အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မုန့်ဖုတ်ဆိုဒါ ကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

မုန့်ဖုတ်ဆိုဒါလို့ အရပ်ထဲမှာ ခေါ်ဝေါ်ကြတဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ကို မုန့်ဖုတ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးကြတာကို သိကြပြီးဖြစ်ပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါကို ချက်ပြုတ်ရာတွင်မကပဲ ကျန်းမာရေးနှင့် အိမ်တွင်းနည်းလမ်းများတွင်လည်း သုံးနိုင်ပါသေးတယ်။ အခုဆောင်းပါးမှာတော့ မုန့်ဖုတ်ဆိုဒါကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မုန့်ဖုတ်ဆိုဒါ ကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ မုန့်ဖုတ်ဆိုဒါကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ ကတော့ (၁) ရင်ပူခြင်းကို သက်သာစေပါတယ် အစာအိမ်ထဲမှာရှိရမယ့် အစာခြေအက်စစ်တွေဟာ အစာအိမ်ကနေ လည်ချောင်းအထိ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူလာပါတယ်။နာတာရှည်ရင်ပူခြင်းက အစာမျိူချတဲ့ နေရာတွေကိုပါ ထိခိုက်စေပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အစာအိမ်အက်ဆစ်တွေရဲ့ အချဉ်ဓာတ်ကို မျှတအောင် လုပ်ပေးနိုင်တဲ့အတွက် ရင်ပူခြင်းကို အမြန်ဆုံးသက်သာစေပါတယ်။ ရေအေးတစ်ခွက်မှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတစ်ဇွန်းစာ ထည့်မွှေပြီး ဖြည်းဖြည်းချင်းသောက်ပေးပါ။ (၂) ခံတွင်း အနံ့အသက် ကောင်းစေပြီး သွားတွေကို ဖြူစေတယ် မုန့်ဖုတ်ဆိုဒါဟာ သွားကျန်းမာရေး အတွက်လည်း အစွမ်းထက်ဆေးတစ်လက် ဖြစ်ပါတယ်။ လေ့လာချက်များအရ မုန့်ဖုတ်ဆိုဒါ ပါဝင်တဲ့ […]


အခြေခံကျန်းမာရေး

ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ

ဆေးသောက် တာပဲ ဘာခက်လို့လဲ။ ဒီလိုပဲ ဝယ်ပြီး သောက်လိုက် ပြီးသွားတာပဲကိုလို့ ပြောစရာရှိပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ ဆရာဝန်တွေ ဆေးကုတဲ့အခါ ဆေးပေးလိုက်တဲ့အခါ ပြန်ကြားရတာတွေက အဆင်ပြေမနေပါဘူး။ အရပ်ထဲမှာ ဆေးနဲ့ပတ်သတ်ပြီး လုပ်နေတာတွေကို တွေ့ရတဲ့အခါမှာလည်း စိတ်မချမ်းသာပါဘူး။ ဆေးသောက်တာနဲ့ ပတ်သတ်ပြီး လူတွေ မှား မှားပြီး လုပ်နေကြတာလေးတွေ ရှိပါတယ်။ ဒါတွေကို တစ်ချက်ကြည့်ကြရအောင်။ ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်တာ ဆရာဝန် ညွှန်ထားတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကို ရပ်တာ၊ ပြောင်းတာ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ပိုးသတ်ဆေးတို့၊ ဆီးချိုဆေးတို့၊ သွေးကျဆေးတို့ပေါ့။ ပိုးသတ်ဆေးဆိုရင်လည်း ဆေးပတ်လည်အောင် သောက်ရမှာပါ။ တစ်ပတ်သောက်ပါဆို တစ်ပတ်မတိုင်ခင် နေကောင်းသွားရင် ရပ်တတ်ကြပါတယ်။ ဒီလို မဟုတ်ပါဘူး။ […]


အခြေခံကျန်းမာရေး

ဆေးသောက် ရမယ်ဆို ဒါတွေ မေးဖြစ်အောင် မေးပါ။

နေမကောင်းလို့ ဆေးသောက် ရမယ်ဆိုရင် ဘယ်လိုလုပ်လေ့ရှိလဲ။ ကိုယ့်ကိုယ်ကို ဆေးစပ်သောက်တာလား၊ ဆေးဝါးကျွမ်းကျင် ပညာရှင်တွေ ရောင်းတဲ့ ဆေးဆိုင်မှာ ပြောပြီး ဝယ်သောက်တာလား၊ ဆရာဝန်ဆီသွားပြပြီး ညွှန်ကြားတဲ့အတိုင်း သောက်တာလား။ သောက်ဆေးတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် OTCလို့ ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေ (ဥပမာ ခေါင်းကိုက်ပျောက်ဆေးတွေ) ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ဝယ်လို့ရတဲ့ ဆေးတွေ (ဥပမာ ပိုးသတ်ဆေးတွေ ) အားဆေးတွေ စတာတွေဆိုပြီး ရှိပါတယ်။ တခြား နိုင်ငံတွေမှာတော့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်လို့ရတဲ့ ဆေးတွေကို ဒီတိုင်းရောင်းလေ့မရှိပါဘူး။ OTCဆေးတွေ ဆိုရင်လည်း ဆေးဝါးပညာရှင်ကပဲ မေးမြန်းပြီး ကိုက်ညီလောက်မယ့် ဆေးကို ညွှန်ပေးတာပါ။ ဒီတိုင်း ဆေးပေးလို့ရတဲ့ လက္ခဏာမဟုတ်ရင် ဆရာဝန်ဆီသွားဖို့ အကြံပြုလေ့ရှိပါတယ်။ ဥပမာ သွေးတိုးနေလို့ သွေးကျဆေးရောင်းပါဆို သူတို့မရောင်းပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရေချိုး ခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

မိုးရွာရင် မိုးရေချိုး မယ် ဆိုတဲ့ သီချင်းလေး ဆိုဆိုပြီး ငယ်တည်းက မိုးရေထဲ ပြေးလွှားကြ၊ ပျော်ခဲ့ကြတယ် မဟုတ်လား။ တချို့မိဘတွေကတော့ အအေးမိမှာစိုး၊ ထိခိုက်မှာစိုးပြီး ပေးမထွက်ကြဘူးလေ။ ဒါပေမယ့် မိုးရေက သုံးလို့ကောင်းတာ၊ သန့်စင်တာ၊ အရသာကောင်းတာ စတဲ့ အချက်တွေကြောင့် မိုးရေတွေကို အိမ်မှာ သိမ်းဆည်း၊ သုံးစွဲတတ်ကြပါတယ်။ ရှေးလူကြီးတွေ ဆိုရင် မိုးတွင်း ရောက်တာနဲ့ မိုးရေခံပြီး အိုးကြီးအိုးငယ်နဲ့ သောက်သုံးရေ သိုလှောင်တတ်ကြပါတယ်။ မိုးရေကို ကျိုသောက်တဲ့ ရေနွေးကြမ်းက သိပ်ပြီး အရသာကောင်းပါတယ်တဲ့။ ဒါ့ကြောင့်မို့ မိုးရေကနေ ရမယ့် အကျိုးကျေးဇူးတွေ အကြောင်းကို ပိုပြီးသိချင်လာမိတာပေါ့။ မိုးရာသီ ရဲ့ ပျော်စရာ တစ်ခုအဖြစ် မိုးရေချိုးခြင်းက ထိပ်ဆုံးက ပါဝင်နေတာပဲလေ။ မိုးရေချိုး ခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား မိုးရေ ဘာလို့ ချိုးသင့်တာလဲ။ မိုးရေချိုးတယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Petroleum Jelly အကြောင်း သိသင့်သမျှ

