backup og meta

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ

လူက ချွေးထွက်များလို့ အရမ်းနုံးနေတာ၊ အော့အန်နေတာ၊ ဝမ်းတွေသွားနေတာမျိုးဆိုရင် ခန္ဓာကိုယ်က ရေဓာတ်တွေ အလျင်အမြန် ဆုံးရှုံးပါတယ်။ ဒီလို ​ရေဓာတ်ဆုံးရှုံးတာနဲ့အတူ ခန္ဓာကိုယ်က ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားပါတယ်။ ဒီလို ဆုံးရှုံးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်နိုင်ဖို့ လိုပါမယ်။ ပြန်မဖြည့်ဖြစ်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနည်းက ဓာတ်ဆားရည် သောက်တာပါ။

ဒီတစ်ခေါက်တော့ ညကြီးမင်းကြီးမှာဖြစ်ဖြစ် ဓာတ်ဆား အလွယ်မရနိုင်တဲ့ နေရာမှာ ရောက်နေချိန်မှာ ဖြစ်ဖြစ် ဓာတ်ဆားရည် သောက်ဖို့ လိုနေတဲ့အခြေအနေမျိုးအတွက် ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ ဓာတ်ဆားရည်ကို ကိုယ်တိုင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဓာတ်ဆားရည် ဆိုတာ

ဓာတ်ဆားရည်က ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ် တို့လိုမျိုး Electrolytes တွေကို ဖြည့်ပေးပါတယ်။ ကိုယ်တွင်းက Electrolytes ပမာဏကို ထိန်းညှိပေးပါတယ်။

ဓာတ်ဆားရည်မှာ ပါဝင်တဲ့ နောက်တစ်ခုက ဂလူးကို့စ်ပါ။ ဂလူးကို့စ်က သကြားဓာတ်ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို အင်အားဖြည့်ပေးပြီး ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

ဓာတ်ဆားရည်သောက်ဖို့ လိုအပ်တဲ့ အခြေအနေတွေက

နေ့စဉ်တိုင်း စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်က ပါဝင်နေတာကြောင့် ပုံမှန်အချိန်တွေမှာ ဓာတ်ဆားရည် သောက်ဖို့မလိုပါဘူး။ ဒါပေမယ့်  အခုလို အခြေအနေတွေဆိုရင်တော့ သောက်ပေးဖို့ လိုမှာပါ။

  • ဖျားနေတဲ့အခါမျိုး
  • ချွေးထွက်များတဲ့အခါမျိုး
  • အော့အန် နေတဲ့အခါမျိုး
  • ဝမ်းသွားနေတဲ့အခါမျိုး
  • တစ်နာရီကျော်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုး
  • အချိန်အကြာကြီးနေပူထဲမှာနေမိတဲ့အခါမျိုး
  • လှုပ်လှုပ်ရှားရှားလုပ်တာကြောင့် ချွေးအရမ်းထွက်တဲ့အခါမျိုး
  • ရေဓာတ်ခမ်းခြောက်တဲ့အခါမျိုး
  • ကြွက်တက်တဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်က လျော့နည်းသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည်ကိုသောက်ပေးဖို့လိုပါမယ်။

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ

ဓာတ်ဆားရည် သောက်ဖို့ကလည်း လိုနေပြီ။ ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ ဆိုရင် ဒီနည်းလမ်းလေးတွေအတိုင်း ဓာတ်ဆားရည် လုပ်လို့ ရပါတယ်။

လိုအပ်မှာတွေကတော့

  • ဆား [စားပွဲတင် ဆား]
  • သကြား [အဖြူ၊ အညို ကြိုက်ရာသုံးပါ]
  • ရေ [ရေကျက်အေး၊ ရေသန့် ကြိုက်ရာသုံးပါ] ။

ဘယ်လို လုပ်ရမလဲ

ကိုယ်တိုင် ဓာတ်ဆားရည် လုပ်ဖို့အတွက် လိုအပ်မှာတွေကို သိပြီးပြီဆိုတော့ ဘယ်လို လုပ်ရမလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • အရင်ဆုံး ရေခရား သန့်သန့်တစ်ခု ယူပါ
  • ပြီးရင် သကြားညို ဒါမှမဟုတ် သကြားဖြူ နှစ်သက်ရာကို လက်ဖက်ရည်ဇွန်း ၆ ဇွန်း ထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း  ဇွန်းတစ်ဝက် ထည့်ပါ
  • ပြီးရင် ရေ ၁ လီတာ ထည့်ပါ
  • ဆားတွေ သကြားတွေ ပျော်သွားတဲ့အထိ မွှေပါ
  • ပြီးရင်တော့ သောက်သုံးလို့ ရပါပြီ။

ဒီအချိုးအဆအတိုင်း ဖျော်ပါ။ အရသာ မကောင်းလို့ ဆားတွေ၊ သကြားတွေ အတိုးအလျော့လုပ်ပြီး ဖျော်တာမျိုး မလုပ်ရပါ။ သွေးတိုး၊ ဆီးချိုပဲရှိရှိ၊ ကလေးပဲသောက်သောက်၊ လူကြီးပဲသောက်သောက် ဒီအချိုးအတိုင်း ဖျော်ဖို့ လိုပါတယ်။

သတိထားရမှာက ဓာတ်ဆားထုပ်ရနိုင်မယ်ဆို ဓာတ်ဆားထုပ်ပဲ ဖျော်သောက်ပါ။ WHO ဓာတ်ဆားထုပ် (အပြာ၊ အစိမ်း)၊ မြန်မာမှာဆို BPI ဓာတ်ဆားထုပ်လို့ လူသိများပါတယ်။ ဒါက အချိုးကျဖော်စပ်ထားတာမို့လို့ ဒါကို သောက်ပေးပါ။ ဒါတွေ မရမှသာ အိမ်ဖျော်ဓာတ်ဆားကို သောက်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

World ORS Day 2020: How To Make ORS At Home? https://www.onlymyhealth.com/health-videos/world-ors-day-how-to-make-ors-at-home-1596016883.html Accessed Date 24 August 2022

How to make oral rehydration solution (ORS) https://www.cdc.gov/cholera/pdf/posters/11_229310-J_ORS_print.pdf Accessed Date 24 August 2022

ORAL REHYDRATION SALTS = ORS https://medicalguidelines.msf.org/en/viewport/EssDr/english/oral-rehydration-salts-ors-16684387.html Accessed Date 24 August 2022

Potential Benefits of Salt and Sugar Water for Health Problems https://drhealthbenefits.com/food-bevarages/beverages/processed-beverages/benefits-salt-sugar-water Accessed Date 24 August 2022

Why Does Drinking Salt Water Dehydrate You? https://sciencing.com/the-effects-on-cells-because-of-changes-in-ph-of-body-fluids-12731964.html Accessed Date 24 August 2022

Oral Rehydration Salt: Made At Home https://rehydrate.org/solutions/homemade.htm Accessed Date 24 August 2022

ယခုပုံစံ

16/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement