backup og meta

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကိုယ်ခံအားကိုကျစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကိုယ်ခံအားကိုကျစေသလား

    Hello ဆရာဝန်ပရိသတ်ကြီးထဲမှာ ခန္ဓာကိုယ် အချိုးအစား လှပချင်လို့ဆိုပြီး တစ်ရက်မပျက် Gym သွားပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်နေသူတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုမယ် ထင်ပါတယ်နော်။

    ဒီအချက်တွေကြောင့် ဖျားနာနိုင်ပါတယ်

    လူတစ်ယောက်က ဒီအချက်တွေကြောင့် ဖျားနာနိုင်ပါတယ်။

    လေ့ကျင့်ခန်း နဲ့ ကိုယ်ခံအား

    အရင်ဆုံး သုတေသန တွေ့ရှိချက်လေးတွေအကြောင်း ပြောပြပေးမယ်နော်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ ကိုယ်ခံအားတို့ကြားက ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါမှာတော့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာက ကိုယ်ခံအားကို ကျစေနိုင်ပြီး ဖျားနာတာမျိုး ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

    လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို သန်မာစေနိုင်တယ်။ နှလုံးကျန်းမာပြီး ခန္ဓာကိုယ်ကို သန်စွမ်းစေနိုင်တယ် ဆိုပေမယ့် အမြဲတမ်းနဲ့ အလွန်အကျွံ လုပ်မယ် ဆိုရင်တော့ ကိုယ်ခံအားပေါ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ တစ်နေ့တာလုံးမှာ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့နေရသူတွေက အအေးမိတုပ်ကွေး ဖြစ်နိုင်ခြေပိုများတယ်ဆိုတာကို ပြောနေစရာတောင် မလိုအောင်ပါ။

    လူတစ်ယောက်ဟာ နာရီဝက်လောက် ဆက်တိုက် လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းက ယာယီကျဆင်းသွားနိုင်ပါတယ်။ လေ့လာမှုတွေအရကတော့ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ ခန္ဓာကိုယ်ကဟော်မုန်းတွေကို ထုတ်လုပ်ပေးတဲ့အတွက် ကိုယ်ခံအား ယာယီ ကျဆင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

    မကြာသေးခင်က လေ့လာမှုတွေအရ လူတစ်ယောက် နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုပမာဏက အသက်ရှူလမ်းကြောင်းကနေတဆင့် ရောဂါပိုးတွေ ကူးစက်ခံရနိုင်မှု၊ အအေးမိတာ၊ ဖျားနာတာနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်မှုတို့ အပေါ်မှာ တိုက်ရိုက် အချိုးကျနေပါတယ်။ လူတော်တော်များများယူဆထားတာက နေ့တိုင်း လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် အအေးမိဖျားနာမှုကနေ ခပ်ကင်းကင်း နေနိုင်မယ်လို့ပေါ့။ တကယ်တော့ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ လိုအပ်တဲ့ ပမာဏထက် ကျော်ရင်တော့ ပြဿနာ ရှိစမြဲပါ။

    စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေလို့ သိကြတဲ့ ကော်တီစော နဲ့ အက်ဒရီနယ်လင် ဟော်မုန်းတွေက သွေးတိုးစေနိုင်သလို သွေးတွင်းကိုလက်စထရာပမာဏကို မြင့်တက်စေနိုင်ပြီး ကိုယ်ခံအား နည်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်းကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ အရာရာက တန်ဆေးလွန်ဘေး ဆိုသလိုပေါ့။  နေ့စဉ်ကို တစ်နာရီခွဲလောက်နှုန်းနဲ့ တစ်ပတ်လုံးကို ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ လုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က ခံနိုင်ရည် နည်းသွားတာမျိုး ဖြစ်ပြီး မလိုအပ်ဘဲ ဖျားနာမှုကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်ကို ကျန်းမာလှပချင်တယ်ဆိုရင် တစ်ပတ်တာမှာ တစ်နေ့ကို ၄၅ မိနစ်လောက်နှုန်းနဲ့ တစ်ပတ်မှာ ၅ ရက်လောက်ပဲလုပ်ပေးရင်ကို အဆင်ပြေနေပါပြီ။ ပုံမှန်အားဖြင့်တော့ ဖျားချင်သလို ဖြစ်လာတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးပြီး ချွေးလေးထွက်အောင် လုပ်ပေးမယ်ဆိုရင် နေလို့ကောင်းသွားတာ အသေအချာပါ။

    တကယ်လို့ သင့်အနေနဲ့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်နေတာမဟုတ်ဘဲ ဖျားချင်သလိုလိုဖြစ်တယ်၊ နှာစေးတာမျိုး ဖြစ်မယ်ဆိုရင်တော့လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ သင်နဲ့ ဓာတ်မတည့်တာ တစ်ခုခု ရှိနေတာမျိုး ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သွားရောက် ပြသကြည့်သင့်ပါတယ်။

    ကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်ဆောင်သင့်တဲ့ အတိုင်းအတာ

    လေ့ကျင့်ခန်း လုပ်တာက နှလုံးရောဂါ ခံစားရနိုင်ခြေကို ကျဆင်းစေနိုင်သလို အရိုးတွေကို ကျန်းမာသန်စွမ်း စေနိုင်ပါတယ်။ ဒါတွေအပြင် လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်မှာ အခုလို ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါသေးတယ်။

    • အဆုတ်နဲ့လေပြွန်တလျှောက်က ဘက်တီးရီးယားတွေကို ခန္ဓာကိုယ် ပြင်ပကို ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်တယ်။
    • သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်စေနိုင်တယ်။
    • ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
    • စိတ်ဖိစီးမှုကို ကျဆင်းစေတယ်။
    • ကိုယ်ခံအား ကောင်းစေနိုင်တယ်။
    လေ့ကျင့်ခန်း လုပ်တာက ကောင်းမွန်တဲ့ အလေ့အထ ဆိုပေမယ့် အလွန်အကျွံတော့ မဖြစ်သင့်ပါဘူး။ ကိုယ်ခံအားကို ကောင်းစေနိုင်တဲ့ အဆင့်လောက်ပဲ လုပ်သင့်ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ အကျိုးကျေးဇူးတွေ ရရှိစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်း အတိုင်းအတာကတော့
    • တစ်ရက်ကို နာရီဝက်၊ ၄၅ မိနစ်နှုန်းလောက်နဲ့ တစ်ပတ်ကို ၃ ကြိမ် ကနေ ၅ကြိမ်လောက် စက်ဘီးနင်းမယ်
    • နေ့တိုင်း မိနစ် ၂၀ ကနေ နာရီဝက်လောက် လမ်းလျှောက်မယ်
    • နှစ်ရက်ခြားတစ်ခါ Gym သွားမယ်
    • နေ့တိုင်းဂေါ့ဖ် ရိုက်မယ်
    • နေ့တိုင်း နာရီဝက်လောက် အေရိုးဗစ်ဆော့မယ်
    • တစ်နေ့ကို ၄၅ မိနစ်လောက်ယောဂဆော့မယ်။

    ဒါတွေအပြင် လေ့ကျင့်ခန်း လုပ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့၊ အာဟာရ ပြည့်ဝအောင်စားသုံးဖို့၊ စိတ်ဖိစီးမှု ခပ်ကင်းကင်းနေဖို့လည်း မမေ့ဖို့ ပြောပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement