Leukoplakia – သင့်လျှာကိုသာမက ပါးစောင်တွေ၊ သွားဖုံး တွေ အကုန်လုံးမှာ အဖြူဖတ်ကပ်နေနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဆေးရွက်ကြီးငုံတတ်တဲ့သူ၊ အရက်တွေ အလွန်အကျွံသောက် တတ်တဲ့သူတွေဟာ Leukoplakia ရနိုင်ချေ ပိုများပါတယ်။ ပုံမှန်ဆို ပြဿနာကြီးကြီးမားမားမရှိဘူးလို့ ပြောလို့ရပေမယ့် အခန့်မသင့်ရင်တော့ Leukoplakia က ခံတွင်းကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။
Oral lichen planus – ခုခံအားကြောင့် ဖြစ်တဲ့ ပြဿနာတစ်မျိုးဖြစ်ပြီး သင့်ခံတွင်းနဲ့ လျှာမှာအဖြူဖတ်တွေ ကပ်စေတဲ့ တရားခံဖြစ်ပါတယ်။ ဒါ့အပြင် သွားဖုံးတွေ ရောင်နေတာမျိုးနဲ့ ပါးစောင်ရောင်တာမျိုးတွေ ပါတွဲတတ်ပါတယ်။
Oral thrush – Candida yeast လို့ခေါ်တဲ့ မှိုရောဂါကြောင့် ခံတွင်းမှာ အဖြူဖတ်တွေ ကပ်နေတဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။ ခုခံအားနည်းတဲ့ရောဂါဖြစ်တဲ့ HIV ရောဂါခံစားနေရတဲ့သူတွေနဲ့ ဆီးချိုရောဂါသည်တွေ၊ သံဓာတ်နဲ့ ဗီတာမင် B ချို့တဲ့နေတဲ့သူတွေနဲ့ သွားထိန်းဝတ်ပြီး ခံတွင်းသန့်ရှင်းရေး သေချာ မလုပ်တဲ့သူတွေမှာ မှိုစွဲပြီး အဖြူဖပ်တွေ ကပ်နေနိုင်ပါတယ်။

Syphilis – ဒီ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ကာလသားရောဂါ ကြောင့် သင့်ခံတွင်းနဲ့ သွားဖုံးတွေ ရောင်နေနိုင် တဲ့အပြင် syphilitic leukoplakiaကြောင့်လည်း အဖြူဖပ်တွေ အများကြီး ကပ်နေနိုင်ပါသေးတယ်။
ခံတွင်းကင်ဆာ – ခံတွင်းကင်ဆာကြောင့်လည်း သင့်ခံတွင်းမှာ အဖြူတွေကပ်နေနိုင်ပါသေးတယ်။
ဘယ်အချိန် ဆရာဝန် ဆီသွားရမလဲ။
ဒီလို လျှာတွေဖြူ နေတာ ၂ပတ်ထက်ပိုပြီးရှိနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါတယ်။ လျှာဖြူတာ အပြင်
- လျှာနာပြီး ပူနေတာ
- လျှာတွေ ရောင်နေတာ
- အစားအစာတွေ ဝါးလို့၊ မျိုချလို့ မရတာ၊ စကားပြောလို့ မရတာနဲ့
- အဖျားတက်နေတာ၊ ကိုယ်အလေးချိန် ကျသွားတာနဲ့ အရေပြားမှာ အကွက်ထတာတွေပါ ဖြစ်နေရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။