အဖြစ်ချင်ဆုံးကိုပဲ လုပ်ပါ။ လောဘမကြီးပါနဲ့။ ဝိတ်လည်းကျချင်၊ အသားအရေကလည်း လှချင်၊ ဘာသာစကား အသစ်နှစ်ခုလောက်ကလည်း သင်ချင်၊ ဟိုဟာလည်း ဖြစ်ချင် ဒီဟာလည်း ဖြစ်ချင်ပြီး ဖြစ်ချင်သမျှကို ပလန်ထဲ ထည့်ဆွဲရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်အဖြစ်ချင်ဆုံး ၂ခု၊ ၃ခုလောက်ကိုပဲ ရွေးပြီး ဇောက်ချလုပ်ပါ။ လောဘကြီးရင် အာရုံစိုက်မရဘဲ အားလုံးပျက်စီးသွားပါလိမ့်မယ်။
ဝိတ်ချမယ်လို့ ဆုံးဖြတ်ပြီးရင် ဘယ်နှလအတွင်းမှာ ဘယ်နှပေါင်ချမယ်။ ဒီလိုချဖို့ အပြင်စာစားတာကို တစ်ပတ်ကို ဘယ်နှရက်ပဲ ခွင့်ပြုမယ်။ လေ့ကျင့်ခန်းကတော့ တစ်ပတ်ကို ဘယ်နှရက်လုပ်သင့်တယ်။ တစ်ခါလုပ်ရင် ဘယ်နှမိနစ်ကြာအောင် လုပ်မယ်။ Cardio ဘယ်နှရက်၊ ကြွက်သားတက်စေတာ ဘယ်နှရက်။ Gymမှာဆော့မှာလား၊ အိမ်မှာပဲလား။ Gymဆို ဘယ်Gymကို သွားမယ်။
ဘာသာစကား အသစ်သင်မယ်ဆိုရင်လည်း ဘယ်ဘာသာကို သင်မှာလဲ။ ဘယ်နှလအတွင်းမှာ အဆင့်ဘယ်လောက် တက်ရမလဲ။ ဘယ်သင်တန်းမှာ တက်မှာလဲ။
ဒီလိုမျိုး တိတိကျကျ ဆွဲနိုင်လေလေ ကိုယ့်ရဲ့ resolutionsက ပုံပေါ်လေလေ ပိုပြီး လုပ်နိုင်လေပါပဲ။ ဘာလုပ်ရမလဲဆိုတာ သိသွားပြီကိုး။
- ကိုယ့်ကိုယ်ကို ပုံမှန်သုံးသပ်ပါ။
ဒါပြီးရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ targetတွေ ပြည့်မပြည့်ကို ပုံမှန်လေး သုံးသပ်ပါ။ ဝိတ်ချနေတဲ့သူဆိုရင် ခဏခဏ မချိန်ဘဲ တစ်လနေရင်ချိန်မယ်။ ဘယ်နှပေါင်ကျရမယ်ဆိုတာမျိုး။ စာသင်နေတဲ့သူတွေဆိုရင်လည်း testလေးတွေ ဖြေကြည့်တာမျိုးပေါ့။
ဒီလိုစစ်ဆေးကြည့်ပြီးလို့ မပြည့်ဘူးဆိုရင် ဘာတွေ လွဲနေလဲဆိုတာ သုံးသပ်ပါ။ မပြည့်ဘူးဆိုတာနဲ့ လက်လျှော့ဖို့ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ နည်းတွေ လွဲနေလား။ ဘယ်လိုပြန်ပြင်မလဲဆိုတာ စစ်ဆေးဖို့ပါပဲ။ ဥပမာ Gym ပျက်ရက်တွေ များနေလို့ ဝိတ်က ထင်သလောက် မကျဘူးဆိုရင် Gym မှန်မှန်ရောက်ဖို့ ဘာလုပ်ကြမလဲပေါ့။
နေ့တိုင်း ပုံမှန်လုပ်ဖြစ်ဖို့ဆိုတာ အကျင့်လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပလန်မှာပျော်နေဖို့ လိုပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို စိတ်မညစ်ပါစေနဲ့။ ဒီအပတ်ထဲမှာ တစ်ရက်ကို ၁၀မိနစ် လေ့ကျင့်ခန်းလုပ်မယ်။ နောက်အပတ်ဆို ၁၅မိနစ် စသဖြင့် တိုးတိုးသွားပါ။ အစားရှောင်တဲ့သူဆိုရင်လည်း တန်းပြီး ရှောင်လိုက်တာမျိုး မဟုတ်ဘဲ နည်းနည်းစီ လျှော့စားသွားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။