်တွေများများပါဝင်ပြီး ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးနိုင်ဖို့ ကာဗိုဟိုက်ဒရိတ်၊ အကျိုးပြုအဆီဓါတ်တွေနဲ့ ပရိုတင်းပါတဲ့အစားအစာတွေကိုလည်း လိုအပ်ပါတယ်။ ကြွက်သားတွေဖြစ်လာဖို့ ဘာတွေစားရမလဲ ပရိုတင်းဓါတ်ကြွယ်ဝပြီးအဆီနည်းတဲ့အစားအစာတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် ၎င်းအစားအစာတွေချည်းစားတာထက် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ စားသောက်ပုံဓါတ်စာအတွင်း ထည့်သွင်းစားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ (၁) သံလွင်ဆီ သံလွင်ဆီအကြောင်း ထည့်မပြောဘဲနဲ့တော့ ကြွက်သားတွေကြီးထွားနိုင်ဖို့ အကြောင်းကို ဆွေးနွေးလို့မရပါဘူး။/ကြွက်သားကြီးထွားရေးအကြောင်း ဆွေးနွေးမယ် ဆိုရင် သံလွင်ဆီကတော့မပါမဖြစ်ပါပဲ။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကယ်လိုရီ ၁၂၀ ပါဝင်တဲ့ သံလွင်ဆီဟာ ကြွက်သားတည်ဆောက်မယ့်ကယ်လိုရီတွေ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့စည်းကမ်းတွေကဘာတွေလဲ

အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့ စည်းကမ်းတွေ ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတိုင်းဟာ အစားအသောက်ဆင်ခြင်ဖို့ ပြင်ဆင်တတ်ကြပါတယ်။ တချို့သော အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေကို သင့်အနေနဲ့ ကြားဖူးလိမ့်မယ်။ လိုက်လုပ်ကောင်းလည်း လုပ်ဖူးပါလိမ့်မယ်။ အစားအသောက်ထိန်းခြင်းနဲ့ ပတ်သက်ပြီး သင်အများဆုံးကြားဖူးထားတဲ့ နည်းအချို့ဟာ တကယ်တမ်းမှာ သင့်ကိုယ်အလေးချိန်ကို လျှော့ချဖို့ ကူညီမပေးနိုင်ကြပါဘူး။ ဒီနည်း(၈)ခုကတော့ သင့်အနေနဲ့ လိုက်မလုပ်လည်း ရတဲ့ နည်းတွေ ဖြစ်ပါတယ်။ ၁။ ညဘက်မှာ အစာစားခြင်းက သင့်ကို ဝစေတယ်။ တကယ်တော့ အဆီတက်တယ်ဆိုတာဟာ ၂၄နာရီအချိန်အတွင်းမှာ သင်ဘယ်လောက်စားသောက်နေသလဲ ဆိုတာနဲ့ အဓိကဆိုင်ပါတယ်။ သင်ဘာတွေ စားတယ်၊ ဘယ်လောက်ပမာဏစားတယ်၊ သင်ဘယ်လောက် လှုပ်ရှားမှုရှိတယ် ဆိုတာတွေက သင်ဘယ်အချိန်စားတယ် ဆိုတာထက် ပိုအရေးကြီးပါတယ်။ ၂။ ပုံမှန်အချိန်သတ်မှတ်ပြီး တစ်နေ့ကို ၅ကြိမ်စားပါ အကောင်းဆုံးကတော့ နာရီက သင့်ကို အစားစားချိန်ရောက်ပြီလို့ ပြောတာထက် ဗိုက်ဆာတဲ့အချိန် စားလိုက်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ […]


