backup og meta

ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

    မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးဗဟုသုတ ပြည့်ဝနေစေချင်ပါသလား။

    ပထမဆုံးအနေနဲ့ သင်ကိုယ်တိုင်က ကျန်းမာရေးဗဟုသုတနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါလိမ့်မယ်။ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် ဒါမှမဟုတ်  အခြေခံကျန်းမာရေးတက္ကသိုလ်စတဲ့ ဆေးပညာနဲ့ နှီးနွယ် တဲ့ တက္ကသိုလ်တစ်ခုခုကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက် ဖြစ်စရာမလိုအပ်ပါဘူး။ အထက်ပါ တက္ကသိုလ်တွေကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက်မဟုတ်ပါဘဲနဲ့ မှန်ကန်တဲ့ကျန်းမာရေး အသိပညာတွေနဲ့ ကြွယ်ဝနေသူတစ်ယောက် ဖြစ်နိုင်ပါသေးတယ်။

    ဒီတော့ ကျန်းမာရေး အသိပညာကို ပြည်သူလူထုတစ်ယောက်အနေနဲ့ ပြည့်ဝအောင် ဘယ်လို လုပ်နိုင်မလဲ။

    ()     Hello ဆရာဝန် ဝက်ဘ်ဆိုက်လိုမျိုး ကျန်းမာရေးဆောင်းပါးတွေ တင်ပေးနေတဲ့ လူမှုကွန်ယက် စာမျက်နှာတွေကို ရွေးချယ်ဖတ်ရှုပါ။  Hello ဆရာဝန် တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ယုံကြည်ရနိုင်ပြီး မှန်ကန်တဲ့ ဗဟုသုတတွေ တင်ပေးနေတဲ့ ဘယ်လိုစာမျက်နှာမဆို ဖတ်ရှုနိုင်ပါတယ်။ ဖတ်ရှုခြင်းအားဖြင့် ကျန်းမာရေးပြဿနာ အမျိုးအစားအများကြီးကို သိရှိနားလည်နိုင်သွားမှာပါ။ ရောဂါတွေနဲ့ ဆောင်ရန် ရှောင်ရန် တွေကို နားလည်တဲ့အခါ ရောဂါဆိုးတွေ ဖြစ်မလာအောင်လည်း ကြိုတင်ကာကွယ်နိုင်မှာပါ။

    ()     ရုပ်မြင်သံကြား (တီဗွီ)က ကျန်းမာရေးအစီအစဉ်တွေကို အခါအားလျော်စွာ ထုတ်လွှင့်တတ် ပါတယ်။  အခုလို COVID – 19 ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေစဉ် အခြေအနေမှာဆိုလျှင် ပိုလို့တောင် လွှင့်တတ်ပါတယ်။ (ဥပမာ- လက်ကို ဘယ်လို စနစ်တကျ ဆေးသင့်သလဲကို ဖော်ပြဖို့ရန် သရုပ်ပြလက်ဆေးပြတာမျိုး၊ ရောဂါ ဘယ်လိုကူးစက်နိုင်သလဲဆိုတာကို ရုပ်ပုံလေးတွေနဲ့ ရိုက်ပြတာမျိုး)စတဲ့ အစီအစဉ်တွေကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးဗဟုသုတတွေဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သင့်အသိဉာဏ်ထဲကို ရောက်ရှိလာမှာပါ။

    ()    လက်ကိုခဏခဏဆေးပါ လူစုလူဝေးရှောင်ရှားပါ။ နှာစေးချောင်းဆိုးရင် အုပ်ထားပါ’ အထက်ပါ သီချင်းကို ဒီလိုကာလမှာ မကြာခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီလိုမျိုး ကျန်းမာရေး အသိပညာပေးသီချင်းလေးတွေ ရှိပါတယ်။ ဒီလိုသီချင်းတွေကို ကြားတိုင်းကြားတိုင်း သီချင်းထဲမှာပါတဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့အချက်အလက်လေးတွေကို လိုက်လံမှတ်သားသင့်ပါတယ်။

    ()     နောက်ဆုံးပေါ် သတင်းအချက်အလက်တွေကို သိထားပါ။ တီဗွီမှာလာတဲ့ သတင်းအစီအစဉ်များ၊ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွေမှာပါတဲ့ သတင်းတွေ၊ ဂျာနယ်၊ သတင်းစာအစရှိတဲ့ နေရာတွေကနေ နောက်ဆုံးပေါ် ကျန်းမာရေးသတင်းတွေ သိထားသင့်ပါတယ်။ အခုဆိုရင် ‘ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန” (MOHS) မှ နေ့စဉ် ထုတ်ပြန်တဲ့ COVID – 19 လူနာစာရင်းကို သိရှိထားခြင်းဖြင့် ဒီရောဂါဆိုးကြီးကို သတိထားကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိမိသိရှိထားတဲ့ သတင်းအချက်အလက်ကို မိမိရပ်ကွက်ပတ်ဝန်းကျင်ကပါ ထပ်ဆင့်သိရှိသွားအောင် ပြုလုပ်ပါ။ ဒါမှသာ ဘယ်ဒေသမှာ ဘယ်လိုရောဂါတွေ ဖြစ်ပွားနေပြီဆိုတာကို သိရှိပြီး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    ()     တီဗီအစီအစဉ်တွေမှာလာတဲ့ ရုပ်ရှင်တွေ၊ ဇာတ်ကားတွေကိုပဲ တစိုက်မတ်မတ် ကြည့်မနေသင့်ပါဘူး။ ရုပ်သံအစီအစဉ်တွေမှာ ‘Health talk’ ကျန်းမာရေးဆွေးနွေးပွဲ အစီအစဉ်တွေကိုလည်း ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဒီလို အစီအစဉ်တွေမှာ ကျန်းမာရေးပညာရှင်တွေဖြစ်တဲ့ ဆရာဝန်၊ ကျန်းမာရေးမှူးတွေ ပါဝင်ဆွေးနွေးတတ်ပါတယ်။ ‘Health Talk’ အစီအစဉ်တွေကိုလည်း အခါအားလျော်စွာ ကြည့်ရှုပေးသင့်ပါတယ်။ ဖေ့စ်ဘုတ်မှာဆိုရင်လည်း ‘Live’ တိုက်ရိုက်ဆွေးနွေးထုတ်လွှင့်တဲ့ ကျန်းမာရေး အစီအစဉ်တွေကို ကြည့်ရှုသင့်ပါတယ်။

    ()     မီးသတ်ဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်တဲ့ ကျန်းမာရေးအသိပညာပေး မော်တော်ယာဉ်တွေဟာ လော်စပီကာ၊ အော်လံ အသုံးပြုကာ လူထုအကြား အသိပညာတွေကို ဖြန့်ဖြူး တတ်ပါတယ်။ Covid-19 ကာလမှာဆိုရင် မကြာမကြာ ကြားရတတ်ပါတယ်။ ကားဘေးမှာလည်း အသိပညာပေး ပိုစတာတွေ ချိတ်ဆွဲထားတတ်ပါတယ်။ အာရုံစိုက်လို့ လိုက်နားထောင်သင့်ပါတယ်။

    ()     ကားမောင်းရင်း၊ ကားစီးရင်းဖြစ်စေ၊ အိမ်မှာ မျက်လုံးအနားပေးကာ နေ့စဉ်အချိန်မှာဖြစ်စေ “FM” radio ကို ဖွင့်ထားနိုင်ပါတယ်။ “FM” radio မှာတော့ ရောဂါနဲ့ဆိုင်တဲ့ နောက်ဆုံးရ သတင်းတွေအပြင်၊ ကျန်းမာရေးအသိပညာတွေကိုပါ ထုတ်လွှင့်တတ်တာမို့ နားထောင်သင့်ပါတယ် နော်။

    ()     ရပ်ကွက်က စီစဉ်ကျင်းပပေးတဲ့ ကျန်းမာရေးဟောပြောပွဲတွေကို တက်ရောက်ပေးပါ။ COVID – 19 ကာလမှာရယ်လို့ မဆိုလိုပါ။ ကျန်းမာရေးဟောပြောပွဲတွေမှာ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေက လာရောက်ဟောပြောတတ်တာမို့ မှန်ကန်တဲ့အသိပညာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ အချိန်ပေးပြီး တက်ရောက်ပေးပါ။

    ()     နာမကျန်းဖြစ်လို့ ဆေးခန်းသွားပြရင်ဖြစ်စေ (သို့မဟုတ်) မိမိအသိ မိတ်ဆွေတွေထဲမှာ ဆရာဝန် သူနာပြုဆရာမနဲ့ ကျန်းမာရေးမှူးတွေ ရှိနေခဲ့ရင်ဖြစ်စေ အခွင့်အရေးကြုံလာတဲ့အခါ ကျန်းမာရေးဗဟုသုတတွေ မေးမြန်းသင့်ပါတယ်။ မိမိစိတ်ဝင်စားတဲ့ ကျန်းမာရေးပြဿနာတွေကို အခါအခွင့်သင့်တုန်း မေးမြန်းသင့်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ အမှန်တကယ် တတ်ကျွမ်းနားလည်သူတွေ ဖြစ်တာမို့ သူတို့ဆီကနေ မှန်ကန်တိကျတဲ့ ဗဟုသုတတွေကို ရရှိနိုင်မှာပါ။

    သင်ကိုယ်တိုင် ကျန်းမာရေးဗဟုသုတတွေ သိရှိနားလည်နေပြီး မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုပါ မှန်ကန်တဲ့အသိပညာတွေကို ဖြန့်ဝေပေးနိုင်သူတွေ ဖြစ်နိုင်ကြပါစေ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement