backup og meta

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

လေလေးနည်းနည်း တိုက်တာနဲ့၊ မိုးလေး ညို့တာနဲ့ အနွေးထည် ပြေးဝတ်ရတဲ့ ဒုက္ခကို အအေးဒဏ် မခံနိုင်သူတွေပဲ သိပါတယ်။ ကုန်ကုန်ပြောရရင် အဲယားကွန်း အအေးကိုတောင် မခံနိုင်လို့ ပိတ်ပစ်ရတာ၊ ရှောင်ပြေးရတာ၊ အဝတ်အစားအထပ်ထပ် ဝတ်ထားရတာမျိုးတွေတောင် ရှိပါတယ်။ တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း တွေက ဘာတွေ ဖြစ်မလဲ။

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

တခြားသူတွေနဲ့ မတူဘဲ ကိုယ့်မှာမှ ဒီလို ဘာကြောင့် ဖြစ်နေရတာလဲ သိချင်နေမှာပေါ့။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်ခြေတွေ အမျိုးမျိုး ရှိပါတယ်။ တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း တွေက

(၁) သွေးအားနည်းခြင်း

ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့ အခါ လူက ပင်ပန်းလွယ်တယ်၊ အားနည်းတယ်၊ အသက်ရှူမဝဖြစ်တယ်၊ ချမ်းလွယ်တယ်၊ အထူးသဖြင့် ခြေဖျားလက်ဖျား အေးတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်သင့်သောက်၊ စားသင့်တာ စားရပါမယ်။

(၂) သိုင်းရွိုက်ဟော်မုန်း ‌ပြဿနာ

သိုင်းရွိုက်ဂလင်းက ဟော်မုန်း အလုံအလောက် မထွက်တာပါ။ ဒါ့ကြောင့်ပဲ အအေးဒဏ်ကို ခံနိုင်ရည်မရှိတာ အပြင် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၃) ကျောက်ကပ် မကျန်းမာခြင်း

ဆီးချိုနဲ့ သွေးတိုးကြောင့် ကျောက်ကပ်ရောဂါ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်က သွေးကို မစစ်ထုတ်ပေးနိုင်တော့တဲ့အတွက် ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေက အန္တရာယ်ရှိတဲ့အဆင့်အထိ စုလာနိုင်ပါတယ်။ ဒီလိုကနေ ကိုယ်အပူချိန် ကျလာပြီး တခြားပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကျောက်ကပ်ရောဂါက သွေးအားနည်းခြင်း နဲ့ ဆက်နွှယ်နေသလို ဒါတွေ ဖြစ်နေရင် အပြင်ရာသီဥတု ပူနေရင်တောင် အတွင်းက ချမ်းလာ၊ စိမ့်လာတာမျိုး ခံစားရနိုင်ပါတယ်။

(၄) အမျိုးအစား ၂ ဆီးချိုရောဂါ

ဆီးချိုရှိနေတယ်ဆို သွေးအားနည်းတာ၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုကြောင့် ဖြစ်တဲ့ အာရုံကြောထိခိုက်မှု ကနေလည်း ချမ်းစိမ့်ခြင်းကို ဖြစ်လွယ်စေပါတယ်။ အစားအသောက်၊ အနေအထိုင် ဂရုစိုက်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းတာက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၅) ဗီတာမင် B12 ချို့တဲ့ခြင်း

ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 မလုံလောက်ရင် သွေးအားနည်းစေနိုင်တယ်။ ဗီတာမင် B12 ကို ကြက်သား၊ ကြက်ဥ၊ ငါးတွေကနေ ရနိုင်ပါတယ်။

(၆) သံဓာတ် အားနည်းခြင်း

သံဓာတ် မလုံလောက်ရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးအရင်းအမြစ်ကတော့ အနီရောင်အသားတွေ ဖြစ်ပေမယ့် ကြက်သား၊ ဘဲသား၊ ဝက်သားနဲ့ ငါးကနေ လည်း ရနိုင်ပါတယ်။ အသားမဟုတ်တဲ့ အရင်းအမြစ် ဆိုလည်း သံဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ ဗိုလ်စားပဲ၊ အစိမ်းရင့်ရောင် အသီးအရွက် တွေကနေ ရနိုင်ပါတယ်။

(၇) ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုး

ကိုယ် လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း အအေးဒဏ် ခံနိုင်ရည် နည်းစေနိုင်ပါတယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ခေါင်းမူးမယ်၊ ပင်ပန်းလွယ်မယ်၊ မအီမသာဖြစ်စေနိုင်တယ်၊ ခြေဖျားလက်ဖျား အေးစက်လာနိုင်တယ်။ သံသယရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်မေးမြန်းပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicaldaily.com/why-am-i-always-cold-8-possible-causes-abnormally-low-body-temperature-401761

https://www.webmd.com/a-to-z-guides/ss/slideshow-reasons-you-are-always-cold?ecd=wnl_wmh_011419&ctr=wnl-wmh-011419_nsl-LeadModule_cta&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d

 

ယခုပုံစံ

05/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေမကောင်းတာနဲ့ အနွေးထည်အထူကြီး မချွတ်တမ်းဝတ်ထားစရာလိုသလား

လေစိမ်းတိုက်လို့ ဖျားတာလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement