backup og meta

သင့်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ၅မျိုး

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ၅မျိုး

    အရေပြားကျန်းမာရေးအတွက် ဘယ်လိုဗီတာမင်တွေ လိုအပ်ပါသလဲ။

    အရေပြားကျန်းမာရေးဆိုတာ ခန္ဓါကိုယ်ထဲ ဝင်ရောက်သွားတဲ့ အာဟာရဓါတ်တွေနဲ့ သက်ဆိုင်ပါတယ်။ သဘာဝနည်းမဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအသောက်တွေကိုချည်း စားမယ်ဆိုရင် သင့်အရေပြားဟာ အဆီပြန်ခြင်း၊ အရောင်မညီခြင်းတို့ ဖြစ်တတ်ပါတယ်။

    ဗီတာမင် ပြည့်ဝစွာ စားသောက်မယ်ဆိုရင်တော့ ပိုပြိး ကျန်းမာတဲ့ ပုံပန်းသွင်ပြင်ကို ရရှိမှာပါ။ ဒါဆို ဘယ်လိုဗီတာမင်မျိုးတွေ လိုအပ်သလဲ။ သူတို့က ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်။

    ၁။ ဗီတာမင် အေ

    အရေပြားပေါ်က တစ်ရှူးတွေ ထိန်းသိမ်းခြင်း၊ ပြန်လည်သန်စွမ်းခြင်းတို့အတွက် ဗီတာမင် အေက အရေးကြီးပါတယ်။ ဗီတာမင် အေ အားနည်းရင်း အရေပြားက မွဲခြောက်ခြောက်ဖြစ်နေတတ်ပါတယ်။ အာလူး၊ မုန်လာဥနဲ့ အစိမ်းရင့်ရောင် အရွက်တွေမှာ ဗီတာမင် အေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ အရေပြားအပေါ်မှာလိမ်းတဲ့ လိုးရှင်းတွေမှာဆိုလည်း ဗီတာမင် အေ ပါဝင်ပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကို သက်သာစေပါတယ်။

    ၂။ ဗီတာမင် ဘီ

    ဂျုံ၊ ဆန်၊ ဥ၊ ငှက်ပျောသီး စတဲ့ အစားအသောက်တွေမှာ ဗီတာမင်ဘီ ပါဝင်ပါတယ်။ ဗီတာမင်ဘီ အစားနည်းရင် အရေပြားရောဂါနဲ့ ဆံပင်ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီနဲ့ ပြုလုပ်ထားတဲ့ လိမ်းဆေးတွေက သင့်အရေပြားကို ကျန်းမာစေပြီး ရောင်ရမ်းမှုတွေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

    ၃။ ဗီတာမင် စီ

    အရည်ရွှမ်းတဲ့ အသီးတွေ၊ အရွက်တွေ၊ ငရုတ်ပွနဲ့ ပန်းဂေါ်ဖီတို့မှာ ပါဝင်တဲ့ ဗီတာမင် စီဟာ အအေးမိခြင်းကို ကာကွယ်ပေးသလို၊ အရေပြားမှာ အရေးအကြောင်းတွေကိုလည်း ပျောက်စေပါတယ်။ အရေပြားကိုလည်း နူးညံ့စေပြီး နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုတွေကို နည်းစေပါတယ်။

    ၄။ ဗီတာမင် အီး

    ဗီတာမင်အီးကတော့ အရေပြားမှာ အမာရွတ်ကျန်တာ၊ မွဲခြောက်တာတွေကို ပျောက်စေပါတယ်။ အခွံမာသီးနဲ့ သံလွင်ဆီတို့ကို စားပေးခြင်းဖြင့် ဗီတာမင်အီးကို ရနိုင်ပါတယ်။ အရေပြားနူးညံ့မှုကို ဖြစ်စေရုံတင်မကဘဲ သင့်ဆံပင်ကိုပါ အကျိုးပြုပါတယ်။ အမာရွတ်အတွက်လည်း ဗီတာမင်အီးကို မှန်မှန်လိမ်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

    ၅။ ဗီတာမင် ကေ

    အရေပြားပေါ်က အမဲကွက်တွေ၊ အညိုအမဲစွဲတာတွေအတွက် အကောင်းဆုံးကတော့ ဗီတာမင် ကေပါပဲ။ ဗီတာမင်ကေက အရေပြားပေါ်က အရောင်မညီညာမှုတွေကို လျော့ပါးစေသလို အရေးအကြောင်းတွေကိုလည်း ပျောက်ကင်းစေတယ်။ အစိမ်းရင့်ရောင် အရွက်တွေ စားပေးခြင်းဖြင့် ဗီတာမင်ကေကို ရယူနိုင်သော်လည်း အကောင်းဆုံးကတော့ ဒါကို လိမ်းပြီး အသုံးပြုဖို့ပါပဲ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement