ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

မာဆတ်သွားကြမယ်

မာဆတ်သွားကြမယ် ဆိုလို့ ခေါင်းစဉ်ကို ကြည့်ပြီး Hello ဆရာဝန်က ဘာတွေပေါက်ကရ ရေးမှာလဲလို့ တွေးနေပြီလား။ ကျွန်တော်တို့နိုင်ငံမှာက မာဆတ်ဆိုတဲ့ စာလုံးမြင်တာနဲ့ မကောင်းတဲ့အရာကြီးတခုလို ရုတ်တရက် မြင်သွားတတ်ကြပါတယ်။ ဒါပေမယ့် အခုဆောင်းပါးလေးမှာတော့ အနှိပ်ခံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာပါ။ မာဆတ်သွားကြမယ် မာဆတ်သွားကြမယ် ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိမှာပါ။ (၁) ကိုယ်စိတ်ဖြေလျှော့မှု ရှိစေခြင်း သင့်စိတ်နဲ့ ခန္ဓာမှာ တင်းကျပ်မှု၊ ဖိစီးမှုတွေရှိနေပြီ၊ နွမ်းနယ်နေပြီဆိုရင် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ခန္ဓာကိုယ်ကနေ ထုတ်ပေးပါတယ်။ ဒီဟော်မုန်းထွက်ရှိလာခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ ကိုယ်အလေးချိန်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဦးတည်လာစေပါတယ်။ အနှိပ်ခံခြင်းဟာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကော်တီဇောဟော်မုန်းပမာဏကို လျှော့ချပေးတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အနေနဲ့ ဖိစီးမှုမျိုးစုံကနေ အနားရသွားမှာဖြစ်တဲ့အတွက် စိတ်နဲ့ ခန္ဓာကို ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။ (၂) စိတ်ခံစားမှုကောင်းစေခြင်း အနှိပ်ခံခြင်းဟာ […]


အခြားလေ့ကျင့်ခန်းများ

အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများ

မည်သူမျှ မိမိမျက်နှာကို အရေးအကြောင်းများဖြင့် မြင်လိုမည် မဟုတ်ပါ။ မျက်နှာ အရေးအကြောင်း ဖြစ်ပေါ်ခြင်းကို သက်သာစေသော အလှကုန်များ ရှိသော်လည်း အသားအရေတိုင်း နှင့် မတည့်သလို ဘေးထွက်ဆိုးကျိုးများလည်း ရှိပါသည်။ ထို့ကြောင့် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှား နိုင်ရန် အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများကို ပြုလုပ်သင့် ပါသည်။ အရေးကြောင်း ဆိုသည်မှာ မျက်နှာ အသားအရေ ပုံမမှန်ခြင်း နှင့် အသက်ကြီးခြင်းကို ပြသသည့် လက္ခဏာ ဖြစ်ပါသည်။ စိတ်ဖိစီးမှုများ၊ လေရေ ညစ်ညမ်းမှုများ စသည်ကြောင့် အရေးအကြောင်းများ ဖြစ်လာနိုင်ပြီး စတင်ဖြစ်ပေါ်လာသည်နှင့် မြန်မြန်ပြန်ပျောက်နိုင်ရန် လိုအပ်ပါသည်။ အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများ ထိုကြောင့် အရေးအကြောင်း ဖြစ်ခြင်းကို တားဆီးနိုင်ပြီး မဖြစ် အောင်လည်း ထိန်းသိမ်းနိုင်သော မျက်နှာကြွက်သား […]


