အိပ်တုန်းကတော့ အကောင်းပဲ။ အိပ်လို့ကောင်းပြီဆို ရင်တွေပူလို့၊ ရင်ခေါင်းအောင့်ပြီး ဆာလောင်လို့ တရေးနိုးလာရတာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ အရမ်းအိပ်ချင်တော့ ထလည်းမစားချင်၊ ထစားပြန်လည်း ဗိုက်ပြည့်တာနဲ့ မျက်စိကြောင်တော့မယ်၊ မစားပြန်လည်း ဗိုက်အောင့်ပြီး ဆက်အိပ်မရတော့ဘူး။ ဒီတော့ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။