အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု

လေပွတာက အတော်လေး ခံရခက်ပါတယ်။ ဒီလို လေပွရတာက နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့အချို့သော အစားအစာတွေကြောင့် ဖြစ်နိုင်သလို ပါးစပ်ကနေတဆင့် လေတွေကို မျိုချမိတာကြောင့်ပါ။ လေတွေက လေပွပြီး နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လေပွတာကို သက်သာစေမယ့် ယောဂပို့စ် (၅) ခု ကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂလုပ်တာက လေပွတာကို သက်သာစေမလား! ယောဂလုပ်တာက လေပွတာကို သက်သာစေနိုင်သလို ကိုယ်လက်လှုပ်ရှားမှုလေး လုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလေးတွေကို လှုပ်လှုပ်ရှားရှား လုပ်ပေးတာက အစာကြေစေပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေပွနေပြီဆိုရင် အရင်ဆုံး လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရသလို အောက်မှာ ပြောပြမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။  ကဲ …. လေပွတာကို သက်သာစေမယ့် […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား

ကိုယ်လက်လှုပ်ရှားမှုပြုခြင်းဟာ စွမ်းအင်တိုးလာစေပါတယ်။ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး လူကိုလည်း နိုးကြားစေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပင်ပန်းလာနိုင်ပါတယ်။ အင်အားသုံးလေ ပိုပင်ပန်းလေပါပဲ။ လေ့ကျင့်ခန်းလုပ်အပြီး ပင်ပန်းလာတဲ့အခါ ခဏလောက် မှေးချင်စိတ်ပေါ်လာတတ်ပါတယ်။ ယခုဆောင်းပါးမှာတော့ လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား ။ ကောင်းသလား ဆိုးသလား ဖော်ပြသွားမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ပုံမှန်ပဲလား ယေဘုယျအားဖြင့် လေ့ကျင့်ခန်းလုပ်အပြီး အိပ်ချင်စိတ်ပေါ်တာဟာ စိုးရိမ်စရာကိစ္စတော့ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ အသုံးချလိုက်လို့ ပင်ပန်းနွမ်းနယ်လာခြင်းပဲ ဖြစ်ပါတယ်။ ပြင်းထန်ပြီး အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေဆိုရင် ပိုသိသာပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီး မောပန်းနွမ်းနယ်ခြင်းဟာ အောက်ပါအချက်များပေါ်လည်း မူတည်ပါသေးတယ်။ ကျန်းမာရေးအခြေအနေ အစားအသောက် ရေဓာတ်ပြည့်ဝမှုအခြေအနေ […]


အခြားလေ့ကျင့်ခန်းများ

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ ဘာကြောင့် ဒီလို ပြောရတာက ခွေးလေးတွေနဲ့ ပုံမှန် လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းတွေ တူတူလုပ်တာက ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ ပါပီလေးတွေကိုရော ကျန်းမာစေပါတယ်။ ဒါတင်မကပါဘူး။ ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရတာ၊ လေ့ကျင့်ခန်း လုပ်ရတာက စိတ်လှုပ်ရှားစရာ ကောင်းသလို တော်တော်လေးလည်း ပျော်ဖို့ ကောင်းပါတယ်။ ပါပီလေးတွေ ပိုင်ဆိုင်ထားသူတွေက အခြားသူတွေ မရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ရရှိကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အများစုက ပါပီလေးတွေရဲ့ ပိုင်ရှင်တွေပါ။ ပါပီလေးတွေရဲ့ ပိုင်ရှင်က ပေါင်းသင်းဆက်ဆံရေးတင် ကောင်းတာမဟုတ်ဘဲ သနားကြင်နာတတ်သလို ကူညီရိုင်းပင်းပြီး တက်ကြွလန်းဆန်းနေတတ် ကြပါသေးတယ်နော်။ ဒီ တစ်ခေါက်တော့ အချစ်တော် ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ ကမ္ဘာပေါ်မှာရှိသမျှ သတ္တဝါတွေထဲမှာမှ လူသားတွေအပေါ် […]