အဝလွန်ခြင်း

ခန္ဓါကိုယ်တွင်းအဆီဓါတ် ကိုလက်စထရောဆိုင်ရာ ဒဏ္ဍာရီသို့မဟုတ် ယုံတမ်းစကား

လူတစ်ဦးအတွက် တစ်နေ့ သို့မဟုတ် တစ်ပတ်အတွက် ကြက်ဥမည်မျှ များများ အန္တရာယ် မရှိဘဲစား နိုင်သနည်း ဆိုသည်ကို ဆေးပညာရှင် တစ်ဦးအနေဖြင့် မကြာခဏအမေးခံရဖူးသည်။ ကိုလက်စထရောဟုခေါ်သော အဆီဓါတ်သည် နှလုံးရောဂါကိုဖြစ်စေသည်ဟုယုံကြည်ကြသည့်အတွက် ကိုလက်စထရော ကြွယ်ဝသော ကြက်ဥများကိုစားသုံးခြင်းသည် ကျွန်ုပ် ကျန်းမာရေးအတွက် မကောင်းနိုင်ဟု မှားယွင်းယူဆမိကြသည်။ ကျွန်ုပ်တို့နေ့စဉ်စားသော အစားအစာများတွင် ကြက်ဥသည် ကြက်သားကဲ့သို့ပင်ကောင်းမွန်သည် ကိုတွေ့ရသည်။ ကြက်ဥတွင် ကိုလက်စထရောပါဝင်ခြင်းသည်အဓိက မကျလှဘဲ အထဲတွင် ပါဝင်သောအိုမီဂါ အက်စစ် အချိုးအစားက ပို၍အရေးပါသည်။ ပုံမှန်အားဖြင့် ကြက်ဥတွင် အိုမီဂါ အက်စစ် နံပါတ်၃ ကတစ်ဆ၊အိုမီဂါအက်စစ် နံပတ်၆က ၄ဆအထိပါဝင်နိုင်သည်။ သို့သော် မွေးမြူရေးကြက်ဥများတွင် အိုမီဂါအက်စစ် နံပါတ်၆သည် ၁၆ ဆမှ ၃၀ ဆအထိများပြားစွာပါဝင်တတ်သည်။ ထို အိုမီဂါအက်စစ် နံပါတ်၆သည် ခန္ဓါကိုယ်တွင် ရောင်ရမ်းခြင်းကိုဖြစ်စေတတ်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စီစဉ်ထားခြင်းမရှိဘဲ ညစာအပြင်ထွက်စားသည့်အလေ့အထ