အခြားလေ့ကျင့်ခန်းများ

သင်သိထားသင့်တဲ့ ပြေးခြင်း၏အကျိုးကျေးဇူးများ

လေ့လာချက်များအရ ပြေးခြင်း ဟာ စိတ်ပိုင်းဆိုင်ရာအတွက်ရော၊ ကိုယ်ခန္ဓါအတွက်ပါ အကျိုးများစွာ ဖြစ်စေပါတယ်။ ပုံမှန် ပြေးခြင်းဖြင့် ရရှိနိုင်သော အကျိုးများကို အောက်တွင် ဖေါ်ပြထားပါတယ်။   ပျော်ရွှင်မှု ကိုယ်လက်လှုပ်ရှားမှု တိုင်းဟာ သင့်ကို တက်ကြွစေပါတယ်။ ပြေးခြင်းဟာ သင့်ခန္ဓါကိုယ်ပေါ် ကြီးမားသော သက်ရောက်မှုရှိသောကြောင့် အခြားအားကစားနည်းများထက် ဟော်မုန်းပမာဏကို ပိုမိုကောင်းမွန်စေပါတယ်။ လေ့လာချက်အရ ပြေးခြင်းဟာ ခန္ဓါကိုယ်အတွင်းမှ endocannabinoid လို့ခေါ်သော ဟော်မုန်းတစ်မျိုးကို ထွက်စေခြင်းဖြင့် စိတ်ကျေနပ် မှုကိုရစေပါတယ်။ ချက်ချင်း စိတ်ဓါတ်ပြန်လည် တက်ကြွစေတဲ့အတွက် စိတ်ဖိစီးမှုခံစားနေရသူများအတွက် သင့်တော်ပါတယ်။ ကိုယ်ခန္ဓါကြံ့ခိုင်မှု ပြေးခြင်းက အဆီများကို လျင်မြန်စွာကျစေပြီး ခန္ဓါကိုယ်ကို ပုံစံကျလှပစေပါတယ်။ ကိုယ်အလေးချိန်လျော့ကျကာ ကယ်လိုရီများ လောင်ကျွမ်းစေပါတယ်။ အရမ်းမြန်မြန်ပြေးစရာမလိုပါ။ အရမ်းမပြင်းထန်သော အားကစားနည်းများက သင့်ခန္ဓါကိုယ်ကို ပို၍ အကျိုးဖြစ်ထွန်းစေပါတယ် ဟု သိပ္ပံပညာအရ တွေ့ရှိထားပါတယ်။ သို့သော် ပြေးခြင်းက ဆာလောင်ခြင်းကို […]


အခြားလေ့ကျင့်ခန်းများ

ယောဂလုပ်ခြင်းဖြင့် အမျိုးသားမျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေမည်

ယောဂသည် စိတ်ရောကိုယ်ပါ ကျန်းမာစေသည့် နည်းလမ်းဖြစ်ကြောင်း သိထားကြသည်မှာ အတော်ကြာပြီဖြစ်သည်။ သို့သော် ယောဂကျင့်သူ အများစုမှာ အမျိုးသားမျိုးပွားမှုဆိုင်ရာစနစ်အတွက်ပါ အကျိုးကျေးဇူးရှိနေကြောင်း မသိတာများ၏။ မျိုးပွားနိုင်စွမ်း ကောင်းမွန်စေရန်အတွက် အမျိုးသမီးများတင် ယောဂလုပ်နိုင်သည်မဟုတ်။ အမျိုးသားများ၏ မျိုးပွားစနစ်ကိုပါ အားမြှင့်နိုင်ကြောင့် သက်သေများ ရှိထားပါပြီ။ ၁။ ယောဂလုပ်ခြင်းသည် တင်ပဆုံဧရိယာသို့ သွေးစီးဆင်းမှု ကောင်းစေသည်။ သုတေသနများအရ ယောဂသည် အောက်ပိုင်းများကို သွေးစီးဆင်းမှုကောင်းစေပြီး အမျိုးသားများတွင် လိင်ထောင်မတ်မှုကို လွယ်လွယ်ကူကူဖြစ်စေနိုင်ပါသည်။ သွေးထောက်ပံ့မှု လုံလောက်ခြင်းသည် လိင်ဟော်မုန်းများကို သက်ရောက်စေပြီး သုက်ပိုးအရေအတွက်ရော အရည်အသွေးကိုပါ ကောင်းမွန်များပြားစေသည်။ ထို့အပြင် ယောဂသည် ဆီးကျိတ်အရွယ်အစားကို လျော့ချစေနိုင်ပြီး ဆီးကျိတ်ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်၏။ ယောဂသည် စိတ်ပူပန်မှုနှင့် စိတ်ကျခြင်းကို လျော့ချပေးနိုင်သောကြောင့် မျိုးပွားစနစ် ကျန်းမာရေးအပြင် တစ်ကိုယ်လုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။ ၂။ မျိုးပွားအင်္ဂါအတွက် အကောင်းဆုံးယောဂလုပ်နည်းများ သင်နှင့်သင့်ပါတနာတို့တွင် ကလေးမရနိုင် […]


အခြားလေ့ကျင့်ခန်းများ

ပြေးလွှားခြင်း က လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို သက်ရောက်မှုရှိနိုင်သလား?

ပြေးလွှားခြင်း ဟာ နှလုံးကျန်းမာရေးအတွက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ပြေးလွှားခြင်းက အဆီတွေကို လောင်ကျွမ်းစေပြီး သင့်ခန္ဓာကိုယ် ပုံစံကိုလှစေတဲ့ အပြင် သင့်နှလုံးကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။ ဒီလို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာစေတဲ့ ကောင်းကျိုးတွေ အပြင် စိတ်ကျန်းမာရေးကို အတွက် ကောင်းကျိုးတွေကိုလည်း အများအပြား ရရှိစေနိုင်ပါတယ်။ ၁။ စိတ်ပူပန်မှုတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ သင်ပြေးတဲ့အခါ သင့်ခန္ဓာကိုယ်က endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်ပါတယ်။ အဲဒီဟော်မုန်းက စိတ်ကျရောဂါကုသပေးနိုင်တဲ့ ဆေးတွေနဲ့ သတ်ရောက်မှုခြင်း တူပါတယ်။ Endorphins ဟော်မုန်းက adrenaline နှင့် cortisol လိုမျိုး စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်တာကို လျှော့ချပေးနိုင်တဲ့ အတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ကို လျော့နည်းစေနိုင်ပါတယ်။ ပြေးလွှားခြင်း က သင့်ရဲ့ […]


အခြားလေ့ကျင့်ခန်းများ

သာယာတဲ့ လိင်မှုဘဝပိုင်ဆိုင်နိုင်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများ

ယောက်ျားလေးတိုင်းက လိင်ဆက်ဆံတဲ့နေရာမှာ ပိုပြီးကျွမ်းကျင်တဲ့သူတွေ ဖြစ်ချင်ကြပါတယ်။ အဖော်ဖြစ်သူအတွက် လုံလောက်တဲ့ ကြာချိန်နဲ့ ကောင်းမွန်တဲ့ လိင်မှု ခံစားချက်ကို မပေးနိုင်တဲ့အခါမှာ အမျိုးသားတွေ စိတ်ဖိစီးမှု ခံစားတတ်ကြပါတယ်။ လိင်မှုကိစ္စဆိုတာ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုမှာတော့ ခွဲထားလို့မရတဲ့ အရာတစ်ခုပါပဲ။ ဒါ့အပြင် လိင်မှုကိစ္စဟာ ဇနီး မောင်နှံ ၂ ဦးရဲ့ သံယောဇဉ်ကြိုးတွေကို ချည်နှောင်ပေးတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ကောင်းမွန်တဲ့ လိင်မှုကိစ္စ တစ်ရပ်အတွက် ကျန်းမာရေးကောင်းဖို့လည်း လိုပါတယ်။ အခု ဒီဆောင်းပါးလေးမှာတော့ ကျွန်တော် Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် သာယာတဲ့ လိင်မှုဘဝပိုင်ဆိုင်နိုင်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများ ကို ဖော်ပြပေးလိုက်ပါတယ်။ သာယာတဲ့ လိင်မှုဘဝပိုင်ဆိုင်နိုင်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများ ၁။ နှလုံးကျန်းမာရေး လေ့ကျင့်ခန်းများ (Cardio)။ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပုံမှန်ရှိနေခြင်းက သင့်အတွက်ရော၊ သင့်အဖော်အတွက်ပါ […]


အခြားလေ့ကျင့်ခန်းများ

အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင်

မိန်းကလေးတွေတို့ရေ ပေါင်တံစင်းစင်းလေး ဖြစ်တဲ့ တခြားမိန်းကလေးတွေ မြင်ရင် အားကျနေပြီလား။ ဒါဆိုရင်တော့ ကိုယ်တိုင်လည်း ပေါင်တံလေးတွေ သွယ်လျအောင် လုပ်ဖို့ လိုလာပါပြီ။ ပေါင်တံလေးတွေ သွယ်လျနေမယ်ဆိုရင် စကတ်၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်လေးတွေ ဝတ်တဲ့အခါမှာလည်း ယုံကြည်မှု တိုးလာမှာဖြစ်ပြီး ပိုပြီးတော့လည်း ခန္ဓာကိုယ် ကောက်ကြောင်းလေး ပေါ်လာမှာပါနော်။ အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင် ဘာတွေ လုပ်ဖို့လိုမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင် အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင် (၁) ကယ်လိုရီလျှော့ချခြင်း သွယ်လျတဲ့ပေါင်တံလေးရဖို့ဆိုတာ အဆီပိုတွေ မရှိမှပါ။ ဒီတော့ ကယ်လိုရီတွေ လျှော့ချပစ်ဖို့ လိုပါတယ်။ တစ်နေ့ကို ကယ်လိုရီ(၂၅၀) ကနေ (၅၀၀) အထိ လျှော့ချနိုင်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပေးဖို့ လိုပါတယ်။ ကယ်လိုရီ(၃၅၀၀) လျှော့မှ ခန္ဓာကိုယ်အလေးချိန်(၁) […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ရုံးစားပွဲမှာတင် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း ၅ မျိုး

သင့်ကျန်းမာရေးအတွက်  အလုပ်လုပ်ချိန်တန်လုပ်၊ နားချိန်တန်နားဖို့ လိုပါတယ်။ နားချိန်မရှိဘဲ ကွန်ပျူတာရှေ့ စားပွဲမှာ အချိန်ကြာကြာ ထိုင်နေတာမျိုးက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးဖို့ လိုပါမယ်။ လေ့လာချက်တွေအရ တစ်ပတ်ကို ၅ကြိမ် တစ်ကြိမ်ကို မိနစ်၃၀လောက် လေ့ကျင့်ခန်း ပြုလုပ်တာက သင့်ကျန်းမာရေးအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေကို ရှောင်နိုင်တယ်။ ဘယ်လေ့ကျင့်ခန်းမျိုးကိုတော့ လုပ်နိုင်တယ်ဆိုတာကို သိထားခြင်းဖြင့် ကျန်းမာတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ရုံးသမားများအတွက် တွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ ရုံးအလုပ်က အချိန်အကြာကြီးထိုင်နေရပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတယ်။ တစ်နေရာတည်းမှာ အချိန်အတော်ကြာထိုင်နေခြင်းက သင့်ကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို နှေးစေပါတယ်။ သွေးတွင်းသကြားပမာဏ၊ သွေးပေါင်ချိန်နဲ့ အဆီချေဖျက်ခြင်းနည်းလမ်းတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ရုံးချိန်အတွင်းလှုပ်ရှားမှုမရှိခြင်းက ကျန်းမာရေးရဲ့ အကြီးဆုံးစိန်ခေါ်မှုများထဲက တစ်ခုဖြစ်ပါတယ်။ နှလုံးရောဂါ၊ အမျိုးအစား၂ ဆီးချိုရောဂါနဲ့ စိတ်ကျန်းမာရေးချို့တဲ့တာတွေက လှုပ်ရှားမှုမရှိခြင်းကြောင့် […]


အခြားလေ့ကျင့်ခန်းများ

အဆစ်ရောင်ရောဂါရှိသည့် မိဘများကို ယောဂလေ့ကျင့်ရန် ကူညီပေးခြင်း

ညင်သာသည့်ယောဂပုံစံများသည် အဆစ်ရောင်ရောဂါလူနာများအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း သိပ္ပံပညာရှင်တို့က ဆိုထားကြသည်။ ယောဂသည် အဆစ်သန်မာမှုနှင့် ပျော့ပျောင်းမှုကို တိုးမြှင့်ပေးနိုင်ပါသည်။ ထို့အပြင် ကိုယ်ဟန်ကိုမျှတစေပြီး နာကျင်မှုကိုလျော့နည်းစေကာ စွမ်းအားကိုပိုပြည့်စေသလို ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါသည်။ အောက်တွင် ယောဂစလုပ်မည့် သင့်မိဘများအတွက် အကူအညီမပေးခင် သင်သိထားသင့်သည်များကို ဖော်ပြထားပါသည်။ မစတင်ခင် ဆရာဝန်နှင့်ဆွေးနွေးပါ လေ့ကျင့်ခန်းလုပ်ရန် သင့်တော်မတော်သိရန်၊ ယောဂလုပ်မှ ပိုဆိုးလာနိုင်သည့်အခြေအနေများ ရှိမရှိသိရန် ဆရာဝန်နှင့်အရင်ပြသရန် လိုအပ်ပါသည်။ ထို့အပြင် မိဘများအတွက် အဆစ်နာမှုကို သက်သာစေသည့် အကျိုးများသော လေ့ကျင့်ခန်းအစီအစဉ်များကိုလည်း ဆရာဝန်မှ အကြံပြုနိုင်မည်ဖြစ်သည်။ ကျွမ်းကျင်သည့်နည်းပြနှင့်သာ အမြဲလေ့ကျင့်ပါ ကျွမ်းကျင်သည့် နည်းပြကိုသာ ရွေးချယ်သင့်ပါသည်။ ထိုမှသာ အဆစ်ရောင်လူနာများအတွက် အကျိုးများနိုင်သည့် အသိပညာနှင့် ပြည့်စုံမည်ဖြစ်သည်။ ထို့အပြင် သင့်မိဘများ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပေါ်လိုက်ကာ ယောဂပုံစံများကို ပြုပြင်ပြောင်းလဲပေးနိုင်ပါမည်။ လူနည်းသည့် သင်တန်းမျိုးကိုသာ ရွေးချယ်လုပ်ရန် အကြံပေးပါ။ သင်တန်းသားနည်းလေလေ ဆရာမှ […]


အခြားလေ့ကျင့်ခန်းများ

စပြေးမည့်သူများအတွက် နည်းလမ်းကောင်းများ

မင်္ဂလာပါ။ အပြေးလေ့ကျင့်တော့မလို့လား။ ဒါပေမယ့် ဘယ်ကစရမှန်းလဲမသိဘူးလား။ ဒါဆိုစပြေးမယ့်သူတွေအတွက် နည်းလမ်းကောင်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦး။ ပထမဆုံးအနေနဲ့ ပြေးတယ်ဆိုတာဘာလဲ နားလည်အောင် အရင်လုပ်ကြစို့။ လမ်းလျှောက်ခြင်းအပြင် ပြေးတယ်ဆိုတာကလဲ အခြေခံကျတဲ့ လေ့ကျင့်ခန်းပဲ။ အပြေးသမားဆိုတာ လူကြီးတွေရော လူငယ်တွေရော တောကလယ်သမားတွေပါ ပြေးနိုင်တာမျိုးပါ။ လူတိုင်း ပြေးနိုင်ကြပါတယ်။ တနင်္ဂနွေမနက်ကျရင် ပြေးမယ်လို့ သင်တွေးထားမယ်။ ဒါကြောင့် အိမ်ကနေ အပြေးထွက်ခဲ့မယ်ဆိုပါစို့။ တွေးလိုက်ရုံနှင့် စိတ်လှုပ်ရှားစရာကောင်းသလို ပထမတော့ ခက်ခဲနေပါလိမ့်မယ်။ ဒါပေမယ့် တန်ပြန်သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ဘာလို့ဆိုတော့ သင့်ခန္ဓါကိုယ်ကို ပြေးဖို့အတွက် သင်မပြင်ဆင်ထားဘူး။ ဒီတော့ အလွယ်တကူမောလာမယ်။ ကြွက်သားတွေလဲ နာလာပါလိမ့်မယ်။ အားကစားအဝတ်အစားတွေ ဖိနပ်တွေဝတ်လိုက်ရုံနဲ့ ပြေးဖို့အဆင်သင့်ဖြစ်မသွားပါဘူး။ ပလက်ဖောင်းနဲ့ခလုတ်တိုက်မိတာတို့ ခြေထောက်နာသွားတာတို့ဆိုတာလဲ တစ်ခါတစ်လေ ရှောင်မရပဲ ဖြစ်လာတတ်တာမျိုး။ ဒါကြောင့် စပြေးတော့မယ်ဆိုရင် သေချာပြင်ဆင်ပါ။ ဒီမှာ နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြပေးထားပါတယ်။ အားကစားအဝတ်အစားအတွက် ငွေသုံးပါ။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း