AIAရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://www.aia.com.mm/mm/our-products.html
https://www.facebook.com/AIA.Myanmar.MM
UN Global Impactရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ AYA SOMPO Insuranceက မြန်မာနိုင်ငံအခြေစိုက် ဒေသတွင်းအာမခံကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မြို့ပေါင်း ၄၅မြို့မှာ ရုံးခွဲတွေဖွင့်ပြီး clients သောင်းနဲ့ချီကို ဝန်ဆောင်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။
AYA SOMPO Insurance မှာ တစ်ကိုယ်ရည်အာမခံတွေ ဖြစ်တဲ့ ကျန်းမာရေးအာမခံ၊ ထိခိုက်မှုအာမခံ၊ ကားအာမခံ၊ ခရီးသွား အာမခံတွေအပြင် ပိုင်ဆိုင်မှုအာမခံတွေဖြစ်တဲ့ မီးအာမခံ၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ၊ Marine cargo insurance၊ Inland transit insurance စတာတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။
AYA SOMPO Insuranceရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://ayasompo.com/company-profile/#
https://www.facebook.com/ayasompo
Chubb က ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနဲ့ မတော်တဆထိခိုက်မှုဆိုင်ရာ အများပိုင်အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ အာမခံလုပ်ငန်း တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့က အာမခံကို လက်မှုပညာရပ်လို သဘောထားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဝယ်ယူသူတွေရဲ့ လိုအပ်ချက်အတိုင်း အတိအကျ ပုံသွင်းထုဆစ်ပေးနေတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။
အာမခံအနေနဲ့ အနာဂတ်မဏ္ဍိုင်အသက်အာမခံ၊ ကျန်းမာရေးအကာအကွယ်၊ မတော်တဆ ခန္ဓာကိုယ်ထိခိုက်မှု အကာအကွယ်၊ ပြင်းထန်ရောဂါကုသမှု အကာအကွယ်တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Chubbရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://www.chubb.com/mm-mm/products.html
https://www.facebook.com/ChubbLifeMyanmar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။