၄။ ဖားပုံစံလေ့ကျင့်ခန်းများ။

ဒီလို လေ့ကျင့်ခန်းမျိုးဟာ လိင်ဆက်ဆံချိန်မှာ ပိုပြီး ပျော့ပြောင်းစေမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ပေါင်အတွင်းခြမ်းတွေ၊ ပေါင်ခြံနဲ့ တင်တို့ကို ပြန့်ကားစေလာနိုင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံချိန်မှာ အန္တရာယ်ပေးနိုင်တဲ့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။
၅။ လက်နောက်ပြန်လွှဲတဲ့ လေ့ကျင့်ခန်းများ။

ဒီလေ့ကျင့်ခန်း က လိင်ဆက်ဆံချိန် ကိုယ့်စိတ်ကြိုက် အနေအထားကို ထိန်းထားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ အတွက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ၄၅ ဒီဂရီလောက် စက္ကန့် အနည်းငယ် ကိုင်းထားပြီး ပုံမှန် အနေအထားသို့ ပြန်ရောက်အောင် လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ နူးညံ့ပေမဲ့ ကိုယ်ကြိုက်တဲ့ ခန္ဓာကိုယ် အနေအထားကို ထိန်းထားနိုင်အောင် ကူညီပေးနိုင်ပါတယ်။
၆။ kegel exercises ။

ဒီလေ့ကျင့်ခန်းတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ရာမှာ အရေးပါတဲ့ တင်ပါးဆုံကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး ဆီးမထိန်းနိုင်ခြင်းကို ကုသရာမှာ အသုံးပြုခဲ့ကြတာပါ။ အမျိုးသမီးတွေကတော့ kegel exercises ကို ပိုပြီးရင်းနှီးကြမှာ ဖြစ်ပေမဲ့ အမျိုးသားတွေအတွက်လည်း စောစီးစွာ သုက်လွှတ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
ဒါပေမဲ့ လေ့လာချက်တွေ အတွက်တော့ လူတစ်ဝက်လောက်က ဒီလေ့ကျင့်ခန်းတွေကို မှန်မှန်ကန်ကန် မလုပ်တတ်ကြဘူးလို့ဆိုပါတယ်။ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင် လေ့ကျင့်ချိန်မှာ အမျိုးသမီး အင်္ဂါတွေရဲ့ ညှစ်အားကို ခံစားရမှာ ဖြစ်ပြီး အမျိုးသားတွေ မှာဆိုရင်တော့ လိင်တံထောင်မတ်လာမှာ ဖြစ်ပါတယ်။
၇။ ဒိုက်ထိုး လေ့ကျင့်ခန်းများ ။ (Plank)

ဒိုက်ထိုးလေ့ကျင့်ခန်းတွေဟာ သင့်ဝမ်းဗိုက်ပိုင်းရဲ့ အတွင်းပိုင်း အကျဆုံး ကြွက်သားတွေကို သန်မာစေတဲ့ အပြင် သင့်ရဲ့ လက်မောင်း ပေါင်တံနဲ့ တင်ပါးတို့ကို သန်မာလာစေပါတယ်။ ဒီကြွက်သားတွေ သန်မာလာတဲ့အခါ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတဲ့ အခါမှာ ပိုပြီး နီးကပ်စွာနေနိုင်စေမှာပါ။ ဒီလေ့ကျင့်ခန်းကို စက္ကန့် ၆၀ နဲ့ အထက်ကြာချိန်ကို တစ်နေ့တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလို လုပ်တဲ့ အခါ ခြေချောင်းလေးတွေ နာကျင်နေမယ်ဆိုရင် ဒူးများကို အားပြုပြီး လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။
၈။ Cat/Cow Stretch။

ဒီ ယောဂ ကိုယ်ဟန် အနေအထားကို ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်ချိန်မှာလည်း သုံးလို့ရပါတယ်။ ဒီယောဂ ပုံစံက ကျောရိုးကို ပျော့ပြောင်းစေပြီး အသက်ရှုစည်းချက်မှန်ကန်စေတဲ့ အပြင် အာရုံစူးစိုက်မှု စွမ်းအားကိုလည်း တိုးမြှင့်စေပါတယ်။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်တဲ့ အခါ နှေးနှေးမှန်မှန်နဲ့ ပြုလုပ်သင့်ပြီး cow part လုပ်တဲ့ အခါမှ လေအကုန်ရှူထုတ်ပြီး cat part လုပ်တဲ့ အခါမှ လေအကုန် ရူသွင်းသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။