အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ လူကြီးတွေအတွက် အာဟာရဖြည့်စွက်စာ ရွေးချယ်နည်း

ဆီးချိုရှိသူတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ အာဟာရဖြည့်စွက်စာ ဆိုတာ အစားသိပ်မဝင်တဲ့ ဆီးချိုဝေဒနာရှင် လူကြီးတွေအတွက် အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ သူတို့တွေမှာ  ထိုက်သင့်တဲ့ ကယ်လိုရီပမာဏ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီးသားဖြစ်လို့ လူကြီးတွေမှာ အာဟာရချို့တဲ့မသွားစေဖို့ ကူညီပေးပါတယ်။ ဘာလို့ အသုံးဝင်တာလဲ အာဟာရဖြည့်စွက်စာ တွေက ဆီးချိုရောဂါရှိသူတွေ၊ ခံတွင်းပျက်ပြီး အစာစားမဝင်ဖြစ်နေသူတွေ၊ နာမကျန်းဖြစ်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူထားတဲ့ နာလန်ထစလူနာတွေ အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ဖြည့်စွက်စာတွေက – သောက်သုံးရ၊ စားသုံးရလွယ်ကူတယ်၊ အချိန်ကုန်သက်သာတယ်၊ စားသောက်မှုပုံစံကို ပုံမှန်လိုက်နာမိစေဖို့ အလေ့အကျင့်ဖြစ်စေတယ်၊ ကိုယ်စားမယ့်အစားအစာအတိုင်းအတာနဲ့ ကယ်လိုရီပမာဏကိုထိန်းချုပ်စီမံနိုင်တယ်၊ ညီညွတ်မျှတတဲ့အာဟာရကို ရရှိစေတယ်၊ သွေးတွင်းသကြားဓါတ်ကို ပိုထိန်းညှိနိုင်တယ်၊ ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ဆီးချိုရောဂါရှိသူတွေရဲ့အစားအသောက်စီမံမှုကို အထောက်အကူပေးနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေကြောင့် အသုံးဝင်ပါတယ်။ ဘယ်လိုရွေးချယ်မလဲ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ စျေးကွက်မှာ အလွယ်တကူဝယ်ယူလို့ရနေပေမယ့် အရွေးမှန်ဖို့လိုပါတယ်။ အရည်အသွေးကောင်းတာကို ရွေးဖြစ်ဖို့၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို အစားအသောက် နဲ့ ဆေးဝါးကုသမှုအတွက် ဘာတွေသိထားသင့်လဲ

ဆီးချိုသွေးချိုရှိလာပြီဆို အစားအသောက်နဲ့ပတ်သက်ပြီး အတော်လေး အခက်ကြုံရတတ်ပါတယ်။ စားလိုက်တဲ့ အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနေရတာကိုး။ ဒါပေမယ့် ဆီးချို နဲ့ကျန်းမာစွာနေထိုင်နိုင်ဖို့ အစားအသောက်ဆင်ခြင်နည်းကိုသိထားပြီး ကုသမှုနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း ရှိထားသင့်ပါတယ်နော်။ ကျန်းမာရေးနဲ့ညီအောင်စားသုံးခြင်းနဲ့လေ့ကျင့်ခန်းတို့က သင့်ရဲ့အလုံးစုံကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိုင်တဲ့အပြင် ဆီးချို ရဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်တဲ့အန္တရာယ်လျော့နည်းစေနိုင်ပါတယ်။ ထမင်းစားတိုင်း အချိုးချတွက်ချက်ပြီးစားပါ။ ဆိုင်မှာစားဖြစ်တဲ့အခါဆို မှာလိုက်တဲ့အစားအစာက ကိုယ့်အချိုးထက်များနေရင် အတူပါလာတဲ့သူနဲ့မျှစားပါ ဒါမှမဟုတ် ပိုတာကို အိမ်သယ်သွားပါ။ ဂျုံအနု အစား whole grains အနှံတွေနဲ့လုပ်တဲ့ ကွေကာ၊ပေါင်မုန့်၊ပါစတာတို့ကိုစားပါ။ ဆန်အဖြူအစား ဆန်လုံးညို၊ အာလူးအစား ကန်စွန်းဥ တို့ကိုပြောင်းစားပါ။ ကွေကာ၊ ပေါင်မုန့်နဲ့ပါစတာတွေ ဝယ်ရင် ဘူးမှာပါတဲ့labelတွေကို ဖတ်ပြီး တစ်ခါစားအတိုင်းအတာမှာ အမျှင်ဓါတ်ပမာဏ အနည်းဆုံး ၃ဂရမ်နဲ့အထက် ပါတဲ့အမျိုးအစားတွေကိုရွေးချယ်ပါ။ ကယ်လိုရီနည်းပြီးအရောင်တောက်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ […]


အမျိုးအစား (၂) ဆီးချို

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို ရှိလာတဲ့အခါ

ဆီးချို ရှိနေတာသိရလို့ စိတ်ညစ်နေ၊ ဝမ်းနည်းနေ၊စိတ်တိုနေရတာမျိုးကဖြစ်တတ်တဲ့သဘာဝပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်လာခဲ့ရင် ဘဝဆုံးသွားတဲ့အတိုင်း စိတ်ဓာတ်ကျဖို့မလို‌သလို အရေးမလုပ်ဘဲ မဆင်မခြင်နေထိုင်ဖို့လည်း မသင့်ပါဘူးနော်။ နေထိုင်မှုပုံစံအပြောင်းအလဲ ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေ ပြောင်းလဲဆင်ခြင်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဆီးချိုဖြစ်လာရင်... တည့်တာပဲစားပါ ကိုယ့်မှာဆီးချိုရောဂါရှိလာတဲ့အချိန်မှာ ဒီအချက်ကအရေးကြီးပါတယ်။ စားလိုက်သမျှဟာသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ ဘယ်အစားအစာကိုမှ လွန်လွန်ကျွံကျွံစားလို့မရပါဘူး။ ခန္ဓာကိုယ်က လိုအပ်သလောက်ကိုပဲ စားဖို့အာရုံထားပါ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့whole grains အနှံတွေ များများစားပေးပါ။ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့အသားတွေကို ရွေးချယ်ပါ။ အချိုနဲ့အဆီများတဲ့အစားအစာတွေကို ကန့်သတ်စားပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓါတ်အဖြစ်ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေကို သတိထားစားသုံးပါ။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကို ပမာဏမကွာစေဖို့ ထိန်းပါ။သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်ဖို့ အင်ဆူလင် သို့မဟုတ်ဆေးဝါးတွေသောက်သုံးနေရသူဖြစ်ရင် စားတဲ့အစာ နည်းလိုက်များလိုက်မဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားပေးပါ အထိုင်များသူဖြစ်ရင် အခုပဲ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်များ နှလုံးရောဂါဖြစ်ပွားမှုမရှိအောင်

အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရ အမျိုးအစား ၂ ဆီးချိုရှိနေသူများရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေဟာ သာမန်လူတွေထက် နှစ်ဆရှိနေပါတယ်။ မိမိကိုယ်ကို ထိုက်သင့်တဲ့ ဂရုစိုက်မှုရှိမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါ အမူအကျင့် ၆ မျိုးကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အာရုံကြောပျက်စီးခြင်းစတဲ့ နှလုံးနဲ့ ဆက်စပ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ၁။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ ဆီးချိုရောဂါကို ထိရောက်စွာ ကုသနိုင်ဖို့နဲ့ နှလုံးရောဂါကို ဖြစ်နိုင်ခြေနည်းစေဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ စားသောက်မှုပုံစံကို ထိန်းသိမ်းပေးခြင်းပါပဲ။ ဆိုဒီယမ်ပါသော အစားအစာ၊ ပုံပြောင်းဆီ၊ ပြည့်ဝဆီ စတာတွေကို ရှောင်ရပါမယ်။ သကြားထပ်မံ ဖြည့်တင်းထားတဲ့ စားစရာတွေကိုလည်း လျှော့ချရပါမယ်။ စားသောက်သမျှ အနပ်တွေမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကစီဓာတ်၊ အဆီ၊ ပရိုတင်း စတာတွေကို […]


အမျိုးအစား (၂) ဆီးချို

သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင်

သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆီးချို.... ဒီစကားလုံးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က လူတိုင်းနဲ့ သိပ်ရင်းနှီးကျွမ်းဝင်ရှိလှတဲ့ စကားလုံးမဟုတ်ပါဘူး။ ဆီးချိုရောဂါ ဖြစ်နေတယ်လို့ ပြောလိုက်ရင်။ အော်.... ဆီးချိုလား။ အခုမှ ကြားဖူးတာဆိုသူက ခပ်များများရယ်။ အခုကတော့ ဆီးချိုဆိုတာကို ကြားဖူးရုံသာမက ကိုယ်တိုင်ခံစားနေရသူအရေအတွက် အတော်လေးများနေပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ဆီးချိုရောဂါကို ခံစားနေရတာပါ။ ကလေးလေးတွေက အစပေါ့။ ဆီးချိုက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်မယ်။ ပုံမှန်ဆေးသောက်မယ်။ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပါ။ ဆီးချိုဘာကြောင့်ဖြစ်ရတာလဲ။ ခန္ဓာကိုယ်က အင်ဆူလင်လို့ ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို အလုံအလောက်မထုတ်လုပ်ပေးနိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် ဆီးချိုရောဂါကို ခံစားရတာပါ။ ဆီးချိုဆိုတဲ့နေရာမှာ အမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချိုရှိတဲ့အခါ တစ်ခုခုစားမယ်ကြံလိုက်တိုင်း သွေးချိုတက်မလားအဆင်ပြေပါ့မလားဆိုပြီး တွေးတွေးနေရတာကလည်းတစ်လုပ်နော်။ ဒါစားရင်သွေးချိုတက်လိမ့်မယ် မစားနဲ့လို့ မိသားစုဝင်တွေဝိုင်းပြောတာကိုလည်း မကြာခဏခံခဲ့ရမှာပေါ့။ ဒါဆိုရင် ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ ကို အတူတူအဖြေထုတ်ကြည့်ရအောင်လား..... ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ အကြောင်း မပြောခင် မေးခွန်းလေး တစ်ခု မေးချင်နေတာမျိုးများ မရှိဘူးလား.... ဒါကတော့ ဆီးချိုရှိတိုင်း ဘာမှမစားရတော့ဘူးလား ဆိုတာပေါ့။ ဒီလိုမဟုတ်ပါဘူး။ အတိုင်းအချင့်နဲ့စားလို့ရပါတယ်။ ဘာတွေများဂရုစိုက်ရမလဲ ကြည့်ရအောင်လား။ ဆီးချိုရှိတယ် သစ်သီးမစားရဘူး ဆီးချိုရှိတယ်ဆိုတာနဲ့ သစ်သီးတွေမစားရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ သစ်သီးမှာ သဘာဝအချိုဓာတ်ပါတာမမှန်ပေမယ့် ဆီးချိုရှိတာနဲ့ အသီးတွေကိုလုံးဝရှောင်ဖို့မလိုပါဘူး။ အချိုအရမ်းကဲတာတွေကိုတော့ အတိုင်းအချင့်နဲ့စားဖို့လိုပါမယ်။ သစ်သီးတွေမှာ အချိုများလွန်းတဲ့၊ အမှည့်လွန်နေတဲ့ အသီးကို ရှောင်ပါ။ ထမင်းကြီးနဲ့ အချိန် ၂နာရီခွာပြီး စားပေးပါ။ သကြားစားလို့ မဖြစ်ဘူး ဒါကလည်း အယူအဆမှားတစ်ခုပါ။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု

သင့်ကို ဆီးချိုရောဂါခံစားရစေနိုင်တဲ့အချက်က အချိုစားလိုပတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်တွင်းမှာ ဗီတာမင် D ချို့တဲ့တာကလည်း သင့်ကိုဆီးချိုဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကို ဆောင်းပါးထဲမှာ ပြည့်ပြည့်စုံစုံပြောပြပေးမယ်နော်။ ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု (သို့မဟုတ်) ဗီတာမင် D ချို့တဲ့ခြင်း ဗီတာမင် D ချို့တဲ့တဲ့သူတွေက ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်၊လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ကယ်လ်ီဖိုးနီးယားမှာရှိတဲ့ ဆန်ဒီရေဂို တက္ကသိုလ်နဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်က သုတေသီတွေက ကျန်းမာရေးကောင်းတဲ့ အရွယ်ရောက်သူ ၉၀၃ ဦးကို ၁၀ နှစ်ကြာလေ့လာခဲ့ပါတယ်။ လေ့လာမှုအရ ဗီတာမင် D ပမာဏ ပြည့်ဝစွာရရှိသူတွေက အမျိုးအစား - ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေနည်းသလို ဆီးချိုရောဂါ အကြိုအဆင့်ကနေ ဆီးချိုဖြစ်လာနိုင်ခြေလည်း နည်းတာကို တွေ့ရှိခဲ့ပါတယ်။ ‘sunshine vitamin’ လို့သိကြတဲ့ 25-hydroxyvitamin D က အသားအရေကနေရောင်ကိုတုံ့ပြန်တဲ့အခါမှာ ထွက်ရှိလာတဲ့ ဓာတ်တစ်မျိုးပါ။ ဒီဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ

ဆီးချိုရှိသူ တစ်ယောက်က ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုဂရုစိုက်တဲ့အခါသွေးတွင်းသကြားဓာတ်​မြင့်နေတာလား၊ ရှိသင့်တာထက်နည်းနေတာလားဆိုတာကိုသေချာသိရှိပြီး မှန်ကန်တဲ့ကုသမှုကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေကသွေးချိုတက်နေတာလား၊ ကျနေတာလားဆိုတာကို သိရှိနိုင်စေဖို့ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကို ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်ရှိသင့်တဲ့သွေးတွင်းသကြားဓာတ်က ဘယ်လောက်လဲ........ ညဘက်ကဘာမှမစားထားဘဲ မနက်ခင်းမှာ တိုင်းတဲ့အခါသွေးတွင်းသကြားဓာတ်က ၁၀၀mg/dL ထက်နည်းရပါမယ်။ အစားစားပြီး ၂ နာရီအကြာမှာတော့သွေးတွင်းသကြားဓါတ်က ၁၄၀ mg/dL ထက်နည်းရပါမယ်။ ဒါကဆီးချိုရောဂါမရှိတဲ့ သာမန်ကျန်းမာနေသူတစ်ယောက်မှာရှိသင့်တဲ့သွေးတွင်းသကြားဓာတ်ပမာဏပါ။ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကတော့ သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါ ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ ဆီးခဏခဏသွားမယ် -သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။ ရေငတ်မယ် -သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။ ခံတွင်းခြောက်မယ် -သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီး လျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊ သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အရေပြားပြဿနာဖြစ်မယ် […]


အမျိုးအစား (၂) ဆီးချို

အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တတ်စေနိုင်တဲ့ အရာလေးတွေ

ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံနေဖို့လိုပါမယ်။ ဒီလိုပြည့်စုံနေဖို့လိုတဲ့အထဲမှာ အချိုဓာတ်ကလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် အချိုဓာတ်က လိုတာထက်ပိုများနေရင်လည်း ခန္ဓာကိုယ်အတွက်မကောင်းတာအမှန်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် မလိုအပ်ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်မှုဖြစ်စဉ်တွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။ အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တဲ့ အရာတွေက ဘာတွေများလဲ ကိုယ်နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေ ကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်မှုမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။ နေလောင်တာ -နေလောင်တာကြောင့် စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကပဲ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ပြုပြင်ထားတဲ့ အချိုဓာတ်တွေ -လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်သေးတယ်ဆိုပေမယ့် ပြုပြင်ထားတဲ့ အချိုဓာတ်တွေက သဘာဝအချိုတွေထက်သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ကော်ဖီ -ကော်ဖီကို သကြားမထည့်ဘဲ သောက်ရင်တောင်မှ ကဖင်းဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။ အိပ်ရေးပျက်တာ - ညဘက်မှာ အိပ်ရေးပျက်တာက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပြီးသွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ မနက်စာမစားတာ - မနက်ခင်းမှာ မနက်စာ မစားမစားဘဲနေတာကလည်း သွေးတွင်းသကြားဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရချိန်မှာ သွေးတွင်းသကြားဓာတ်ကျစေဖို့

သွေးတွင်းသကြားဓာတ်က ရှိသင့်တဲ့ ပမာဏထက်မြင့်နေတယ်။ ဆီးချိုဖြစ်လောက်တဲ့အထိတော့ မဟုတ်ဘူး။ ဒီအခြေအနေကို ဆီးချိုရောဂါ အကြိုလက္ခဏာလို့ခေါ်ပါတယ်။ ဒီအခြေအနေကို သေချာမထိန်းနိုင်ခဲ့ရင် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်လာမှာပါ။ ဆီးချိုက ကုသ ပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည်ရောဂါတစ်ရပ်ပါ။ ဒါပေမယ့် ဆီးချိုရောဂါအကြိုလက္ခဏာအဆင့်မှာ သေချာ ထိန်းချုပ်လိုက်နိုင်ရင်တော့ ဆီးချိုရောဂါဆိုတာကို မခံစားရတော့ဘူးပေါ့။ ဆီးချိုရောဂါအကြိုလက္ခဏာခံစားရချိန်မှာ သွေးချိုကျစေဖို့ ဆီးချိုရောဂါအကြိုလက္ခဏာဖြစ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်နေချိန်မှာ အခုပြောတာတွေကို စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ပြီး ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည်က သွေးတွင်းသကြားဓာတ်ကို သိသိသာသာကျဆင်းစေနိုင်ပြီး ဆီးချိုဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာကို ရေ ၈ အောင်စနဲ့ ရောဖျော်ပြီး သောက်ပေးပါ။ အစာအိမ်ရောဂါရှိတယ်ဆိုရင်တော့ မသောက်သင့်ပါဘူး။ အမျှင်ဓာတ်များများစားပါ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် လတ်ဆတ်တဲ့အမျှင်ဓာတ် ၂၅ ဂရမ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)