အခြားလေ့ကျင့်ခန်းများ

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

လူတစ်ယောက် လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။ ဒါဆိုရင် မေးစရာ ရှိတာက ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတာပါ။ ပြေးတယ်ဆိုတာက ပြုလုပ်ရလွယ်ကူပြီး အဆင်အပြေဆုံး လေ့ကျင့်ခန်းတစ်မျိုးလို့ လူတိုင်း သိနားလည်ထားကြပါတယ်။ Work-out တွေ ဘာတွေလုပ်မယ်ဆိုရင် အနည်းဆုံး Gym မှာ သွားသင်ရမယ်၊ ဒါမှမဟုတ်လည်း Youtube တွေဘာတွေ ကြည့်ပြီး လေ့လာရဦးမယ်မဟုတ်လား။ နောက်ပြီး ပြေးတာက ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက်ဆိုရင် သိသိသာသာ ထိရောက်မှုလည်းရှိတယ်။ သာမန်လူတွေအတွက်ဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လေ။ ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတော့ ပုံမှန်အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ ကောင်းကောင်း အိပ်ပျော်မယ်၊ ကိုယ်အလေးချိန်ကျမယ်၊ စိတ်ခံစားချက် ကောင်းမွန်မယ်၊ စိတ်ကျန်းမာရေးကို အခြေအနေ ကောင်းမွန်မယ်၊ […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ် ..... လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အလှအပအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကလေးဘဝက စလို့ လူကြီးဖြစ်လာတဲ့အထိ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် အရွယ်တင်နုပျို ကျန်းမာစေသလို ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ် လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ် ဆိုတော့ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အားကစား လုပ်ခြင်းဖြင့် အဆုတ်၊ နှလုံးကို အားကောင်းလာစေတယ်။ အသက်ကို ဝဝလင်လင် ရှူရှိုက်ရတဲ့အပြင် သွေးလည်ပတ်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် နှလုံးကို ကျန်းမာစေတယ်။ အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ အဝလွန်ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းဟာ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးသလို […]


အခြားလေ့ကျင့်ခန်းများ

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ အကြောင်း သိပြီးပြီလား! လိင်မှုကိစ္စဆိုတာ မျိုးဆက်ပွားကျန်းမာရေးဆိုတာထက် ပိုတဲ့ သဘာဝ ဖြစ်ရပ်တစ်ခုပါ။ ကျေနပ်စရာ စွမ်းဆောင်ရည်နဲ့ ပြီးမြောက်မှုကို ရယူနိုင်တယ်ဆိုရင် လူရောစိတ်ပါ ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အချစ်စွမ်းဆောင်ရည် လို့ တင်စားခေါ်ကြတာပါ။ ဒါပေမယ့် လူတိုင်းကတော့ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းမွန်နေတတ်တာမျိုးမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ အခက်တွေ့ရတတ်ကြပါတယ်။ စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်ကို မပြသနိုင်ရင် ကိုယ့်ကိုယ်ကိုယ် မလုံမလဲတဲ့ စိတ်ခံစားချက်မျိုး ပေါ်လာတတ်ပြီးတော့ ဒီစိတ်က ပြင်ပလူနေမှုဘဝအထိ သက်ရောက်လေ့ရှိပါတယ်။ ဒီလိုစိတ်ခံစားချက်မျိုးမဖြစ်စေဖို့ဆိုရင် ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်အမှုအပိုင်းကို သေချာကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်တာပေါ့။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည် မြင့်မားစေဖို့ အထူးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ရင် လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်ဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ […]


အခြားလေ့ကျင့်ခန်းများ

တစ်နေ့ ၁ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီး ကြည့်ပါလား

မြန်မာလူမျိုးအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ ငယ်စဉ်က စီးဖူးတာရှိသလို ခုချိန်အထိ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲလူတွေလည်း ရှိကြမှာပါ။ ခေတ်မီသယ်ယူပို့ဆောင်ရေး ပစ္စည်းတွေ ပေါ်ပေါက်လာချိန်မှာ စက်ဘီးစီး တဲ့ အလေ့အထဟာ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ပါတယ်။ ခုချိန်ထိ စက်ဘီးကို နှစ်နှစ်ခြိုက်ခြိုက်စီးနင်းနေကြဆဲလူတစ်ချို့တော့ ရှိနေဆဲပါ။ ကိုဗစ်ရောဂါကပ်ဘေးကြောင့် Social Distancing တွေ Stay Home တွေ လုပ်လာကြရတဲ့အခါ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုမှုလျော့ကျလာပါတယ်။ ကိုယ်ပိုင် မော်တော်ယာဉ်ဆိုတာကလည်း လူတိုင်းပိုင်ဆိုင်ကြတာမျိုးမဟုတ်သလို ပိုင်ဆိုင်ခဲ့ရင်တောင်မှ ကုန်ကျစရိတ်ကများလှတယ်မဟုတ်လား။ နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ဗြိတိန်မှာဆို လန်ဒန်တစ်မြို့တည်းမှာတင် စက်ဘီးသီးသန့်လမ်းဖောက်ဖို့ ပေါင် ၁ ဘီလီယံ သုံးစွဲတော့မှာပါ။ သူတို့ ဘာကြောင့် စက်ဘီးစီးဖို့ […]


အခြားလေ့ကျင့်ခန်းများ

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့

အရပ်လေး မြင့်တာက လူကို ဆွဲဆောင်မှု တိုးစေမယ့် အရာတစ်ခုပါ။ အရပ်ရှည်တာက မျိုးရိုးနဲ့ ဆိုင်သလို နေ့စဉ်စားသောက်တဲ့ အာဟာရတွေ၊ လုပ်ဆောင်နေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့လည်း ဆိုင်ပါတယ်။ အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့ လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့ လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ပေါ်မှာပဲ သက်ရောက်မှု ရှိတယ်၊လို့ လူတော်တော်များများက သိထားကြတာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းက အရပ်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ လူတော်တော်များများ လက်ခံထားတာက အရပ်အမြင့်ဆိုတာ မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်ပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ အရပ်အမြင့်ပေါ်မှာ မျိုးရိုးက လွှမ်းမိုးမှု အများဆုံးဆိုပေမယ့် အရပ်မြင့်စေဖို့ နေ့စဉ် လှုပ်ရှားသွားလာနေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ကြီးထွားမှုက အပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်အပြီးမှာ ရပ်တန့်သွားတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ကြီးထွားမှုဖြစ်စဉ်က အသက် […]


အခြားလေ့ကျင့်ခန်းများ

မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး

မျက်နှာလေး ဘယ်လောက်လှလှ မေးနှစ်ထပ် ဖြစ်လာရင် ချစ်ဖို့ကောင်းပေမယ့် အလှအပအတွက်တော့ ကြည့်မကောင်းဘူးနော်။ တချို့ဆို လူလည်းသိပ်မဝပါဘဲ မေးအောက်မှာ အဆီလေးနဲ့လေ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး သိပ်လွယ်ပါတယ်နော်။ မျက်နှာလေ့ကျင့်ခန်းပဲ ဆိုတော့ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း၊ ဖုန်းသုံးနေရင်း၊ ဂိမ်းဆော့နေရင်း ၊ စာဖတ်နေရင်း လုပ်လို့ရတာပဲလေ။ (၁) အာခေါင် လျှာထောက် လေ့ကျင့်ခန်း ဦးခေါင်း နည်းနည်းမော့ပြီး အပေါ်အာခေါင်ကို လျှာနဲ့တွန်းထောက်ပေးပါ။ တစ်ခါလုပ်ရင် ငါးကြိမ်နဲ့ သုံးကျော့ လုပ်ပေးပါ။ လုပ်ကြည့်လိုက်ရင် မေးစေ့အစိတ်အပိုင်းကိုပါ လှုပ်ရှားစေတာ သတိထားမိမှာပါ။ (၂) X နဲ့ O လေ့ကျင့်ခန်း အလွယ်ဆုံးပါပဲ။ မေးစေ့ကြွက်သား၊ ပါး နဲ့ လည်ပင်းကို လှုပ်ရှားစေတဲ့အထိ X နဲ့ O ကို […]


အခြားလေ့ကျင့်ခန်းများ

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

မေးစေ့ အောက်မှာ အဆီတက်နေတာ မှန်ကြည့်တိုင်း သတိထားမိလာတယ်။ ဒါကို မေး နှစ်ထပ် လို့ ခေါ်ကြတယ်လေ။ ဝလာတဲ့ လက္ခဏာ တစ်ခု ဖြစ်သလို တချို့တွေ လူမဝလည်း မေးစေ့ အောက်က အဆီ ရှိနေလို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ မျက်နှာလေး သွယ်လျ လှပနေဖို့ V shape ဆေးတွေ၊ နည်းလမ်းတွေတောင် သုံးကြတဲ့ ခေတ်မှာ မေးနှစ်ထပ် ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲလို့။ အဲဒါကြောင့် ဒါလေးတွေ လုပ်ကြည့်နော်။ မေးစေ့ အောက်က အဆီ ကျစေဖို့ လွယ်ကူတဲ့ နည်းလမ်းများ ပီကေ ပီကေ ဝါးရင် ပါးတွေ၊ မေးစေ့ တစ်ဝိုက် အစိတ်အပိုင်း အကုန်လုံး လှုပ်ရှားရတာမို့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေနိုင်ပါတယ်။ ပီကေ ဝါးနေတဲ့ အချိန်ဆို မေးစေ့ […]


အခြားလေ့ကျင့်ခန်းများ

အစာမရှိဘဲ ပြေးသင့်သလား

ပြေးခြင်းဟာ သွေးလေလှုပ်ရှားမှု မှန်ကန်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိဘဲ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး မိမိရဲ့ နေ့စဉ် နေထိုင်မှုပုံစံအပေါ် အကျိုးကျေးဇူးပြုပါတယ်။ ဒီတစ်ခေါက်တော့ အစာမရှိဘဲ ပြေးသင့်သလား ဆိုတာကို ပြောပြပေးချင်ပါတယ်။ အစာမရှိဘဲ ပြေးသင့်သလား အပြေးလေ့ကျင့်ရာမှာ တချို့က အစာမရှိဘဲ ပြေးလေ့ရှိပါတယ်။ သူတို့ဟာ ညဖက်အိပ်ချိန်အပါအဝင် အစာမစားဘဲ ၆-၈ နာရီကြာပြီးမှ မနက်ပိုင်းမှာ ပြေးလေ့ရှိပါတယ်။ အစာမစားထားတဲ့အခါ သွေးထဲမှာ ဂလူးကို့စ်ပမာဏ လျော့နည်းနေပါတယ်။ ဒါကြောင့် စွမ်းအင်အတွက် သိမ်းထားတဲ့ ဂလူးကို့စ်ကို ပြန်သုံးရပါတယ်။ ဂလိုက်ကိုဂျင်ဆိုတာ ဂလူးကို့စ်ကို ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ စွမ်းအင်အဖြစ် ပြန်လည်ထုတ်ယူ သုံးစွဲပါတယ်။ ယခု ဆက်လက်ဖော်ပြမှကြတော့ အစာမရှိဘဲ ပြေးတဲ့အခါ ကြုံတွေ့နိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်ပါတယ်။ အစာမရှိဘဲပြေးခြင်း၏ အကျိုးကျေးဇူးများ အဆီလောင်ကျွမ်းမှုကို များစေခြင်း အစာမရှိဘဲပြေးတဲ့အခါ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)