ဒီလို ခြေလှမ်း တစ်သောင်းလှမ်းတဲ့နေရာမှာ တစ်နေကုန် လျှောက်ထားသမျှ ခြေလှမ်းတွေကို ထည့်တွက်မှာဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာစေဖို့ဆိုရင် ခြေလှမ်းတိုင်းကို အားပါပါနဲ့ လှမ်းဖို့ လိုပါမယ်။ တစ်နေ့တာမှာ ခြေလှမ်း များများ လှမ်းလေလေ အသက်ရှည် ကျန်းမာလေလေပါ။
ဒီလို ဆိုတာနဲ့ မဖြစ်မနေ ခြေလှမ်း တစ်သောင်း ပြည့်အောင် လှမ်းရမှာလားဆိုတော့ မဟုတ်သေးပါဘူး။ မကြာသေးခင်က လေ့လာမှုတွေအရကတော့ အရွယ်ရပြီးသား အမျိုးသမီးတွေမှာဆိုရင် တစ်နေ့ကို ခြေလှမ်း ၄၄၀၀ လှမ်းတဲ့ အမျိုးသမီးတွေက လှုပ်ရှားမှု နည်းတဲ့ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ လျော့နည်းနေတာကို တွေ့ရှိရပါတယ်။ အသက် ၃၈ နှစ် ကနေ အသက် ၅၀ အရွယ်တွေမှာတော့ တစ်နေ့ကို ခြေလှမ်း ၇၀၀၀ လှမ်းသူတွေက လှုပ်ရှားမှု နည်းသူတွေထက် သေဆုံးနိုင်ခြေ နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဝိတ်ကျစေဖို့ တစ်နေ့တာမှာ ခြေလှမ်း ဘယ်လောက် လှမ်းရမလဲ
ဝိတ်ကျစေဖို့ တစ်နေ့တာမှာ ခြေလှမ်း ဘယ်လောက် လှမ်းရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ကြမယ်နော်။ လူတစ်ယောက် ရှိသင့်တဲ့ ကိုယ်အလေးချိန် ရှိနေဖို့၊ အဆီတွေကင်းဖို့နဲ့ အဝလွန်တာမျိုး မဖြစ်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုအပ်သလို အစားအသောက်ကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။
ဒါတွေအပြင် လူတစ်ယောက်ရဲ့ ဝိတ်ချမှု ခရီးစဉ်အပေါ် သက်ရောက်နေတဲ့ အခြားသော အချက်တွေရှိပါတယ်။ ဒါတွေကတော့ အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ တစ်နေ့တာ လှုပ်ရှားမှု အတိုင်းအတာပါ။ တစ်နေ့တာကို ခြေလှမ်း ၁၀၀၀၀ လှမ်းတဲ့သူတွေဟာ ၁၈ လ ကြာတဲ့အခါ ကိုယ်အလေးချိန်က ၁၀% လောက် ကျဆင်းပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက် တစ်ခုအရ သိရတာကတော့ အမျိုးသားတွေအနေနဲ့ တစ်နေ့ကို ခြေလှမ်း ၇၉၀၀၊ အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကို ခြေလှမ်း ၈၃၀၀ လှမ်းတာက မိနစ် ၃၀ လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာနဲ့ တူညီတဲ့ ပမာဏအတိုင်း ကယ်လ်လိုရီ လောင်ကျွမ်းပါတယ်။
ဒီလို ခြေလှမ်းတွေ လှမ်းတဲ့အခါ ခြေလှမ်း အရေအတွက် ပြည့်ဝဖို့ လိုသလို ခပ်သွက်သွက် လှမ်းဖို့လည်း လိုပါတယ်၊၊ တကယ်အလုပ်ဖြစ်တဲ့ လမ်းလျှောက်နည်းဆိုတာ တစ်မိနစ်ကို ခြေလှမ်း ၁၀၀လောက် လှမ်းနိုင်ရပါမယ်၊၊ ဒါမှမဟုတ် လမ်းလျှောက်ပြီး မိနစ်ပိုင်းလောက်ဆို ချွေးစို့လာရပါမယ်၊၊
ကိုယ်ကဝလို့ မြန်မြန်မလှမ်းနိုင်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး၊၊ ဖြည်းဖြည်းလျှောက်ပါ၊၊ ဒါပေမယ့် ဝေးဝေးလျှောက်ပါ၊၊ ဒီလိုဆိုရင် ကိုယ်အလေးချိန်ကို ကျစေဖို့ရော ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့ပါ အထောက်အကူပြုပေးနိုင်မှာပါ။
တစ်နေ့တာမှာ လမ်းလျှောက်ဖြစ်စေမယ့် အလွယ်ကူဆုံးနည်းလမ်းများ
လမ်းကို အချိန်ပေးပြီး မလျှောက်ဖြစ်ဘူးဆိုရင်
- ဈေးသွားတဲ့အခါ လမ်းလျှောက်တာ၊
- အိမ်သန့်ရှင်းရေး လုပ်ရင်း လမ်းလျှောက်တာ၊
- လှေကားတက်တာ၊
- ရေအိမ်ကို လမ်းလျှောက်သွားတဲ့အခါ အားပါပါလျှောက်တာ၊
- ခွေးလေးတွေနဲ့အတူ လမ်းလျှောက်တာ၊
- အိမ်နဲ့ ရုံး သိပ်မဝေးဘူးဆိုရင် လမ်းလျှောက်ပြီး ရုံးသွားတာ
- ဖုန်းပြောတဲ့အခါ လမ်းလျှောက်ပြောတာတွေ လုပ်သင့်ပါတယ်၊၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။