ညစာကိုအပြင်စားသောက်ဆိုင်များတွင်စားခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသကဲ့သို့အပေါင်းအသင်းများနှင့်လည်း တွေ့ဆုံနိုင်သည့်အပြင်သင်ကိုယ်တိုင်က ဂရုစိုက်ပါက ကျန်းမာရေးနှင့် ညီညွတ်မျှတ၍ ကိုယ်အလေးချိန်ကျအောင်ရွေးချယ်စားသောက်နိုင်ပါသည်။ ကျွန်ုပ်အနေဖြင့်ညစာကို သေချာစွာပြင်ဆင်စားဖြစ်သည့်အတွက် မကြာခဏအပြင်ထွက်မစားဖြစ်ပါ။ ကျန်းမာ၍ကိုယ်ခန္ဓါကျစ်လျစ်ရန်အစားအစာကို ကိုယ်တိုင်ပြင်ဆင်သင့်သည်ဟုကျွန်ုပ်ကယုံကြည်ပါသည်။ သို့သော်လည်း Saigon ကဲ့သို့မြို့ကြီးများတွင်များပြားသောစားသောက်ဆိုင်များတည်ရှိသည့်အတွက်လူမှုရေးအရသော်လည်းကောင်းသူတို့၏အစားအသောက်များကို စားသောက်မှသာသင့်တော်ပေလိမ့်မည်။ ထို့ကြောင့်ညစာကိုအပြင်ထွက်စားဖြစ်သည့်အခါကျန်းမာရေးနှင့်လည်းညီအောင်၊ အရသာရှိ၍ ကယ်လိုရီများစွာလည်းမစားမိအောင် အောက်ပါအချက် (၈) ချက်ကိုလိုက်နာသင့်ပါသည်။ (၁) ဆီပြင်းပြင်းနှင့်ကြော်ထားသော အစားအစာမပါသည့်ဟင်းလျာများကိုရွေးချယ်ပါ ဆီနှင့်ထပ်ခါထပ်ခါကြော်ထားသော အစားအစာများသည ် ပြည့်ဝဆီပါဝင်မှုနှင့်ကယ်လိုရီများပြားသည့် အတွက်ကျန်းမာရေးအတွက်မသင့်တော်ပါ။ ပြည့်ဝဆီများကို ဆီနှင့်ကြော်ရာမှထွက်လာသောအဆီဓါတ်များသည်လူကိုဒုက္ခများစွာပေးတတ်ပါသည်။ ထို့ပြင် ဆီပြင်းပြင်းနှင့်ကြော်ထားသောအစားအစာများတွင်အာဟာရဓါတ်များလည်းကုန်ခမ်းသွားသဖြင့် နာတာရှည်ကျန်းမာရေးပြဿနာများဖြစ်နိုင်ပါသည်။ (၂) ဆီကြော်များကိုမေ့ထားလိုက်ပါ ဆီကြော်အစားအစာများနေရာတွင်လတ်ဆတ်သော ဟင်းသီးဟင်းရွက်ဟင်းလျာတစ်ခုကို စားသုံးပေးပါ။ အထူးသဖြင့်အစိမ်းရောင်ခြယ်ဟင်းသီးဟင်းရွက်များသည်စွမ်းအင်မြင့်တက်စေနိုင်သည့်အပြင်ခန္ဓါကိုယ်မှအဆိပ်အတောက်များကိုဖယ်ရှားပေးသည်။ ထို့ကြောင့်အစားအစာတစ်ခုစားတော့မည်ဆိုလျှင်ဟင်းသီးဟင်းရွက်က အဓိကအခရာပါသင့်ပါသည်။ (၃) အချိုမှုန့်နှင့်အဆီများသော ဟင်းရည်များကိုရှောင်ပါ အာရှတိုက်သားများအနေဖြင့်အချိုမှုန့်နှင့်သကြားဓါတ်၊ အဆီဓါတ်ကဲ့သောအစားအစာများကိုရှောင်ရန်ခက်ခဲပေလိမ့်မည်။ ထိုဟင်းလျာများသည် ရောင်ရမ်းခြင်းကိုဖြစ်စေသည့်အပြင်ဦးနှောက်၏လုပ်ငန်းဆောင်တာများကို ကျဆင်းစေနိုင်သည့်အတွက်မရွေးချယ်သင့်ပါ။ (၄) အချိုဓါတ်ကဲသော အချဉ်ရည် အစား လိမ္မော် (သို့မဟုတ်) သံပရာရည်ကိုသုံးပါ အချိုဓါတ်ကဲလွန်းသော တို့စားစရာအချဉ်ရည်များ အစား လိမ္မော် (သို့မဟုတ်) သံပရာရည် သင်ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။ (၅) သရေစာများရှောင်ပါ သရေစာများတွင်အဆီဓါတ်နှင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းသီးဟင်းရွက်တို့၏စွမ်းအားသတ္တိ

ဟင်းသီးဟင်းရွက်များကိုစားသုံးပေးသင့်ကြောင်း ကျွန်ုပ်တို့အားလုံးမကြာခဏကြားဖူးကြသည်။ အစာအာဟာရ၏အစွမ်းသည် အံ့အားသင့်စရာကောင်းပြီးထိုအစားအစာများထဲတွင် ဟင်းသီးဟင်းရွက်များကထိပ်ဆုံးမှပါဝင်နေသည်။ သို့သော် ကျွန်ုပ်တို့နေ့စဉ်စားသမျှထဲတွင် ဟင်းသီးဟင်းရွက်များမှာအဓိကပါဝင်ခွင့်မရကြပါ။ လူအများစုကရိုးရှင်းလွယ်ကူသောဟင်းသီးဟင်းရွက်များအမယ်စုံအောင် စားပေးဖို့ရန် ပျက်ကွက်ကြသည်။ ကျန်းမားရေးအတွက် အဆီချခြင်းနှင့် အမျှင်ဓါတ်များသောဟင်းသီးဟင်းရွက်များစားဖို့အရေးဦးစားပေးလုပ်သင့်ပါသည်။ ဟင်းသီးဟင်းရွက်များက ကျွန်ုပ်တို့အတွက် ဘာတွေလုပ်ပေးသလဲ? ဟင်းသီးဟင်းရွက်တို့၏အရောင်မျိုးမျိုးသည် အထဲတွင်ပါဝင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးမျိုးတို့ကြောင့်ဖြစ်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းအားလုံးနီးပါးသည် အပင်များတွင်အဓိကတွေ့ရတတ်သည်။ အသား၊ ငါးတို့တွင် ပါဝင်မှုနည်းပါးသည်။ အကြောင်းရင်မှာသတ္တဝါတို့သည်လည်းအပင်ကိုစားသုံးသူများဖြစ်ပြီး ကျွန်ုပ်တို့ကဲ့သို့ပင် ခန္ဓါကိုယ်၌ ဓါတုစွမ်းအင်အဖြစ်သိုလှောင်ထားသည်။ အပင်များကထုတ်လုပ်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓါကိုယ်၏ဆဲလ်များကိုဖျက်ဆီးတတ်သောဓါတ်တိုးပစ္စည်းများကိုချေဖျက်နိုင်သည်။ ဤနည်းဖြင့်ကျန်းမာသော ခန္ဓါကိုယ်ဆဲလ်များကိုကာကွယ်ပေးသည်။ ထို့ကြောင့်လူသားတို့တွင်ဓါတ်တိုးပစ္စည်းများကိုကာကွယ်နိုင်သောအရံအတား သဘာဝအရမပါဝင်သည်ကိုတွေ့ရသည်။ ဟင်းသီးဟင်းရွက်သီးသန့်စားသူများ (သက်သက်လွတ်စားသူများ) သတိပြုရန် ဟင်းသီးဟင်းရွက်များသာပါဝင်သော အစားအစာတွင် သင့်တော်သောအချိုးအစားနှင့် စားနိုင်ပါကလုံလောက်သောအာဟာရကိုရရှိနေမည်ဖြစ်သည်။ အသားကိုရှောင်ကြဉ်စားသုံးသောကြောင့်အသားမှရသောအသားဓါတ် (ပရိုတိန်း)၊ ဇင့်ဓါတ်နှင့် သံဓါတ်တို့ကိုဟင်းသီးဟင်းရွက်မှ စားသုံးပေးရမည်ဖြစ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများကိုရှောင်ကြဉ်ပါကလည်း နို့မှရရှိသောကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီဓါတ်ကိုရရှိရန် အခြားမည်သည့်အစားအစာမှ ရနိုင်သည်ကိုစဉ်းစားရန်လိုအပ်သည်။ အသား၊ ငါးမှရရှိသောအစားအစာအားလုံးကိုရှောင်ကြဉ်မည်ဆိုပါကဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ၅မျိုး

အရေပြားကျန်းမာရေးအတွက် ဘယ်လိုဗီတာမင်တွေ လိုအပ်ပါသလဲ။ အရေပြားကျန်းမာရေးဆိုတာ ခန္ဓါကိုယ်ထဲ ဝင်ရောက်သွားတဲ့ အာဟာရဓါတ်တွေနဲ့ သက်ဆိုင်ပါတယ်။ သဘာဝနည်းမဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအသောက်တွေကိုချည်း စားမယ်ဆိုရင် သင့်အရေပြားဟာ အဆီပြန်ခြင်း၊ အရောင်မညီခြင်းတို့ ဖြစ်တတ်ပါတယ်။ ဗီတာမင် ပြည့်ဝစွာ စားသောက်မယ်ဆိုရင်တော့ ပိုပြိး ကျန်းမာတဲ့ ပုံပန်းသွင်ပြင်ကို ရရှိမှာပါ။ ဒါဆို ဘယ်လိုဗီတာမင်မျိုးတွေ လိုအပ်သလဲ။ သူတို့က ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်။ ၁။ ဗီတာမင် အေ အရေပြားပေါ်က တစ်ရှူးတွေ ထိန်းသိမ်းခြင်း၊ ပြန်လည်သန်စွမ်းခြင်းတို့အတွက် ဗီတာမင် အေက အရေးကြီးပါတယ်။ ဗီတာမင် အေ အားနည်းရင်း အရေပြားက မွဲခြောက်ခြောက်ဖြစ်နေတတ်ပါတယ်။ အာလူး၊ မုန်လာဥနဲ့ အစိမ်းရင့်ရောင် အရွက်တွေမှာ ဗီတာမင် အေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ အရေပြားအပေါ်မှာလိမ်းတဲ့ လိုးရှင်းတွေမှာဆိုလည်း ဗီတာမင် အေ ပါဝင်ပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း