အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ကယ်ဖို့ သွေးလှူ ကြပါစို့

ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် စိတ်ချရတဲ့သွေးရရှိဖို့ ဘယ်လောက်အရေးပါသလဲဆိုတာနဲ့ သွေးလှူ ဖို့ ဘာလို့အရေးကြီးလဲဆိုတာတွေကို ပြောပြချင်ပါတယ်။ ကမ္ဘာ့ သွေးလှုရှင်များနေ့ နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ ဖြစ်ပါတယ်။ လူတိုင်းအသက်ရှင်နေနိုင်ဖို့ သွေးကို မရှိမဖြစ်လိုအပ်ပါတယ်။ အခုချိန်ထိလည်း ကမ္ဘာ့အနှံ့အပြားမှာ သွေးအရေးပေါ်လိုအပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်ကုသမှု ခံယူရမယ်ဆိုရင် သွေးလိုပါတယ်။ ကလေးမွေးမယ့် မိခင်တွေဆိုလည်း အရေးပေါ်သွေးဆောင်ထားဖို့လိုသလို သွေးပုံမှန်သွင်းဖို့ လိုအပ်နေတဲ့ နာတာရှည်ဝေဒနာရှင်တွေလည်း သန်းပေါင်းများစွာရှိပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးက သွေးလိုအပ်နေတဲ့သူတွေအတွက် လုံခြုံစိတ်ချရတဲ့ သွေးရရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီသတင်းစကားကို ဖြန့်ဝေချင်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၀၅ ခုနှစ်ကစပြီး နှစ်တိုင်းဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အသက်ကယ်ဖို့ သွေးလှူ ကြပါစို့ သန့်စင်တဲ့ […]


အခြေခံကျန်းမာရေး

မဂ္ဂနိစ်ဓာတ် (Manganese) အကြောင်း သိကောင်းစရာ

မဂ္ဂနိစ်ဆိုတာ သဘာဝအတိုင်းတွေ့ရတဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပြီး periodic table မှာ အက်တမ်နံပါတ် ၂၅ သတ်မှတ်ထားပါတယ်။ မဂ္ဂနိစ် (Manganese) ကို စာလုံးပေါင်းဆင်တဲ့ မဂ္ဂနီဆီယမ် (Magnesium) နဲ့ မကြာခဏ မှားတတ်ကြပါတယ်။ မဂ္ဂနိစ်ဟာ ပမာဏများလာရင် လူကို ထိခိုက်နိုင်ပေမယ့် သင့်တော်တဲ့ပမာဏမှာဆိုရင် လူသားတို့ရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ မဂ္ဂနိစ်ချို့ယွင်းလာရင်လည်း ကျန်းမာရေးမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။ မဂ္ဂနိစ်ဟာ ဘာအတွက် အရေးပါသလဲ မဂ္ဂနိစ်ဟာကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာမျိုးစုံအတွက် အရေးပါပါတယ်။ အထူးသဖြင့် အောက်ပါ ကိစ္စရပ်များ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်ခြင်းလုပ်ငန်းစဉ် ကိုယ်ခန္ဓာထဲမှာ အင်ဇိုင်းလို့ခေါ်တဲ့ ပရိုတိန်းပေါင်းစုံရှိပါတယ်။ အင်ဇိုင်းများဟာ ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်များကို အရှိန်မြန်လာစေပါတယ်။ မဂ္ဂနိစ်ဟာ အရေးကြီးအင်ဇိုင်းပေါင်းစုံရဲ့ မရှိမဖြစ်ပါဝင်ပစ္စည်းဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ ကိုလက်စထရော စတာတွေကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ဖရီးရယ်ဒီကယ်များဟာ ဆဲလ်များကို […]


