Petroleum jelly ဆိုတာ ရေနံနဲ့ဖယောင်းရောစပ်ထားတဲ့ ပစ္စည်းဖြစ်ပြီး အခဲတစ်ပိုင်း ဂျယ်လီတစ်ပိုင်းလို့ ခေါ်နိုင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ လူတချို့က အလှဆီလို့ သတ်မှတ်ထားသလို တချို့ကလည်း ဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။ ၁၉ ရာစုကတည်းက ရေနံလုပ်သားများက ရေနံတူးစင်တွေမှာ ကပ်ငြိနေတဲ့ petroleum jelly ဖြစ်လာမယ့် အရာတွေကို သတိထားမိခဲ့ကြပါတယ်။