သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 17, 2020 . 2 mins read
Share now

အသက်ကြီးလာတာနဲ့အမျှ လုံလောက်တဲ့အာဟာရရရှိမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်လို့လာပါတယ်။ အသက်အရွယ်ရ လာမှုနဲ့အတူ ခန္ဓာကိုယ်ရဲ့ကယ်လိုရီပမာဏက စတင်ကျဆင်းလာပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်က အရေးပါတဲ့အာဟာရဓာတ်တွေကိုစုပ်ယူနိုင်စွမ်းလျော့ကျသွားပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့အခါ တက်တက်ကြွကြွရှိနေစေဖို့အတွက် အောက်မှာဖော်ပြထားတဲ့အာဟာရဓာတ်တွေကို သင့်တင့်မျှတစွာစားသုံးပေးစေလိုပါတယ်။

ဗီတာမင် B 12 – B 12 က သွေးနီဥဆဲလ်တွေနဲ့ ဒီအန်အေတွေဖြစ်တည်မှုအတွက်အရေးပါသလို ကျန်းမာတဲ့ အာရုံကြောလုပ်ဆောင်မှုတွေကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့သူတွေ အတွက် ဗီတာမင် ဘီတွဲ အလုံအလောက်ရရှိနိုင်ဖို့ဆိုတာက မလွယ်ကူလှပါဘူး။ သက်ကြီးရွယ်အိုတွေရဲ့ ခန္ဓာကိုယ်က လူငယ်တွေလိုမျိုး အစားအသောက်တွေကနေ အာဟာရဓာတ်တွေကိုမစုပ်ယူနိုင်တော့ပါဘူး။

Folate (ဖောလစ်အက်ဆစ်) – ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဘီ တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ် ရရှိမှုနည်းပါးတဲ့အခါ သွေးအားနည်းရောဂါခံစားရနိုင်သလို ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာလည်း ဖောလစ်အက်ဆစ်အားနည်းတဲ့အခါ မွေးလာတဲ့ကလေးငယ်မှာ အာရုံကြောပြွန်ချို့ယွင်းချက်ရှိတာ (neural tube defect NTD) ရောဂါကိုခံစားရနိုင်ပါတယ်။

ကယ်လ်ဆီယမ် – ကယ်လ်ဆီယမ်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ အရိုးတွေ ကြံ့ခိုင်မှုကိုထိန်းသိမ်းဖို့အတွက် အရေးပါလှပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမှာ ကယ်လ်ဆီယမ်ဓာတ် ပါဝင်အောင်စားသုံးမှုနည်းပါးလာပါတယ်။ ကယ်ဆီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ကယ်ဆီယမ်ဓာတ်ကို အလုံအလောက်မရရှိဘူးဆိုရင် အရိုးတွေကြံ့ခိုင်မှုကျဆင်းလာမှာဖြစ်ပါတယ်။

ဗီတာမင် ဒီ – ဗီတာမင် ဒီက ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကိုစုပ်ယူနိုင်အောင် အထောက်အပံ့ပေးခြင်းဖြင့် အရိုး သိပ်သည်းမှုကို ထိန်းသိမ်းပေးသလိုအရိုးအဆစ်ရောင်ရမ်းနာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဗီတာမင် ဒီက ကင်ဆာ၊ အမျိုးအစား-၂ ဆီးချိုရောဂါ၊လေးဖက်နာရောဂါ ၊multiple sclerosis ဝေဒနာနဲ့ ခုခံအားကမောက်ကမ ဖြစ်တဲ့ရောဂါတွေ အပါအဝင် နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ် – နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ် လုံလောက်စွာရရှိမယ်ဆိုရင် အရိုးတွေကြံ့ခိုင်သန်စွမ်းအောင်အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးဖြစ်သလို သွေးတိုးတာနဲ့ကျောက်ကပ်မှာ ကျောက်တည်တာတွေကိုလျော့ကျအောင်လည်းအထာက်အကူပြုပါတယ်။

မဂ္ဂနီဆီယမ် – မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့ဇီဝကမ္မလုပ်ငန်းစဉ် ၃၀၀ မှာအရေးပါတဲ့အခန်းကဏ္ဍတွေကနေပါဝင် နေပါတယ်။ မဂ္ဂနီဆီယမ်အလုံအလောက်ရရှိမယ်ဆိုပါက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး နှလုံးကို ကျန်းမာစေသလို အရိုးတွေကိုလည်းကြံ့ခိုင်စေပါတယ်။

အမျှင်ဓာတ် – အမျှင်ဓာတ်က အစာခြေလမ်းကြောင်းတစ်လျှောက်က အစာတွေကိုဖယ်ရှားပေးခြင်းဖြင့် အစာခြေဖျက်ခြင်းကို တိုးတက်အောင်အထောက်အပံ့ပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက နှလုံးကိုကာကွယ်ပေးနိုင်သလို အခြားကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းရရှိစေပါတယ်။

အိုမီဂါသရီး ဖက်တီးအက်ဆစ်– အိုမီဂါ သရီးဖက်တီးအက်ဆစ်က အသက်အရွယ်ကြီးရင့်လာတာကြောင့် မြင်နိုင်စွမ်းလျော့ကျလာတဲ့ရောဂါတစ်မျိုးဖြစ်တဲ့ age-related macular degeneration (AMD) ဖြစ်ပေါ်မှု ဖြစ်စဉ်ကိုနှေးကွေးစေသလို လေးဖက်နာဖြစ်နိုင်တဲ့အလားအလာတွေကိုလည်းလျှော့ချပေးတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်းကျဆင်းစေပြီး အသက်ကြီးရင့်လာတဲ့အခါမှတ်ဉာဏ်ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။

ရေဓာတ် – ရေက ခန္ဓာကိုယ်အတွက် မရှိဖြစ်လိုအပ်တဲ့ ဗီတာမင်မဟုတ်သလို သတ္တုဓာတ်လည်းမဟုတ်ဘူး ဆိုပေမယ့် ကျန်းမာရေးကောင်းမွန်ဖို့အတွက်အရေးပါလှပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရေဆာမှုနှုန်းက ကျဆင်းလာပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အမျှင်ဓာတ်တွေပါဝင်မှု များလေလေ ရေကပိုပြီးအရေးပါလာလေလေပဲဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray နဲ့ ဖြန်းမိတဲ့အခါ ဘာတွေ လုပ်ရမလဲ။ ဆေးခန်းပဲ ပြေးရမလား။ အိမ်မှာပဲ သက်သာအောင် လုပ်လို့ ရမလား။ ဘာတွေ ဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read