အခြေခံကျန်းမာရေး

ကိုလင်း (Choline) ချို့တဲ့ခြင်းအကြောင်း

ကိုလင်းဆိုတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။ အသည်းရဲ့လုပ်ငန်းတာဝန်၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။ ကိုလင်းဟာ ကိုယ်ခန္ဓာရဲ့ အောက်ပါတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ - ဆဲလ်တည်ဆောက်ခြင်း။ ကိုယ်ခန္ဓာဆဲလ်များရဲ့ တောင့်တင်းခိုင်မာမှုကို အားဖြည့်ပေးမယ့် အဆီဓာတ်ဖြစ်ပေါ်စေဖို့ လိုအပ်ပါတယ်။ - ဆဲလ်များအချင်းချင်းသတင်းပို့ခြင်း။ ကိုယ်ခန္ဓာဆဲလ်များအချင်းအချင်း အချက်အလက်သတင်းတွေ ပေးပို့ရာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်ဖို့ ကိုလင်းကို လိုအပ်ပါတယ်။ - အဆီဓာတ် သယ်ယူပို့ဆောင်ခြင်းနှင့် ဇီဝဖြစ်ပျက်ခြင်း။ အသည်းကနေ ကိုလက်စထရောကို ဖယ်ထုတ်ရာမှာ ကိုလင်းဟာ အရေးပါပါတယ်။ […]


အခြေခံကျန်းမာရေး

ထိခိုက်မှုအနည်းဆုံး ခွဲစိတ်မှုနည်းပညာကို သုံးလို့ သိုင်းရွိုက်ပြဿနာကို ဖြေရှင်းလို့ရနေပါပြီ။

လည်ပင်းအရှေ့ဘက်က ရောင်နေတယ်၊ အသံတွေက ဘာ​ကြောင့်မှန်းမသိ ကွဲအက်နေတယ်၊ တော်တော်နဲ့ကို မသက်သာဘူး။ အစာမျိုချရတာ ခက်လာတယ်။ လည်ပင်းတဝိုက်က နာနေတယ်။ လည်ပင်းက ပြန်ရည်ကြော ဂလင်းတွေ ရောင်နေတယ်။ လည်ပင်းလည်း ကြီးလာသလိုပဲ။ ဘာဖြစ်နေတာလည်း မသိဘူးဆိုရင်တော့ ဒီလက္ခဏာတွေရဲ့ ဖြစ်နိုင်ခြေက သိုင်းရွိုက်ပြဿနာရှိနေတာပါ။ အဆိုးဆုံးအနေနဲ့ကတော့ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်တာပါ။ သိုင်းရွိုက်ပြဿနာကို ကုသနိုင်မယ့်နည်းလမ်းတွေ ရှိပါ့မလား။ သိုင်းရွိုက် ကင်ဆာ ဖြစ်နေတယ်ဆိုရင်ရော ကုသလို့ ပျောက်ကင်းပါ့ဦးမလား။ သေရတော့မယ်ထင်ပါတယ်လို့ တွေးမိနေပြီလား။ ကင်ဆာဆိုတိုင်း သေရမယ်လို့ မဟုတ်ပါဘူး။ အခုပြောတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသလို့ ရောဂါကို အတည်ပြုတာ၊ ရောဂါ အခြေအနေကို အတည်ပြုတာ လုပ်ဆောင်ဖို့ လိုပါမယ်။ ရောဂါ အမျိုးအစားနဲ့ အခြေအနေကို အတည်ပြုပြီးလို့ သိုင်းရွိုက်ကင်ဆာ ဖြစ်နေခဲ့ရင်တောင် ကုသပျောက်ကင်းနိုင်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Screen Timeကို လျှော့ချပါ

ယနေ့ခေတ်မှာ လူတိုင်းရဲ့ တစ်နေ့တာ အချိန်မှာ Screen Time က မပါမဖြစ်နော်။ အလုပ်လုပ်တာဖြစ်ဖြစ်၊ စိတ်အပန်းဖြေတဲ့ အနေနဲ့ဖြစ်ဖြစ် ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာတွေ လုပ်နေတာကြောင့် စခရင်မ်တွေကို ကြည့်ဖြစ်တဲ့ အချိန်က တော်တော်လေးများနေတယ် ဆိုရပါမယ်။ Screen Time ဆိုတဲ့နေရာမှာ ဒါ​တွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Screen Time ဆိုတဲ့ထဲမှာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ ဂိမ်းဆော့တဲ့ ကိရိယာတွေ၊ iPads စတာတွေ ပါဝင်နေတာပါ။ ဒါတွေသုံးတာက စိတ်အပန်း‌ပြေစေပေမဲ့ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်နိုင်တာကြောင့် Screen Timeကို လျှော့ချပါ လို့ အကြံပြုချင်ပါတယ်။ Screen Time များတာက ဘာတွေများ ဖြစ်စေနိုင်လို့လဲ...... Screen Time များတာက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ယူဆကောင်းယူဆနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချွေးထွက်ခြင်း ၏ အကျိုးကျေးဇူးများ

