အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

ဖခင်အသက်ကြီးနေရင် မွေးလာမယ့်ကလေးအတွက်တင်မက မိခင်ကျန်းမာရေးအတွက်ပါမကောင်းနိုင်

အမျိုးသမီးတွေကိုဆို အသက်ကြီးမှအိမ်ထောင်ကျရင် သားသမီးယူဖို့နောက်ကျလိမ့်မယ်၊ မွေးရခက်လိမ့်မယ်၊ ကလေးရဲ့ဖွံ့ဖြိုးမှုမှာ ထိခိုက်မှုရှိလိမ့်မယ်ဆိုပြီးစိုးရိမ်ကြလေ့ရှိပါတယ်။ မမွေးနိုင်မှာ ၊ မိခင်နဲ့ကလေးရဲ့ကျန်းမာရေးကိုအန္တရာယ်ရှိစေမှာကို စိုးရိမ်ကြလို့ မိခင်လောင်းအသက်ကြီးနေမှာကို မဖြစ်စေချင်ကြပါဘူး။ ဒါပေမယ့် အမျိုးသားတွေကျ ဘယ်လောက်အသက်ကြီးကြီး ကလေးယူဖို့ စိုးရိမ်ပူပန်မှုသိပ်မရှိကြဘူး။ ဒါပေမယ့် မကြာသေးခင်က သုတေသနတွေ့ရှိချက်အရ လမစေ့ဘဲကလေးမွေးဖွားခြင်း၊ ကလေးပေါင်မပြည့်ခြင်း၊ အတက်ရောဂါပါလာခြင်း ဖြစ်နိုင်ခြေတို့ အပြင် မိခင်လောင်းမှာ ကိုယ်ဝန်ဆောင်ဆီးချိြုဖစ်နိုင်တဲ့အန္တရာယ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများစေနိုင်တယ်လို့ သိရပါတယ်။ BMJဆေးသုတေသနဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ အသက် ၄၅ နှစ်အထက်ရှိတဲ့ ဖခင်တွေရဲ့ မွေးဖွားလာတဲ့ကလေးတွေမှာ ၁၂ ရာခိုင်နှုန်းလောက်က ဆိုးကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ Stanford University School Of Medicine မှ ဒေါက်တာ Michael LEisenberg နဲ့အဖွဲ့ကဒီသုတေသနကို ဦးဆောင်လေ့လာခဲ့တာပါ။ အသက် ၂၀နဲ့ ၃၀ ဝန်းကျင်မှာ ဖခင်ဖြစ်တဲ့သူတွေထက်စာရင် ၄၅ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။

ပူပြင်းခြောက်သွေ့တဲ့ နွေရဲ့ ဇာတ်လိုက်အပူဒဏ်ကြောင့် လူတွေက နွေရာသီကို မရောက်ချင်ကြပါဘူး။ သူတို့ မကြိုက်လည်း မကြိုက်ချင်စရာပါပဲ။ နွေရဲ့ အပူဒဏ်ဟာ ချွေးကိုပိုထွက်စေတယ်၊ ပင်ပန်းမှုတွေကို နှစ်ဆပိုဖြစ်စေတယ်၊ အသားအရေကိုထိခိုက်စေတယ် စတဲ့ မကောင်းတဲ့အချက်တွေ များတာကြောင့် လူတိုင်း နွေရောက် မှာကို ကြောက်ကြပါတယ်။ ဒါ့အပြင် နွေရဲ့ အပူချိန်ဟာ ကျန်းမာရေးကို ထိခိုက်စေတာတွေ ပိုဖြစ်နိုင်တာကြောင့် နွေဆို မရောက်ချင်ကြတဲ့သူတွေ များနေတာပါ။ ဒီတော့ နွေရဲ့ အပူချိန်ကို အံတုဖို့ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဆိုတော့ ရေများများသောက်ပါ။  နွေကြောင့် ဖြစ်တဲ့အပူချိန်ကို အံတုနိုင်တဲ့ အကောင်းဆုံး အရာကတော့ ရေများများသောက်တာပဲ ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေ၊ ကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ် ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို ရေခဲအိတ် ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။ ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား နာကျင်မှုနဲ့အတူ နီရဲရောင်ရမ်းမှုတွေ ဖြစ်နေမယ်ဆိုရင် ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ် ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ရေနွေးအိတ်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကြွက်သားနာကျင်တဲ့အခါ အသုံးဝင်ပါတယ်။ ဘယ်လိုနာကျင်မှုတွေကို ဘာကပ်ရမလဲဆိုတာကို ဥပမာပေးရမယ်ဆိုရင် ဂေါက်ရောဂါကြောင့် အဆစ်တွေ ရုတ်တရက် နာလာပြီဆိုရင် ရေခဲဝတ်ကို ကပ်ပေးပါ။ အရောင်ကျစေသလို အေးတာကြောင့် နာတာတွေ ထုံသွားနိုင်ပါတယ်။ […]


အခြေခံကျန်းမာရေး

ခြင်နဲ့ သင့်ကြားမှာ သံလိုက် စက်ကွင်း တစ်ခုရှိနေပြီလား ။ ။

တူတူထိုင်နေကြတာချင်း အတူတူ သူများကိုကျ ခြင်မကိုက်ဘဲ ကိုယ့်ကိုမှ ခြင်က ရွေးပြီး မျက်စိကျတဲ့ အဖြစ်အပျက်မျိုး လူတိုင်းစီမှာ ရှိခဲ့ဖူးမှာပါ။ ကိုယ့်ကိုချောလွန်းလို့ဆိုပြီး ရွေးကိုက်တာမဟုတ်တာကတော့ သေချာတယ်လေ။ ဒါဆို ဘာကြောင့်ကိုယ့်ကျမှ ခြင်ကိုက်တာပိုခံရတာလဲ။ ခြင်နဲ့ ကိုယ်ကြားမှာ သံလိုက်စက်ကွင်းများရှိနေပြီလား ။ ။ သင့်ကိုမှရွေးပြီး ခြင်ကိုက်တာ ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ။ ပိုပြီးထင်သာမြင်သာရှိလိုပါ ။ ။ ခြင် တွေဟာ သူတို့ရဲ့ ကောင်းလွန်းတဲ့ အမြင်အာရုံကို အသုံးချပြီး သားကောင်ကို ရှာဖွေကြတာဖြစ်ပါတယ်။ အထူးသဖြင့် မွန်းလွဲချိန်ဆို သူတို့ အမြင်အာရုံပိုစူးရှကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်က အကျီၤအနက်ရောင်၊ အနီရောင်ဝတ်ထားခဲ့မိလို့ကတော့ အားလုံးထဲမှာ သင်ဟာ သူတို့အတွက် အထင်ပေါ်ဆုံး ဖြစ်နေတော့မှာပါ။ ကိုယ်သင်းနံ့။ ။ ခြင် တွေက သွေးစုပ်ပေမယ့် ငါးမန်းတွေလိုမျိုး […]


ကျန်းမာရေး သတင်းများ

အိမ်မှာ ဖုန်ထူနေရင် လူကို အဆီပိုတက်စေနိုင်

အိမ်သုံးပစ္စည်းတွေမှာကပ်ငြိနေတဲ့ ဖုန်မှုန့်တွေဟာ အဆီဆဲလ်တွေဖြစ်တည်မှုကို အရှိန်မြှင့်တင်ပေးနိုင်တဲ့ ဓါတုပစ္စည်းပေါင်းများစွာရဲ့ခိုအောင်းရာဖြစ်နေနိုင်တယ်လို့ သုတေသနပညာရှင်တွေကဖော်ပြလာပါတယ်။ ဒီတော့ ဖုန်တလူးလူးနဲ့ အိမ်မရှင်းဘဲနေကြတဲ့ အစ်ကိုအစ်မတို့ ပိုဝလာဖို့ လမ်းကြောင်းမြင်နေပါတယ်နော်။ မကြာသေးခင်နှစ်တွေတည်းကendocrineဟော်မုန်းရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေရဲ့သက်ရောက်မှုအကြောင်းကို သုတေသီတွေက စိုးရိမ်ခဲ့ကြပါတယ်။ ဒီဓါတ်ပစ္စည်းတွေက တစ်ခါတလေ အိမ်သန့်ရှင်းရေးပစ္စည်းတွေမှာပါဝင်တတ်ပြီးနေ့စဉ်သုံးနေကျအရာတွေမှာတောင် ရှိနေတတ်ပါတယ်။ ပလတ်စတစ်ပစ္စည်းအများစုမှာက ခုနလိုendocrine-disruptingဟော်မုန်းတွေဖြစ်တဲ့phthalatesတွေပါလေ့ရှိပါတယ်။ ဒီဓါတုပစ္စည်းတွေက သန္ဓေမရနိုင်ခြင်း၊ အသည်းရောဂါ၊ ကင်ဆာနဲ့ ကလေးအဝလွန်ခြင်းတွေနဲ့ဆက်နွှယ်နေတယ်လု့ိလေ့လာတွေ့ရှိခဲ့ပြီးနောက်ပိုင်း သူတို့ကို လူ့ကျန်းမာရေးအန္တရာယ်တွေအဖြစ်နဲ့ သုတေသီတွေက သတိပေးခဲ့ပါတယ်။ အခုသုတေသနမှာတော့Duke University ရဲ့Nicholas School of the Environmentမှ ပါရဂူဘွဲ့ရChristopher Kassotisအဖွဲ့ကလေ့လာတွေ့ရှိခဲ့တာပါ။ အိမ်ထဲကဖုန်တွေကြောင့် အဆီဆဲလ်တွေပိုဖြစ်လာစေတာ ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်တွေမှာendocrine-disrupting ဓါတုပစ္စည်းတွေပါနေလို့ပါပဲ။   သုတေသနမှာမြောက်ကယ်ရိုလိုင်းနားရှိနေအိမ် ၁၉၄ လုံးဆီက ဖုန်မှုန့်နမူနာတွေကို စုဆောင်းခဲ့ပြီး လူ့ကျန်းမာရေးအပေါ် ဖုန်မှုန့်တွေရဲ့ဓါတုသက်ရောက်မှုတွေကိုလေ့လာခဲ့ပါတယ်။ အဲဒီဖုန်မှုန့်တွေထဲက ဓါတ်ပစ္စည်းတွေရဲ့အာနိသင်ကိုစမ်းသပ်ခဲ့ပြီး အဆီဆဲလ်တွေအပေါ်သက်ရောက်မှုကို ဦးစားပေးလေ့လာဆန်းစစ်ခဲ့ပါတယ်။ ဒီဖုန်မှုန့်တွေထဲမှာပါဝင်တဲ့ ဓါတုပစ္စည်းက ပမာဏအရမ်းနည်းနေရင်တောင် အဆီဆဲလ်တွေဖြစ်ပေါ်မှုကိုမြှင့်တင်ပေးနိုင်တယ်လို့လေ့လာမှုရလဒ်တွေကဖော်ပြနေပါတယ်။ သုတေသနအတွင်းမှာ […]


ရောဂါလက္ခဏာများ

ဘာကြောင့် ခြေထောက်တွေလေးလံနေရတာလဲ ။ ။

ခံစားဖူးကြမှာပါ။ ခြေထောက်တွေ လေးနေပြီး လှုပ်ရှားမှု တစ်ခုလုပ်ဖို့တောင် ပင်ပန်းနေတာမျိုး။ ခြေလှမ်းတိုင်းက မသွက်လက်ရင်တောင် လေးတော့မနေသင့်ဘူးလေ။ ဘာကြောင့် ခြေထောက်တွေလေးလံနေရတာလဲ ။ ဒီလိုမျိုး ခြေထောက်တွေ လေးနေရခြင်းကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဘယ်သူတွေမှာ အဖြစ်များလဲ ။ ။ ဒီတိုင်း ယေဘုယျပြောရမယ်ဆိုရင် အဝလွန်တဲ့သူတွေ၊ အသက်ကြီးလာလို့ ကြွက်သားအားနည်းလာတဲ့သူတွေနဲ့ မတ်တပ်အကြာကြီးရပ်၊ အကြာကြီးထိုင်တဲ့သူတွေ ပိုဖြစ်တတ်ပါတယ်။ ခြေထောက်တွေ လေးလံပြီး ပင်ပန်းနေတယ်ဆိုတာ သူတစ်ခုတည်းရှိတတ်သလို အခြား လက္ခဏာတွေ ဖြစ်တဲ့ ကြွက်တက်တာ၊ ရောင်ရမ်းတာ၊ နာကျင်တာတွေနဲ့လည်း တွဲတတ်ပါတယ်။ သူတစ်ခုတည်းရှိရင် သိပ်စိုးရိမ်စရာ မရှိပေမယ့် အခြား လက္ခဏာတွေနဲ့ တွဲလာရင်တော့ ပေါ့ဆနေလို့ မရပါဘူး။ ။ ဘာကြောင့် ခြေထောက်တွေလေးလံနေရတာလဲ ၁ - လှုပ်ရှားမှု အရမ်းများသွားတာ။ ဒီ အချက်ကတော့သိသာပါတယ်။ ပုံမှန်ထက် ခြေထောက်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ရင် ရုပ်ရင့်စေတဲ့ အကြောင်းရင်း (၇) ခု

ဘီယာတွေ၊ အရက်တွေသောက်တတ်တဲ့သူတွေဟာ ကြာရှည်သောက်လေ ရုပ်ရင့်လေဖြစ်လာတာကိုတွေ့ဖူးမှာပေါ့။ နဂိုအသက်ထက် ပိုရင့်တယ်ထင်ရတာမျိုး၊ ရွယ်တူချင်းယှဉ်ရင်တောင် အသက်ပိုကြီးနေသလိုလိုနဲ့။ တချို့တွေကတော့ခြွင်းချက်ပေါ့လေ။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အပြင်ပန်းရုပ်ရည်တင်မက ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရင့်ရော်အိုစာသွားစေတဲ့ အရက်သောက်ခြင်းဆိုးကျိုးတွေကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ရအောင်။ (၁) ရေဓာတ်ခမ်းခြောက်စေတယ် အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။ (၂) အသားခြောက်စေနိုင်တယ် လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။ (၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ် အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ စမတ်ကျနေစေဖို့

အရက်ဆိုတာ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော အပေါင်းအသင်းတွေနဲ့ ဆုံလာပြီဆိုရင် အနည်းဆုံးတော့ တစ်ခွက်တစ်ဖလားလောက် မော့တတ်ကြတာပဲမလား။ တစ်ခွက်ထဲပါလို့ ပြောရင်းနဲ့ အာလေးရွှင်ပြီး စိတ်ကမြူးကြွလာတာနဲ့ မမူးမချင်း တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်တွေ သောက်ကြတော့ပါပဲ။ ဒီလို ဘော်ဒါတွေနဲ့ ဆုံခိုက် သောက်တာ၊ စားတာ ပျော်ဖို့ကောင်းပေမယ့် နောက်နေ့မနက်ရောက်ပြီဆိုရင်တော့ အရက်နာကျ တဲ့ ဝေဒနာကို ခံစားနေရရင်တော့ အဆင်မပြေဘူးပေါ့။ အထူးသဖြင့် ရုံးကိုလာတဲ့နေ့မှာ ညက အရှိန်နဲ့ မျက်နှာက မအီမသာဖြစ်၊ ခေါင်းကမူးပြီး အော့အန်ချင်သလို၊ အလုပ်ထဲလည်း အာရုံမရောက်ဖြစ်နေရင်တော့ အလုပ်ခွင်မှာ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကဲချင်သလို ကဲပြီး နောက်နေ့ ရုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေအောင် အရက်နာကျ ဝေဒနာကို ထိန်းဖို့နည်းလမ်းတွေကို ကိုယ့်ဘော်ဒါတွေအတွက် ဝေမျှပေးလိုက်ပါတယ်။ အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေ ရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

အဟမ်း..... အဟမ်း.... ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့ နွေရာသီကို ရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်တွေပေါများပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သောက်ရေ၊ သုံးရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။ ဒါကြောင့် ရေရှားတဲ့ နွေရာသီရောက်ရင် မသန့်ရှင်းတဲ့ ရေ ကြောင့် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေအသက် တစ်မနက်ပါ ရေအသက် တစ်မနက်ပါနော်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေနဲ့ ဖွဲ့စည်းထားတာပါ။ ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ရေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ ဝမ်းနဲ့ ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကလည်း သောက်သုံးရေပါနော်။ သန့်ရှင်းတဲ့ရေ လုံလောက်အောင်မရရင် ဘာဖြစ်မလဲ သန့်ရှင်းတဲ့ရေ မရလို့ လုံလောက်အောင် […]


အခြေခံကျန်းမာရေး

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

ဗီတာမင် ချို့တဲ့ရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုအန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးက အမြဲကြားဖူးနေကျ အသိပညာပေးစကားတွေပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘယ်အရာမှ ရှိသင့်တာထက်လွန်ကဲရင်မကောင်းပါဘူး။ ခုတလောမှာတွေ့ရလိုက်ရတဲ့ သတင်းတွေထဲ ဗီတာမင် D လွန်ကဲနေလို့ အဆိပ်သင့်ရတဲ့သူတွေအကြောင်း ပါဝင်နေပါတယ်။ ဗီတာမင် D ဆိုတာ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်နဲ့ အရိုး၊ကြွက်သား၊နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D ကို အဆီများတဲ့ငါးကလွဲပြီး တခြားအစားအသောက်ကနေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့နေရောင်ထိတွေ့မှုသိပ်မရှိသူတွေမှာ အလုံအလောက်မရနိုင်တဲ့အတွက်ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။ ဗီတာမင် D မှာD2 နဲ့D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။D2 ကို အသီးအရွက်တွေကနေရရှိနိုင်ပြီးD3 ကိုတော့ အဆီများတဲ့ငါးနဲ့အသားကနေရရှိနိုင်တယ်၊နေရောင်ခြည်ကရနိုင်တယ်ဆိုပေမယ့် ပမာဏနည်းပါတယ်။။ တစ်နေ့ကိုဗီတာမင် D ပမာဏ 400–1000 IUအထိသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးတာကဗီတာမင် D နဲ့ပတ်သက်တဲ့အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ထင်ရာမသောက်ဖို့ပါပဲ။ဗီတာမင် D3 […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း