ဇင့် – အစေ့အဆံများ၊ ကောက်ပဲသီးနှံ အမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ အရှည်တဲ့ဖြစ်စဉ်ကို ကူညီပေးတဲ့ အစားအသောက်တွေပါ။
မနက်စာ မှန်မှန်စားပါ ။ ။
လူတိုင်း အမှတ်မှားနေကြတဲ့ ကိစ္စတစ်ခုက မနက်စာမစားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတာပါပဲ။ တကယ်တော့မှားနေပါတယ်။ မနက်စာမစားရင် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်မယ့်အပြင် အစာအိမ်ရောဂါတောင်ရနိုင်ပါသေးတယ်။ ဒါ့အပြင် ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကိုတောင် မရတော့လို့မနက်စာ မှန်မှန်မစားတဲ့သူတစ်ယောက်ဟာ အရပ်ထပ်ရှည်ဖို့ မဖြစ်နိုင်ပါဘူး။
လေ့ကျင့်ခန်းလုပ်ပါ ။ ။
ကြွက်သားတွေကို ဆွဲဆန့်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဟာ အရပ်ရှည်ချင်တဲ့သူတစ်ယောက်အတွက် အရေးပါလှတဲ့ လေ့ကျင့်ခန်းတွေပါ။ အဲ့ဒီထဲမှာ အထူးခြားဆုံးကတော့ ဘားတန်းခိုပြီး ဘားတန်းပေါ် ခေါင်းရောက်အောင်တင်တာနဲ့၊ ခြေဖျားထောက်ပြီး မတ်တပ်ရပ်တာ နဲ့ ယောဂေလ့ကျင့်တာတို့ ဖြစ်ပါတယ်။
အိပ်ရေးဝဝအိပ်ပါ။
အိပ်ချိန် အပြောင်းအလဲကလည်း ကြီးထွားစေတဲ့ ဟော်မုန်းအပေါ်ကို အများကြီးသက်ရောက်တဲ့ အရာတစ်ခုပါ။ တစ်ရက်ကို ၈နာရီကနေ ၁၀ နာရီ အထိအိပ်ပေးမှ ကိုယ်ခန္ဓာက ကြွက်သားတွေ ပြေလျော့သွားပြီး ဆန့်နိုင်မှာဖြစ်လို့ အရပ်ရှည်ထွက်လာမှာပါ။
အားကစားတစ်ခုခု လိုက်စားပါ။
အားကစားသမားတွေထဲမှာ သေးသေးကွေးကွေး ဘယ်နှစ်ယောက်များ တွေ့ဖူးပါလဲ။ အားကစားသမားတွေကို ကြည့်လိုက်ရင် အရပ်တွေ အရှည်ကြီး လူကောင်တွေ အကြီးကြီးတွေ များပါတယ်။ ဘက်စ်စကက်ဘော သမားတွေဆိုပိုပြီးရှည်တာပေါ့။ ဒီနိုင်ငံမှာက ဘက်စ်စကက်ဘောကို အားကစားက သိပ်ပြီး မတွင်ကျယ်သေးတာကြောင့် အရပ်ရှည်တဲ့ အားကစားတစ်ခုခု လိုက်စားချင်ရင် ကြက်တောင်ရိုက်တာတို့၊ ရေကူးတာတို့ လုပ်ပေးလို့ရပါတယ်။
ခါးကိုမတ်မတ်ထားပါ.။
ထိုင်တဲ့အချိန်မှာ ခါးကိုကုန်းပြီးထိုင်တာမျိုး၊ ပျင်းတွဲတွဲနဲ့ နောက်လျှောထိုင်နေတာမျိုးတွေက အရပ်ရှည်ဖို့အတွက် နှောင့်ယှက်နေတဲ့ အရာတွေပါ။ အရပ်ကလေး ဆန့်ဆန့်ရှည်ထွက်ဖို့ဆိုရင်တော့ ခါးကိုမတ်မတ်ထားပြီ ထိုင်တဲ့အကျင့်ကို မွေးရပါမယ်။
ဆေးလိပ် အရက်တို့ကနေ ဝေးဝေးရှောင်ပါ ။ ။
ဆေးလိပ်တို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေပဲ ပေးတယ်ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်မှာပါ။ ဆယ်ကျော်သက်အရွယ်တည်းက ဆေးလိပ်တွေ အရက်တွေ သောက်တတ်နေပြီဆိုရင်တော့ ရှည်ထွက်ဖို့တာဆူနေတဲ့ အရပ်လည်း တန့်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်က အရပ်ရှည်ချင်ရင် ဆေးလိပ် အရက်တို့နဲ့ ဝေးဝေးရှောင်ပါ ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။