ချွေးထွက်ခြင်း ဆိုတာ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက်တတ်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးမှာ အဓိကအားဖြင့် ရေပါဝင်ပြီး အမိုးနီးယား၊ ယူရီးယား၊ ဆား၊ သကြား စတဲ့ ဓာတ်ပစ္စည်းတွေ အနည်းငယ်စီ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်း အပူချိန်တက်လာတဲ့အခါ ချွေးဂလင်းများဟာ အရေပြားရဲ့ အပေါ်ကို ရေတွေ ထုတ်လွှတ်ပေးပါတယ်။ အဲဒီရေဟာ ချွေးပေါက်များမှတဆင့် ချွေးအဖြစ်ထွက်ပေါ်လာပါတယ်။ ချွေးထွက်ခြင်းကို လူအတော်များများက စိတ်ပျက်စရာလို့ မြင်ကြပေမယ့် တကယ်တော့ ချွေးထွက်ခြင်းက ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ လေ့ကျင့်ခန်း ပြုလုပ်ချိန် ချွေးထွက်ခြင်း ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် ချွေးထွက်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန် ချွေးထွက်ခြင်းက စွမ်းအင်ကို မြှင့်တင်ပေးခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ

‘ရေအသက်တစ်မနက်’ ဆိုတဲ့ဆိုရိုးအတိုင်း အသက်ရှင်ဖို့အတွက် ရေသောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ ရေဓာတ်လိုအပ်ပေမဲ့ လိုတာထက်ပိုပြီး သောက်မိရင်လည်း ရေဆိပ်တက်ပြီး ကျန်းမာရေးထိခိုက်နိုင်တာကို သိထားသင့်ပါတယ်။ ကဲ ... ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ လူတိုင်းဖျော်ရည် သောက်သုံးဖူးကြမှာပါ။ ဖျော်ရည်ဖျော်တဲ့အခါမှာ ထည့်ဖျော်ရမယ့် ရေပမာဏအနည်းအများက အရေးကြီးပါတယ်။ ရေနည်းနေရင် ဖျော်ရည်က လိုတာထက် ပိုချိုနေပြီး များလွန်းရင်လည်း ဘာအရသာမှမရှိဘဲ ဖြစ်သွားတတ်ပါတယ်။ ရေဆိပ်တက်တဲ့အခြေအနေကလည်း ဒီပုံစံနဲ့ဆင်တူပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သက်စောင့်ဓာတ်အမျိုးမျိုးရှိပြီး ဆိုဒီယမ်ဓာတ်ကလည်း အရေးကြီးဆုံး သက်စောင့်ဓာတ်တွေထဲက တစ်ခုပါ။ ရေကို လိုအပ်တဲ့ပမာဏထက် အလွန်အကျွံသောက်သုံးမိရင် သွေးတွင်း ဆိုဒီယမ်ဓာတ်တွေ ကျဲပါးသွားပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ ဆဲလ်ရဲ့အတွင်းနဲ့ အပြင်မှာရှိရမယ့် ရေဓာတ်ပမာဏကို ချိန်ညှိပေးနိုင်စွမ်းရှိတဲ့အတွက် ဆိုဒီယမ်ဓာတ်ကို သတ်မှတ်ပမာဏအတိုင်း ထိန်းထားဖို့က အလွန်ပဲ […]


အခြေခံကျန်းမာရေး

အိမ်တွေမှာ ဆောင်ထားသင့်တဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာများ

အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့အချိန်မှာ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေထိုင်ခြင်းက အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲ့သည်လို အိမ်မှာပဲနေထိုင်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများစွာကို ဖြစ်လာစေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာလည်း ဆန်းစစ်ချင်တယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေကိုလည်း လူနာတွေများပြီး ရောဂါကူးစက်လာမှာ ကြောက်တဲ့အတွက် မသွားရဲဘူး။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်အိမ်မှာ ဆောင်ထားနိုင်ပြီး အသုံးပြုရလည်း လွယ်ကူတဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ဒစ်ဂျစ်တယ် အပူချိန်တိုင်း ကိရိယာ - Digital Thermometer လူတစ်ယောက်က သာမန်အပူချိန်မှာ ရှိနေသလား၊ ညောင်းညာပြီး ဖျားနေသလား၊ ဒါမှမဟုတ် ဖျားနေတဲ့သူက သာမန်ငွေ့ငွေ့လေးဖျားနေတာလား၊ တအားကို အပြင်းဖျားနေတာလား စတာတွေကို သင်ကိုယ်တိုင် တိုင်းကြည့်နိုင်ပါတယ်။ ကလေးတွေဆိုရင် လူကြီးတွေလောက် မပြောတတ်တာကြောင့် လူကြီးတွေအနေနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စစ်မက်တွေအကြား ကျန်းမာရေးကပ်ဆိုးများ

