ဒီအချက်ကြောင့်ပဲ ဆီးချိုရှိသူတွေကို အများကြီး စားဖို့ မသင့်တော်ဘူးလို့ ပြောရတာပါ။ ငှက်ပျောသီးက မှည့်လေလေ ဆီးချိုရှိသူတွေမှာ ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်လေလေပါ။ ငှက်ပျောသီးက အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ် ကျန်းမာစေတယ်။ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတိုးကျစေတယ်ဆိုပေမယ့် ဆီးချိုရှိတယ်ဆိုရင် အများကြီး မစားပါနဲ့။
ဖီးကြမ်း အရမ်းမမှည့်သေးတာမျိုး နဲ့ ငှက်ပျောချဉ်တို့ကို စားပေးလို့ရပါတယ်။ သီးမွှေးနဲ့ အခြား ငှက်ပျောသီးတွေကတော့ အချိုကဲတာကြောင့် စားမယ်ဆိုရင် နည်းနည်းပဲ စားသင့်ပါတယ်။
အရည်ရွှမ်းပြီး အရသာရှိတယ်။ ဗီတာမင်နဲ့ပြည့်စုံပြီး ကာဗိုဟိုက်ဒရိတ်လည်းကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက် အကျိုးများတယ်။ ဒါပေမယ့် သကြားပါဝင်မှုများတာကြောင့် သွေးချိုရှိသူတွေအတွက် အများကြီး စားလို့ မသင့်တော်ပါဘူး။ ဆီးချိုရှိသူတွေအနေနဲ့ ဖရဲသီးစားချင်ရင် အရွယ်တော် တစ်စိတ်စာလောက်ပဲ စားပေးပါ။ အများကြီး စားတာမျိုး မလုပ်ပါနဲ့။
နာနတ်သီး အမှည့်ကတော့ ဆီးချိုရှိသူတွေ အများကြီး မစားသင့်တဲ့ အသီးတွေထဲကတစ်ခုပါ။ နာနတ်သီးက သကြားဓာတ်ပါဝင်မှုများသလို မှည့်လေလေ သကြားဓာတ်ပါဝင်မှုနှုန်းမြင့်လေလေပါ။ အဝါရောင် နာနတ်သီးလေးက သကြားပါဝင်မှုမြင့်သလို ကာဗိုဟိုက်ဒရိတ် ပါဝင်မှုလည်း မနည်းပါဘူး။ ဒါကြောင့် ဆီးချိုရှိရင် နာနတ်သီး အရမ်းမှည့်နေတာမျိုးကို နည်းနည်းလောက်ပဲ စားပေးပါ။
ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘယ်သစ်သီးကိုပဲဖြစ်ဖြစ် စားမယ်ဆိုရင် အမှည့်လွန်တာတွေကို မစားပါနဲ့။ ဆီးချိုတက်နေချိန်မှာ မစားပါနဲ့။ ထမင်းစားပြီးပြီးချင်း မစားပါနဲ့။ အနည်းဆုံး ထမင်းကြီးနဲ့ ၂နာရီလောက်ခြားပါ။ ပမာဏအလွန်အကျွံမစားပါနဲ့လို့ အကြံပြုချင်ပါတယ်။
ဒီအသီးတွေ အများကြီး မစားပါနဲ့လို့ ပြောရတာက
ဆီးချိုရှိရင် ဒီအသီးတွေ အများကြီး မစားပါနဲ့လို့ ပြောရတာက Glycemic index များနေလို့ပါ။
- စပျစ်သီး >>> glycemic index – 53
- သရက်သီးမှည့် >>> glycemic index – 51
- လိုင်ချီးသီး >>> glycemic index – 50
- ငှက်ပျောသီး >>> glycemic index – 62
- ဖရဲသီး >>> glycemic index – 76
- နာနတ်သီးမှည့် >>> glycemic index – 59
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။