အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျ နိုင်

စိတ်တွေ ဖိစီးလိုက်တာ၊ အလုပ်တွေကလည်း ဒီလောက်လုပ်နေတာတောင် မပြီးဘူးဆိုတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ ပြောစရာတစ်ခုရှိလာပါပြီနော်။ ဒါကတော့ အလုပ်တွေကို တအားဖိလုပ်နေလို့ စိတ်ဖိစီးနေတာ ဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများလာတဲ့အခါ အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အာရုံစူးစိုက်မှုကလည်း ကျလာပါတယ်နော်။ နောက်ဆို စိတ်ဓာတ်ကျ တဲ့အထိ  ဖြစ်လာမှာပါ။ အလုပ်ချိန်များများလုပ်လေ စိတ်ဓာတ်ကျလေလေပါ အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။ တစ်နေ့တာမှာ ၈ နာရီထက်ကျော်ပြီး အလုပ်စားပွဲမှာ ထိုင်နေရတာက အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုက ပိုလာနိုင်ပါတယ်။ ဒီခံစားချက်က စိတ်ခံစားမှုသက်သက်ပဲတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရလည်း အမျိုးသမီးတွေဟာ အလုပ်ချိန်များများ အလုပ်လုပ်လေလေ စိတ်ဖိစီးမှုပိုများလာလေလေလို့ တွေ့ရှိထားရပါတယ်။ သုတေသီတွေက လေ့လာမှုအတွင်း အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ တစ်ပတ်မှာ အလုပ်ချိန် နာရီ ၄၀ ထက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် တစ်ပတ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ။ ။

ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။ ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင် ၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် […]


အခြေခံကျန်းမာရေး

မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

ဖေ့ဘွတ်ဟာ သတင်းအစုံအလင် သိရဖို့အတွက် အရမ်းကို အဆင်ပြေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သတင်းအချက်အလက်အမှားတွေနဲ့ အဆိပ်အတောက်ဖြစ်စရာတွေလည်း အရမ်းကို များပါတယ်။ သေချာ သုံးသပ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင် မမှန်ကန်တဲ့အချက်အလက်တွေ လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီးသားဖြစ်နေတတ်ပါတယ်။ ဒီတစ်ခေါက် ပြောချင်တာက မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ အကြောင်းလေး ပြောပြပေးချင်တာပါ။ မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ အဆိပ်ကို အဆိပ်မှန်းမသိလို့ စေတနာနဲ့တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ်ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုချောင်ထဲမှာ ချိတ်ဆွဲထားတတ်ကြတဲ့ မတည့်သောအစားအစာများ ဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲက အစားအသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။ အစားအစာတွေဟာ ယေဘုယျအားဖြင့် […]


ကျန်းမာရေး သတင်းများ

တီဗီမထတမ်းကြည့်နေခြင်းက ဉာဏ်ထိုင်းစေနိုင်

တီဗီမထတမ်းကြည့်တာ ပုံမှန်လိုဖြစ်နေရင် ဉာဏ်ထိုင်းစေတယ်လို့ သုတေသနတစ်ခုကပြောပါတယ်။ ဇာတ်လမ်းတွဲကြိုက်သူတွေအတွက် စိုးရိမ်စရာပါနော်။ ကြိုက်ပြီဆို အစအဆုံးအခွေဝယ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း မပြီးမချင်း ဇွဲကောင်းကောင်းနဲ့ကြည့်ကြတာလေ။ ရုပ်သံလိုင်းပေါင်းစုံ အိမ်မှာတပ်ထားရင် ပိုဆိုး၊ အားတာနဲ့ တီဗီရှေ့ထိုင်တတ်တဲ့ အိမ်ကလူတွေတော့ ဒုက္ခပါပဲ။ သုံးနာရီခွဲထက်ကျော်ပြီး တီဗီမထတမ်းကြည့်တာ ပုံမှန်အကျင့်ဖြစ်နေသူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဘာသာစကားနဲ့ မှတ်ဉာဏ်ပိုင်းမှာ စွမ်းရည်ကျဆင်းလာနိုင်တယ်လို့ သုတေသနက ဆိုပါတယ်။ တီဗီဘယ်လောက်ကြိုက်ကြိုက် ကိုယ့်ဦးနှောက်ကိုထိခိုက်မယ်ဆိုရင်တော့ပြန်စဉ်းစားဖို့၊ ဆင်ခြင်ဖို့လိုပါတယ်နော်။ ဗြိတိန်ရဲ့University College London မှ ပါမောက္ခDaisy Fancourt ဦးဆောင်တဲ့ ဒီသုတေသနအကြောင်းကိုScientific Reports ဂျာနယ်မှာဖော်ပြခဲ့တာပါ။ ဒီသုတေသနမှာ အသက် ၅၀ နဲ့အထက်အရွယ် ၃၆၆၂ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလေ့လာဆန်းစစ်ခဲ့ကြတာပါ။ သူတို့တွေရဲ့ တစ်နေ့တာမှာ တီဗီဘယ်လောက်ကြည့်သလဲဆိုတာ မှတ်တမ်းတင်ပြီး သူတို့ရဲ့ စဉ်းစားတွေးတောနိုင်စွမ်းနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေကို ဆန်းစစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ ၂၀၀၈ နဲ့ […]


အခြေခံကျန်းမာရေး

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။ တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။ အသားအရေကို တင်းရင်းစေခြင်း အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း အနာကျက်လွယ်စေခြင်း ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေရည်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။ လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်အောင်၊ စိတ်ဓာတ်ကျအောင် စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓာတ်ကျဝေဒနာခံစားရတတ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

နည်းစနစ်မှန်မှန် ရေသောက် ကြမယ် .......  ရေသောက်တာများ ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များ တွေးနေလား။ လူတိုင်းက ရေသောက် တတ်တာ သိပေမယ့် နည်းစနစ်မှန်မှန် ရေသောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။ ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ် မှတ်ဉာဏ်ကောင်းစေတယ် အသားအရေစိုပြည်လှပစေတယ် ကိုယ်အလေးချိန်ကျစေတယ် ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ် အရေပြားပြဿနာကင်းစေနိုင်တယ် ကိုယ်ခံအားစနစ်ေကာင်းစေနိုင်တယ် အစာခြေစနစ်ကျန်းမာစေနိုင်တယ် သွေးသန့်စေနိုင်တယ် ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ် ကျောက်ကပ်သန့်စင်စေနိုင်တယ် သွေးသန့်စေနိုင်တယ် သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ် ခေါင်းကိုက်တာကို သက်သာစေနိုင်တယ် ကိုယ်အပူချိန်ကျစေနိုင်တယ် နှလုံးကျန်းမာစေနိုင်တယ် […]


ကျန်းမာရေး သတင်းများ

ဆေးဖြစ်ဝါးဖြစ် အရက်သောက်လည်း သွေးတိုးအန္တရာယ်ပိုများစေနိုင်တယ်

ဆေးဖြစ်ဝါးဖြစ်ပဲဆိုဆို တစ်ခွက်တစ်ဖလားပဲဆိုဆို အရက်သောက်တာကသောက်တာပါပဲ။ ဘီယာက အရက်မဟုတ်ဘူးလို့တော့ ကပ်မငြင်းကြပါနဲ့ဦး။ ဝီစကီ၊ ဘီယာ၊ ဗော့ကာ၊ ဝိုင် စတာတွေအားလုံး အယ်လ်ကိုဟော ချင်းတူတူပါပဲ။ ဆေးဖြစ်ဝါးဖြစ်သောက်ရင် နှလုံးကျန်းမာတယ်၊သွေးလည်ပတ်မှုကောင်းတယ်ဆိုပြီး ယူဆကြပေမယ့် သုတေသနအသစ်မှာတော့ ဒီပမာဏလောက်နဲ့တင်သွေးတိုးဖြစ်နိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ဖော်ပြလာပါတယ်။   ဒီသုတေသနကိုAmerican College of Cardiology ရဲ့ ၆၈ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။ သုတေသနမှ ပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၇၀၅၉ ဦးကိုသောက်တတ်တဲ့အလေ့အထနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ခဲ့ပါတယ်။ သူတို့ရဲ့သွေးပေါင်ချိန်ကို သုတေသနအဖွဲ့ကလေ့လာစောင့်ကြည့်တဲ့အခါ တစ်ပတ်ကို အယ်လ်ကိုဟော ၇ ခွက်ကနေ ၁၃ ခွက်သောက်တတ်တဲ့ ၁၇၀၀၀ ဦး မှာသွေးတိုးဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရှိရပါတယ်။ တစ်ပတ်ကို ၁၄ ခွက်နဲ့အထက်သောက်တတ်သူတွေကတော့ အရက်မသောက်သူတွေထက်သွေးတိုးဖြစ်နိုင်ခြေ ၆၉ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရပါတယ်။ သူတို့တွေရဲ့သွေးပေါင်ချိန်ကိုစစ်ဆေးတဲ့အခါသွေးတိုးအစောပိုင်းအဆင့်ဖြစ်တဲ့ အပေါ်သွေး 130–139 mm Hg နဲ့အောက်သွေး80–89 mm Hg […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဆီများနေတာက ဆိုးကျိုးကြီးပဲတော့မဟုတ်ဘူးနော်

အဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပေးသလို လှပမှုမှာလည်း ထိခိုက်စေတာကြောင့် စိတ်ပျက်တယ်ဟုတ်။တောက်လျှောက်သိလာခဲ့တဲ့ ကျန်းမာရေးအသိက အဆီများရင်ရောဂါပိုများမယ်။ ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော အဆီကကောင်းကျိုးမပေးဘူးဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် အကျိုးမပြုဘူးလို့ အမြဲယူဆလာခဲ့တဲ့ အဆီရဲ့ကောင်းကျိုးလေးကိုနည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ အဝလွန်တာနဲ့ ပတ်သက်လို့ အဝလွန်တာ၊ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာတွေကပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်သွေးကြောတွေကျဉ်းတာ၊မာတာ၊ နှလုံးရောဂါ၊ဆီးချို၊ကင်ဆာနဲ့ အိပ်စက်မှုဆိုင်ရာ မူမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ အဝလွန်တာကြောင့်သေဆုံးနိုင်ခြေပိုများနေနိုင်သလို စိတ်ဓါတ်ကျတာ။ စိုးရိမ်စိတ်များတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်နော်။ အဆီများတာက ဒီလိုအားသာချက်ရှိပါတယ်နော် အဆီများလို့ရောဂါများနိုင်တယ်ဆိုပေမယ့်လေ့လာမှုတစ်ရပ်အရတော့ အဆီများတာကလေဖြတ်ေဝဒနာခံစားရတဲ့ အခါအသက်ရှင်သန်နိုင်ခြေပိုများစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေက ဒီလေ့လာတွေ့ရှိမှုကိုobesity paradox လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။obesity paradox ဆိုတာဆေးဖက်ဆိုင်ရာသီအိုရီတစ်ခုဖြစ်ပြီး အဝလွန်တာက အသက်အရွယ်ကြီးရင့်သူတွေ နဲ့ အခြားသောနာတာရှည်ရောဂါခံစားနေရသူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ခြေကနေ ကာကွယ်ပေးနိုင်တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုတာပါ။   ဒီလေ့လာမှုမလုပ်ခင်မှာ ပထမဆုံးသတိထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေမှုက ကျောက်ကပ်ရောဂါခံစားနေရသူတွေနဲ့ နှလုံးရောဂါခံစားနေရသူတွေမှာ အသက်ရှင်သန်နိုင်ခြေကို ပိုတိုးစေတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကြောင့်လေဖြတ်ခဲ့ရင်ရော ပုံမှန်ထက်ကိုယ်အလေးချိန်ပိုများနေသူတွေက […]


ကျန်းမာရေး သတင်းများ

ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

ကိုယ်ဝန်ဆောင်ချိန် ငါးကြီးဆီမှာပါတဲ့ Omega -3 fatty acid (DHA)သောက်သုံးတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ သွေးတိုးရောဂါ ဖြစ်လာနိုင်တဲ့အန္တရာယ် လျော့နည်းတယ်လို့ သုတေသန အသစ်က ဖော်ပြခဲ့ပါတယ်။ မိခင်လောင်းတွေရဲ့Omega -3 သောက်သုံးမှုက ကလေးတွေရဲ့ နောက်ပိုင်းသက်တမ်းအထိ ရေရှည် အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်တယ် လို့ University of Kansas မှ အာဟာရဗေဒ ပါမောက္ခဖြစ်တဲ့ တွဲဖက်သုတေသီ ဆူဆန်ကာလ်ဆန်က ပြောပါတယ်။ ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင် သုတေသနမှာ Kansas City ဧရိယာအတွင်း မွေးဖွားခဲ့တဲ့ကလေး ၁၇၁ ဦးကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မိခင်လောင်းတွေ သောက်သုံးနေကျ ဗီတာမင် အားဆေးတွေ၊ ငါးကြီးဆီတို့မှာ ပါတတ်တဲ့ DHA (docosahexaenoic […]


အခြေခံကျန်းမာရေး

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

လျှာဆိုတာ အနီရောင်နဲ့ ပန်းရောင်ကြားပြေးနေတဲ့ အရောင်ရှိနေမှ ပုံမှန်ပါ။ တချို့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေကို စားမိပြီး လျှာမှာ အရောင်တွေ စွန်းနေတာက လွဲလို့ အနီရောင်ပြေးလေး မဟုတ်ဘဲ လျှာဖြူနေပြီ ဆိုရင် နည်းနည်း စဉ်းစားစရာတော့ဖြစ်နေပါပြီ။ ဒီလို လျှာတွေဖြူ နေရတဲ့ ပြဿနာဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်တာကြောင့် သတိထားသင့်တဲ့ အရာတွေထဲမှာ ပါပါတယ်။ ကဲဒါဆို ဘာကြောင့် လျှာတွေဖြူရတာလဲဆိုတာကို ဆက်ကြည့်ရအောင်။ ဘာကြောင့် လျှာတွေဖြူ ရတာလဲ။  လျှာတွေဖြူ ရတာဟာ papillae လို့ခေါ်တဲ့ လျှာပေါ်က အရသာခံတဲ့ အဖုလေးတွေ ရောင်နေလို့ ကြီးနေလို့ ဖြစ်ရတာပါ။ ဒီလို ရောင်ပြီး ကြီးနေတဲ့ အရသာခံ အဖုလေးတွေ ကြားထဲမှာ သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေ ပုံထပ်လာတဲ့အခါ လျှာပေါ်မှာ အဖြူဖပ်တွေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း