အဓိပ္ပါယ်ဖွင့်ဆိုချက်
Enchondroma ဆိုတာဘာလဲ။
Enchondroma ဆိုတာက ကင်ဆာမဟုတ်တဲ့ အရိုးအကျိတ်ရောဂါတစ်ခုဖြစ်ပြီး အရိုးနုကနေ စတင်ပါတယ်။ အရိုးနုဆိုတာ အရိုးအများစုအဖြစ် ဖွံ့ဖြိုးလာမယ့် ဆတ်တောက်တောက် တွယ်ဆက်တစ်ရှူးဖြစ်ပါတယ်။ ကြီးထွားတဲ့ဖြစ်စဉ်မှာ အရိုးနုကအဓိကကဏ္ဍကနေပါပါတယ်။ ခန္ဓါကိုယ်မှာ အရိုးအမျိုးအစား အမျိုးမျိုးရှိပါတယ်။ Enchondroma က အရိုးအတွင်းမှာရှိတဲ့ အရိုးနုတွေမှာ အဖြစ်များတယ်။ လက်နဲ့ခြေထောက်မှာရှိတဲ့ အရိုးရှည်အသေးတွေမှာ ပိုအဖြစ်များတယ်။ ပေါင်ရိုး၊ လက်မောင်းရိုး၊ ညို့သကျည်းရိုးနှစ်ခုထဲက တီဘီရာအရိုးတို့မှာလည်း ဖြစ်တတ်ပါတယ်။
Enchondroma ကို အကျိတ်တစ်ခုတည်းအနေနဲ့ တွေ့နိုင်သလို အကျိတ်အများကြီးနဲ့လည်း တွေ့နိုင်တယ်။ အကျိတ်အများကြီးဖြစ်နေရင်တော့…
Ollier disease – ခန္ဓါကိုယ်ရဲ့နေရာအတော်များများမှာ အကျိတ်တွေပေါ်လာတဲ့ရောဂါ၊
Maffucci syndrome – အကျိတ်တွေ အများကြီးအပြင် angiomas ခေါ် ကင်ဆာမဟုတ်တဲ့ သွေးကြောအကျိတ်တွေပါ ပေါင်းဖြစ်နေတဲ့ရောဂါတွေ ဖြစ်နေနိုင်ပါတယ်။
Enchondroma ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
Enchondroma က အဖြစ်အများဆုံးသော လက်အကျိတ်ပါ။ ဘယ်အရွယ်မဆို ဖြစ်နိုင်ပေမယ့် အများဆုံးဖြစ်တဲ့ရွယ်ကတော့ အသက် ၁၀ နဲ့ ၂၀ ကြားပါပဲ။ ယောက်ျားလေးရော မိန်းကလေးရော ဖြစ်ပွားနှုန်းက အတူတူပဲ။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
ရောဂါလက္ခဏာများ
Enchondroma ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
Enchondroma ဖြစ်လာတဲ့အခါ လက္ခဏာ လုံးဝမပေါ်ပါဘူး။ အောက်ကလက္ခဏာတွေကတော့ အဖြစ်အများဆုံးလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး လက္ခဏာပြတာချင်း တူချင်မှတူပါလိမ့်မယ်။
- လက်နာခြင်း – အကျိတ်ကအရမ်းကြီးတဲ့အခါ သို့မဟုတ် ဖြစ်နေတဲ့အရိုး အားနည်းလာပြီး ကျိုးတဲ့အခါ နာပါတယ်။
- ဖြစ်နေသောလက်ချောင်းအရွယ် ကြီးလာခြင်း။
- ဖြစ်နေသောနေရာတွင် အရိုးကြီးထွားမှုနှေးခြင်း
အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဖြစ်ပွားမှုအကြောင်းရင်းများ
ဘာတွေက Enchondroma ဖြစ်ပွားစေသလဲ။
Enchondroma ဖြစ်ရတဲ့အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ သို့သော် အောက်ပါတို့မှ တစ်ခုခုကြောင့်ဖြစ်နိုင်ကြောင်း တွေးထားကြပါတယ်။
- အရိုးအစွန်မှာရှိနေတဲ့အရိုးနုတွေ အလွန်ကြီးထွားလာခြင်း
- မူလရင်းခံ သန္ဓေကတည်းကပါလာတဲ့ အရိုးနုတွေ ကြီးထွားနှုန်းရပ်မသွားခြင်း
ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ
ဘယ်အရာတွေက Enchondroma ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
ထပ်ပြီးသိလိုတာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း
ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။