Petroleum jelly ဆိုတာ ရေနံနဲ့ဖယောင်းရောစပ်ထားတဲ့ ပစ္စည်းဖြစ်ပြီး အခဲတစ်ပိုင်း ဂျယ်လီတစ်ပိုင်းလို့ ခေါ်နိုင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ လူတချို့က အလှဆီလို့ သတ်မှတ်ထားသလို တချို့ကလည်း ဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။ ၁၉ ရာစုကတည်းက ရေနံလုပ်သားများက ရေနံတူးစင်တွေမှာ ကပ်ငြိနေတဲ့ petroleum jelly ဖြစ်လာမယ့် အရာတွေကို သတိထားမိခဲ့ကြပါတယ်။ ရေနံလုပ်သားများဟာ ထိုအရာများကို ထိခိုက်ရှနာ၊ အပူလောင်နာ ဒဏ်ရာများကို သက်သာအောင် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အလှကုန်နဲ့ဆေးဝါးပစ္စည်းအဖြစ် ထုတ်လုပ်လာပြီး vaseline ဆိုတဲ့ အမည်ဟာ ထင်ရှားပါတယ်။ Petroleum jelly ကို အရေပြားပေါ်က အနာတွေကို ရေစိုမခံအောင် လိမ်းကျံပေးနိုင်ပါတယ်။ အနာများကို ကျက်စေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတာ့ Petroleum jelly ရဲ့ အသုံးဝင်ပုံများ ဖြစ်ပါတယ်။ Petroleum […]


ရောဂါလက္ခဏာများ

ကြို့ထိုး ခြင်း ပြဿနာ

လူတိုင်းနီးပါး ကြို့ထိုး တဲ့ပြဿနာကို ကြုံဖူးကြမယ်လို့ထင်ပါတယ်။ တစ်ခါနှစ်ခါ ကြို့ထိုးတဲ့အခါ ပြသနာမရှိပေမယ့် အချိန်အကြာကြီး ခဏခဏ ဖြစ်လာတဲ့အခါ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာပါတယ်။ အစားအစာတွေ အများကြီးတစ်ခါတည်း စားမိတဲ့အခါ၊ အမြန်စားမိတဲ့အခါ၊ gas ပါတဲ့ အချိုရည်တွေကို သောက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ စတဲ့ အချိန်တွေမှာလည်း ကြို့ထိုးနိုင်တာကြောင့် လူတိုင်းမကြာခဏ တွေ့ကြုံကြရနိုင်ပါတယ်။ ဒါပေမယ့် တချို့တွေမှာတော့ ကြို့ထိုးတာက အကြာကြီးဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကြို့ထိုးခြင်းနဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အကြောင်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ဘာကြောင့် ကြို့ထိုး ရသလဲ။ အသက်ရှူသွင်းရှူထုတ်တဲ့ လုပ်ငန်းမှာ အရေးပါတဲ့ diaphragm လို့ခေါ်တဲ့ ကြွက်သားလေးတွေကို လှုံ့ဆော်မှုဖြစ်သွားတာကြောင့် ကြို့ထိုးရတာပါ။ diaphragm ဆိုတာကတော့ ရင်ဘတ်ကြီးနဲ့ ဝမ်းဗိုက်ကြီးတစ်ခုလုံးကို ခြားထားပေးတဲ့ ကြွက်သားလေးတစ်မျိုးဖြစ်ပါတယ်။ […]


ရောဂါလက္ခဏာများ

တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား

တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား ..... ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့ မကောင်းဘူး။ သိသိသာသာ ဖျားနေတာလည်း မဟုတ်၊ အိပ်ရာထဲ လဲနေတာလည်း မဟုတ်၊ ဒါပေမယ့် အဖျားလည်း ပျောက်လည်း မပျောက်ဘူး။ ဒီအတိုင်းပဲ ရှိနေတာ ကြာလာတာမျိုး။ တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာ လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဘာတွေကြောင့် ဖြစ်နိုင်လဲ တငွေ့ငွေ့နဲ့ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့

