သွေးပြန်ကြောတွေက သွေးတွေကို လုံလောက်အောင် မထောက်ပံ့ပေးနိုင်တာ၊ သွေးကြောတွေ ပုံမှန်အတိုင်း သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်ဘဲ ခြေထောက်ထဲမှာ သွေးတွေစုပုံနေပြီး နှလုံးဆီ သွေးပြန်ရောက်ဖို့ ခက်ခဲတာ၊ ခြေထောက်သွေးပြန်ကြော အဆို့ရှင်လေးတွေ ကောင်းကောင်း မလုံတာတွေကြောင့်လည်း ခြေထောက်ဖောရောင်တာကို ခံစားရနိုင်ပါတယ်။
ခြေထောက်သွေးပြန်ကြောပြဿနာက အသက် ၅၀ အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။
- ပြန်ရည်ကျိတ်ပြဿနာ ရှိနေတာ
ပြန်ရည်ကြောစနစ်က ပြန်ရည်လို့ခေါ်တဲ့ ( သွေးဖြူဥဆဲလ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေပါဝင်နေတဲ့ အရည်) ကို ခန္ဓာကိုယ်အနှံ့ကနေ ရယူစုဆောင်းပါတယ်။ ဒီစနစ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အရည်တွေစုပုံပြီး ဖောရောင်တာတွေကို ဖြစ်စေပါတယ်။ အချို့သော ကင်ဆာရောဂါတွေနဲ့ ကင်ဆာကုထုံးတွေ ကြောင့် ပြန်ရည်ကျိတ်တွေမှာ ပိုးဝင်တာမျိုး ဖြစ်စေပြီး ဖောရောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။
အဆစ်ရောင်ရောဂါကြောင့် အဆစ်တွေရောင်တာ၊ နာကျင်တာ၊ တောင့်တင်းတာ၊ လှုပ်ရှားရခက်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေကြောင့်လည်း အဆစ်တွေမှာ ရောင်တာ၊ ခြေချင်းဝတ်ဖောရောင်တာကို ခံစားရနိုင်ပါတယ်။
ဒီအခြေအနေကတော့ သတိထားရမယ့် အခြေအနေပါ။ သွေးကြောတွေထဲမှာ သွေးခဲတာကြောင့် ခြေချင်းဝတ်ရောင်တာ နဲ့ အခြားသော ဖောရောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဖောရောင်တာက ဆစ်ဖက်တည်းမှာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ လိုပါမယ်။
သွေးတိုးတာ၊ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးက သွေးတွေကို ကောင်းကောင်း မညှစ်ထုတ်နိုင်တဲ့ အခြေအနေတွေကလည်း ခြေချင်းဝတ်ရောင်တာကို ဖြစ်စေနိုင်ပါတယ်။ နှလုံးက သွေးတွေကို ကောင်းကောင်း မညှစ်စထုတ်နိုင်တဲ့အခါ ခြေချင်းဝတ်မှာ အရည်တွေ စုပုံတာမျိုး ဖြစ်လာနိုင်ပါတယ်။
- အသည်းနဲ့ ကျောက်ကပ် မကျန်းမာတာ
အသည်း နဲ့ ကျောက်ကပ်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ ကိုယ်တွင်းမှာ အရည်တွေ စုပုံလာပြီး ခြေချင်းဝတ်ရောင်တာကို ဖြစ်စေနိုင်သလို ခန္ဓာကိုယ်မှာ ဖောရောင်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။