Enchondroma ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
တစ်ခါတစ်လေမှာ လုပ်ရိုးလုပ်စဉ် စမ်းသပ်ရင်းနဲ့ ဒါမှမဟုတ် အကျိတ်ကနေ လက်အရိုးကျိုးသွားရင်းနဲ့မှ ရောဂါကို အမည်တပ်နိုင်တာမျိုးဖြစ်ပါတယ်။
ရောဂါရာဇဝင်အပြည့်အစုံမေးခြင်းနဲ့ စမ်းသပ်ခြင်းတို့အပါအဝင် အောက်ပါစစ်ဆေးမှုတွေကိုလည်း လုပ်ရပါတယ်။
- ဓါတ်မှန် – လျှပ်စစ်သံလိုက်လှိုင်းစွမ်းအင်နဲ့ ခန္ဓါကိုယ်အတွင်းက တစ်ရှူး၊ အရိုးနဲ့ အင်္ဂါတွေကို ပုံရိပ်ဖော်ပေးပါတယ်။
- Radionuclide အရိုးစကန် – နျူကလီးယား ပုံရိပ်ဖော်စစ်ဆေးမှုဖြစ်ပြီး အဆစ်တွေမှာရှိတဲ့ ယိုယွင်းမှုတွေ အရိုးနုပြောင်းနေပုံတွေ၊ အရိုးရောဂါတွေနဲ့ အကျိတ်တွေကို ရှာပေးနိုင်တဲ့အပြင် အရိုးနာတာ ရောင်တာတွေရဲ့အကြောင်းရင်းကိုပါ ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုက ပိုးရှိမရှိနဲ့ အရိုးကျိုးမကျိုးပါ သိနိုင်ပါတယ်။
- MRI – သံလိုက်နဲ့ရေဒီယိုကြိမ်နှုန်းတွေကို ပေါင်းစပ်ပြီး အတွင်းအင်္ဂါတွေနဲ့ ဖွဲ့စည်းပုံတွေကိုအသေးစိတ်မြင်ရအောင် လုပ်ပေးပါတယ်။ အာရုံကြောမကြီးနဲ့ အာရုံကြောတွေမှာ ဆက်စပ်ရောဂါတွေရှိမရှိ သိလိုတဲ့အခါမှာသုံးကြတယ်။
- CT scan -ဓါတ်မှန်နဲ့ ကွန်ပျူတာနည်းပညာ ပေါင်းစပ်ပြီး ခန္ဓါကိုယ်ရဲ့ ရေပြင်ညီဖြတ်ပိုင်းပုံတွေကို ပြပေးနိုင်ပါတယ်။ CT scan တစ်ခုက အရိုး၊ ကြွက်သား၊ အဆီ၊ အင်္ဂါ စတဲ့ ခန္ဓါကိုယ်ရဲ့ဘယ်အပိုင်းကိုမဆို အသေးစိတ်ပြပေးနိုင်ပါတယ်။ CT scan က သာမာန်ဓါတ်မှန်ထက် ပိုအသေးစိတ်ကျပါတယ်။
Enchondroma ကို ဘယ်လိုကုသလဲ။
Enchondroma အတွက် တိကျတဲ့ကုထုံးကို အောက်ကအချက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။
- အသက်အရွယ်၊ တစ်ကိုယ်ရေကျန်းမာရေး၊ ရောဂါရာဇဝင်
- ရောဂါပမာဏ
- ဆေးတွေ၊ ကုထုံးတွေနဲ့ လုပ်ထုံးတွေပေါ် သင့်ရဲ့ခံနိုင်ရည်ရှိမှု
- ရောဂါရဲ့လမ်းကြောင်းအတိုင်း မျှော်လင့်ထားသည်များ
- သင့်ရွေးချယ်မှု
ကုသမှုတွေမှာ အောက်ပါအမျိုးအစားတွေ ပါဝင်ပါတယ်။
- ခွဲစိတ်ခြင်း – တစ်ချို့ဖြစ်ရပ်တွေမှာ အရိုးအားနည်းတာ ကျိုးတာတွေရှိလာလျှင် ခွဲစိတ်ကုသရပါတယ်။
- အရိုးအစားထိုးခြင်း – ခန္ဓါကိုယ်ရဲ့ တခြားနေရာကနေယူထားတဲ့ ကျန်းမာတဲ့အရိုးကို ဖြစ်တဲ့ေနေရာမှာ အစားထိုးကုသခြင်း ဖြစ်ပါတယ်။
အရိုးအားနည်းတာ၊ အကျိတ်ဖြစ်တာ မရှိဘူးဆိုရင်တော့ ဆရာဝန်က သင့်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။ သို့သော် ပြန်ပြတဲ့အခါ ဓါတ်မှန်ထပ်ရိုက်တာတွေ လုပ်ရပါလိမ့်မယ်။ တစ်ချို့သော Enchondroma တွေက နောက်ပိုင်းမှာ ကင်ဆာပြောင်းတတ်ပါတယ်။ ဒါကြောင့် ချိန်းတိုင်းမှန်မှန်ပြန်ပြဖို့က အတော်လေးကို အရေးကြီးပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Enchondroma ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။