ဗိုက်ပေါ်က ချက်က နံမှာစိုးလို့ အနံ့ထွက်မှာ စိုးလို့ဆိုပြီး ချက်ကို သန့်ရှင်းတယ်၊ ချက်ထဲက ချေးတွေကို ကော်ထုတ်ရင်း မတော်တဆ ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံဆေးခန်း သွားစရာ မလိုဘဲ နေအိမ်မှာပဲ သက်သာအောင် လုပ်လို့ရပါတယ်။ ချက်ပိုးဝင်ကူးစက်နေလား ဘယ်လို သိနိုင်မလဲ........... ချက်ပိုးဝင်ကူးစက်တဲ့အခါ ချက်ထဲက နာမယ် ချက်တဝိုက် ရောင်ရမ်းမယ်၊ အထိမခံနိုင်အောင် နာမယ် ချက်တဝိုက် နွေးနေမယ် ချက်ထဲက ဒါမှမဟုတ် ချက်တဝိုက် ယားနေမယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေမယ် ချက်ထဲကနေ ပြည်ထွက်မယ် ချက်ကနေ အနံ့ဆိုး ထွက်မယ် မအီမသာ ဖြစ်မယ် မူးဝေမယ် ချက်ကနေ သွေးထွက်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ချက်ပိုးဝင်ကူးစက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့ ချက်ပိုးဝင်ကူးစက်တဲ့အခါ သက်သာစေဖို့ ဒီ အိမ်တွင်းကုထုံးလေးတွေကို အသုံးပြုပေးလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

ရာသီဥတုဖောက်ပြန်မှုဟာ ကမ္ဘာကြီးကိုပဲ ထိခိုက်နိုင်တာမဟုတ်ပါဘူး။ လူသားတွေအပေါ်ကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဟာ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ နဲ့ ကမ္ဘာ့နေရာဒေသတွေအပေါ် မူတည်ပြီး ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးဟာလည်း နည်းအမျိုးမျိုး နဲ့ ထိခိုက်လာပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပိုလို့တောင်ထိခိုက်မှုများနိုင်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ ဂရုပြုသင့်ပါပြီ။ ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား (၁)      ရိုးရိုးရှင်းရှင်း ဥပမာတစ်ခုကိုပဲစဉ်းစားကြည့်ကြပါစို့။ အပူချိန်လွန်ကဲလာတဲ့အခါ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာပါတယ်။ လျှပ်စစ်မီးပြတ်တောက်ခြင်းဟာ ဆေးရုံတွေအတွက် အတော်လေး အထိနာတဲ့ ကိစ္စကြီးတစ်ရပ်ပါ။ လျှပ်စစ်မီးပြတ်တောက်နေစဉ်မှာ ခွဲစိတ်မှုတွေ၊ လူနာသယ်ယူမှုတွေ၊ လူနာတွေကိုစမ်းသပ်စစ်ဆေးမှုတွေ (ဥပမာ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း) စတာတွေကို ပြုလုပ်နိုင်ဖို့ ဘယ်လိုမှမလွယ်ကူလှပါဘူး။ လူနာတွေအတွက် […]


ရောဂါလက္ခဏာများ

ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ

လူ့ခန္ဓာကိုယ်က ကိုယ်တွင်းက ပြောင်းလဲမှုကိုရော ပြင်ပက ပြောင်းလဲမှုကိုပါ တုံ့ပြန်ပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာလည်း ပြင်ပက ပတ်ဝန်းကျင်အပူချိန်မြင့်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တွင်းက အပူချိန်မြင့် လာရင်ပဲဖြစ်ဖြစ် အပူချိန် တက်လာတတ်ပါတယ်။ ဖျားနေတာမဟုတ်ဘဲလည်း ကိုယ်အပူချိန် တက်နိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ ကဲ ...... ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ က ဘာတွေများ ဖြစ်မလဲ။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် ဖြစ်ပြီး နေ့တစ်နေ့တာရဲ့ အပူချိန်​ကြောင့် ၀.၉ ဒီဂရီဖာရင်ဟိုက်လောက် ကွာခြားသွားတာမျိုး ရှိနိုင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ပျမ်းမျှ ကိုယ်အပူချိန်ကလည်း အနည်းငယ်လောက် ကွာခြားနိုင်ပါတယ်။ ကိုယ်အပူချိန်အပေါ် သက်ရောက်နေတဲ့အရာတွေ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း