ကမ္ဘာပေါ်မှာ စစ်ပွဲပေါင်းမြောက်မြားစွာ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ့အသက် အိုးအိမ် စည်းစိမ်တွေ ထိခိုက်ရပေါင်းလည်း များခဲ့ပါပြီ။ ယနေ့ထိတိုင်လည်း စစ်ပွဲ ကြီးကြီးမားမားမှ အစပြုကာ သေးငယ်တဲ့စစ်ပွဲတွေအပါအဝင် စစ်မက်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားလျက် ရှိပါတယ်။ စစ်မက်ပဋိပက္ခတစ်ခုရဲ့ နောက်ကွယ်ကို ကန့်လန့်ကာ လှပ်ကြည့်မယ်ဆိုရင် အောက်ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ (၁)      ရုပ်ပိုင်းဆိုင်ရာ စစ်မက်တစ်ခုရဲ့အလယ်မှာ ရောက်ရှိနေမယ့် လူတစ်ယောက်ရဲ့ အရေးပေါ်အခြေအနေကို မြင်ယောင်ကြည့်ပါ။ ထိခိုက်ဒဏ်ရာတွေကို ဦးစွာပထမ ခံစား ရနိုင်ပါတယ်။ လက်နက်အသွယ်သွယ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဦးခေါင်းနဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများ ထိခိုက်ခံစားရနိုင်ပါတယ်။ ဦးခေါင်းကိုထိမှန်ပါက အသက် အန္တရာယ်ကြီးစွာ ခံစားရခြင်း၊ မျက်လုံးကို ထိမှန်ပါက အမြင်အာရုံထာဝရ ကွယ်ပျောက် သွားရနိုင်ခြင်းစတဲ့ အခြေအနေတွေ ခံစားရနိုင်ပါတယ်။ ခြေလက်အင်္ဂါတွေကို ထိခိုက် မိပါကလည်း တစ်သက်လုံး လူလုံးမလှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်ဆီးမိနေပြီလား

လူတစ်ယောက်ရဲ့ နေ့စဉ်ရှင်သန်ရပ်တည်မှုမှာ ကိုယ်ခံအားစနစ် (Immune System) က သိပ်ကို အရေးပါလှပါတယ်။ ကျန်းမာဖို့၊ ရောဂါဘယ ကင်းရှင်းဖို့၊ အလုပ်တွေလုပ်နိုင်ဖို့၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ပျော်ရွှင်ဖို့အထိ ကိုယ်ခံအားလေးတော့ လိုတာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံက ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ဖျက်ဆီးနေတတ်ပါတယ်။ ဒါကို မသိလိုက်ဘာသာနဲ့ နေထိုင်မယ်ဆိုရင် ကိုယ်ခံအားစနစ် အားနည်းလာမှာဖြစ်ပြီးတော့ ရောဂါဘယတွေ ကပ်ငြိတွယ်ကပ်ဖို့ လက်ကမ်းခေါ်နေသလိုဖြစ်နေပါလိမ့်မယ်။ ကိုယ်ခံအားစနစ် အားနည်းနေသူတစ်ယောက်ဆီကို တွယ်ငြိဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ ပိုးမွှားပေါင်းမြောက်များစွာ ရှိနေတယ်ဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင် ဖျက်စီးမိတာမျိုး မဖြစ်စေဖို့ အထူးလိုအပ်ပါတယ်။ အောက်မှာ ဖော်ပြမယ့် အချက် ၆ ချက်ကို သင်ပြုမူမိနေပြီဆိုရင်တော့ သင့်ဟာ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်စီးမိနေပြီဆိုတာပါပဲ။ ၁။ အိပ်ရေးမဝခြင်း အိပ်ရာဝင်ချိန် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း