backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့

ဗိုက်ပေါ်က ချက်က နံမှာစိုးလို့ အနံ့ထွက်မှာ စိုးလို့ဆိုပြီး ချက်ကို သန့်ရှင်းတယ်၊ ချက်ထဲက ချေးတွေကို ကော်ထုတ်ရင်း မတော်တဆ ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံဆေးခန်း သွားစရာ မလိုဘဲ နေအိမ်မှာပဲ သက်သာအောင် လုပ်လို့ရပါတယ်။

ချက်ပိုးဝင်ကူးစက်နေလား ဘယ်လို သိနိုင်မလဲ………..

ချက်ပိုးဝင်ကူးစက်တဲ့အခါ

  • ချက်ထဲက နာမယ်
  • ချက်တဝိုက် ရောင်ရမ်းမယ်၊ အထိမခံနိုင်အောင် နာမယ်
  • ချက်တဝိုက် နွေးနေမယ်
  • ချက်ထဲက ဒါမှမဟုတ် ချက်တဝိုက် ယားနေမယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေမယ်
  • ချက်ထဲကနေ ပြည်ထွက်မယ်
  • ချက်ကနေ အနံ့ဆိုး ထွက်မယ်
  • မအီမသာ ဖြစ်မယ်
  • မူးဝေမယ်
  • ချက်ကနေ သွေးထွက်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ချက်ပိုးဝင်ကူးစက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

ချက်ပိုးဝင်ကူးစက်တဲ့အခါ သက်သာစေဖို့ ဒီ အိမ်တွင်းကုထုံးလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

အုန်းဆီ

အသားအရေ ထိန်းသိမ်းမှုအတွက် အသုံးများတဲ့ အုန်းဆီကို ချက်ပိုးဝင်ကူးစက်တာအတွက် အသုံးပြုပေးလို့ ရပါတယ်။ အုန်းဆီက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ ပိုးဝင်ကူးစက်မှုကို သက်သာစေသလို ချက်တစ်ဝိုက်ရောင်ရမ်းနေတာကိုပါ သက်သာစေမှာပါ။

ဆားရည်

ဆားက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နောက်ထပ် ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ယားယံမှုကိုလည်း သက်သာစေနိုင်ပါတယ်။

ရေနွေးနွေးထဲမှာ ဆားထည့်လို့ သေချာမွှေပါ။ ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ တို့ယူပြီး ချက်ကို လိမ်းပေးရုံပါ။

ရေနွေးဝတ်

ရေနွေးဝတ် ကပ်တာက ကျန်းမာရေးပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ချက်ပိုးဝင်ကူးစက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းနေတာကိုလည်း သက်သာလျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် ဇလုံ သန့်သန့်တစ်ခုထဲကို ရေနွေးထည့်လို့ တဘက်စ သန့်သန့်လေးကို စိမ်ပြီး ချက်ကို ကပ်ထားပေးရုံပါ။

Tea tree Oil

Tea tree oil က အသားအရေ လှပမှုအတွက်ရော ကျန်းမာရေးအတွက်ပါ အသုံးတည့်ပါတယ်။ Tea tree oil က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်။ မှိုပိုးတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ချက်တဝိုက်နဲ့ ချက်ထဲကို လိမ်းပေးရုံနဲ့ ပိုးဝင်ကူးစက်တာကို သိသိသာသာ သက်သာစေမှာပါ။

အရက်ပြန် 

အရက်ပြန်က ပိုးမွှားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အနာကို ပိုးသတ်သန့်စင်ဖို့ အသုံးပြုကြတဲ့ အရက်ပြန်ကို ချက်ပိုးဝင်ကူးစက်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ ဂွမ်းစသန့်သန့်မှာ အရက်ပြန် ဆွတ်ပြီး ချက်တဝိုက်ကို သန့်စင်ပေးရုံပါ။

ဗီနီကာ

ဗီနီကာမှာ acetic acid ပါဝင်နေတာကြောင့် ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပိုးဝင်ကူးစက်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီနီကာ နဲ့ ရေသန့်သန့်ကို ဆတူရောလို့ ဂွမ်းလေးနဲ့တို့ယူပြီး ချက်တစ်ဝိုက်ကို လိမ်းပေးရုံပါ။

ဒီလို အခြေအနေဆို ဆရာဝန်နဲ့ ပြသပါ

ချက်ပိုးဝင်ကူးစက်တာကို အပေါ်က နည်းတွေအတိုင်း လုပ်ပေမယ့် မသက်သာဘူး။ အခုလိုလက္ခဏာတွေပါ ပြမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြစေချင်ပါတယ်။

  • အဖျား ရှိမယ်
  • ချက်တစ်ဝိုက် နီရဲရောင်ရမ်းမယ်
  • ဗိုက်အောင့်မယ်
  • ဆီးသွားတဲ့အခါ နာကျင်မယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လိုပါမယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement