backup og meta

သင့် အလှကုန်ပစ္စည်းတွေက ဆီးချိုရောဂါဖြစ်စေနိုင်သလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် အလှကုန်ပစ္စည်းတွေက ဆီးချိုရောဂါဖြစ်စေနိုင်သလား

    မကြာသေးတဲ့လေ့လာမှုတစ်ချို့အရ သင့်ရဲ့ဆံပင်ဖြန်းဆေး၊ လက်သည်းဆိုးဆေး နဲ့ ရေမွှေးတွေက phthalates လို့ခေါ်တဲ့ ဓါတုပစ္စည်းကြောင့် သင့်ကိုဆီးချိုဖြစ်နိုင်ချေများစေပါတယ်။

    သင့်အနေနဲ့ phthalates ကိုကြားဖူးချင်မှကြားဖူးလိမ့်မယ်။ Phthaletes ဆိုတာ လက်သည်းဆိုးဆေး၊ ဆံပင်ဖြန်းဆေး၊ လိုးရှင်းတွေ၊ ရေမွှေးတွေစတဲ့ အလှကုန်တွေနဲ့ အိမ်သုံးကုန်တွေဖြစ်တဲ့ မိုးကာဝတ်စုံ၊ ရေချိုးခန်းလိုက်ကာ နဲ အစားအစာထုတ်ပိုးတဲ့ပစည်းတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာ သင့်အနေနဲ့ ဒီကြောင်းကိုပိုသိရမှာပါ။

    ဘာလို့လဲ ? ဘာလို့လဲဆိုတော့US ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကဒီ phthalates တွေကအမေရိကန်လူမျိုးအားလုံးကိုပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက်စစ်ဆေးတဲ့အခါတွေ့ရလို့ပါ။ ဒါ့အပြင်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါတယ်။ဥပမာ – ဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းများကိုအထောက်အကူပြုပေးခြင်းဘဲဖြစ်ပါတယ်။

    ဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းတွေနဲ့မကြာသေးခင်က Phthalates အကြောင်းလေ့လာမှုများ

    အသက်၇၀လူတွေကို လေ့လာတဲ့ လေ့လာမှုတစ်ခုမှာဆီးချိုရှိနေတဲ့သတွေကသာမန်သူတွေထက်ကိုယ်ထဲမှာphthalates တွေပိုပါဝင်ပါတယ်။ ဒီရလဒ်တွေကို diabetes care ဆိုတဲ့ဂျာနယ်မှာ ကြေညာထားပါတယ်။

    ပိုစောတဲ့လေ့လာမှုတွေမှာမိန်းမတွေက ယောက်ျားတွေထက် phthalate ပါဝင်မှုပိုများပါတယ်။ ဖြစ်နိုင်တာကမိန်းမတွေက ယောက်ျားတွေထက်တစ်ကိုယ်ရေနဲ့အလှကုန်တွေကိုပိုသုံးတယ်လို့လေ့လာသူတွေခန့်မှန်းကြပါတယ်။ ဒါကြောင့်ဘဲ Brigham နဲ့ Boston မှာရှိတဲ့အမျိုးသမီးဆေးရုံမှာရှိတဲ့PhD တစ်ယောက်ဖြစ်တဲ့Tamarra James-Todd နဲ့သူ့လုပ်ဖော်ကိုင်ဖက်တွေကဆီးချိုရှိတဲ့အမျိုးသမီးတွေရဲ့ဆီးထဲမှာphthalates ပိုပါလားမပါလားသိချင်ခဲ့ကြပါတယ်။ စမ်းသပ်တဲ့အခါမှာတော့ဆီးချိုရှိတဲ့အမျိုးသမီးတွေကမရှိသူတွေထက် phthalates နှစ်ဆနီးနီးပိုများတာတွေ့ရပါတယ်။

    အလှကုန်တွေမှာပါတဲ့ phthalates ကိုဘယ်လိုလုပ်ရမလဲ ?

    ကံမကောင်းစွာနဲ့အလှကုန်တွေထဲက phthalates ကိုရှောင်လို့မရပါဘူး။ Companies တွေက phthalates တွေကသူတို့ရဲ့ထုတ်လုပ်မှုလျှို့ဝက်ချက်လို့ဆိုပြီးအလှကုန်တွေရဲ့ label မှာ phthalates ကိုမဖော်ပြထားကြပါဘူးလို့ James-Todd ကဆိုပါတယ်။ဥရောပကခြေတစ်လှမ်းသာပါတယ်။ သူတို့မှာ phthalates အမျိုးအစားပေါင်းများစွာကိုတရားဝင်တားမြစ်လိုက်ပါတယ်။ ကျွနမတို့အနေနဲ့လည်းအစိုးရကိုဒီဓါတုထုတ်ကုန်တွေကိုကာကွယ်ဖို့ သေချာလုပ်ဖို့လိအပ်ပါတယ်လို့ James-Todd ကဆိုပါတယ်။

    ဒါပေမယ့် phthalate နဲ့ဆီးချိုတို့ကြားကဆက်နွယ်မှုကိုတိတိကျကျသိရဖို့က လေ့လာစမ်းသပ်မှုတွေလုပ်ဖို့လိုသေးတယ်လို့James-Todd ကဆိုပါတယ်။ လောလောဆယ်တော့ကျွန်မတို့မှာဆက်နွယ်တာလေးပဲဖြစ်ပါသေးတယ်။ ဖြစ်စေနိုင်တဲ့အရာဆိုပြီးနာမည်တပ်လို့မရသေးပါဘူးလို့သူမကရှင်းပြပါတယ်။ လေ့လာသူတွေက phthalates ကအသက်ငယ်စဉ်အဝလွန်ခြင်းအပေါ်သက်ရောက်မှုအပေါ်လေ့လာနေပြီးအလှကုန်တွေမှာပါတဲ့phthalates နဲ့တခြားတွေမှာပါတဲ့ phthalates ကိုနှိုင်းယှဉ်နေပါတယ်။

    ကျွန်မတို့အနေနဲ့ phthalates ကိုရှောင်ကြဉ်ကြပါလို့ပြောဖို့သင်သေတွေမလုံလောက်သေးပေမယ့်တကယ်လို့ပြောခဲ့မယ်ဆိုရင်တောင် phthalates တွေကကျွန်မတို့ပတ်ဝန်းကျင်မှာအများကြီးပါလို့သူမကပြောပါတယ်။ သင့်အနေနဲ့လုပ်နိုင်တာတစ်ခုက phthalates free လို့ရေးထားတဲ့အလှကုန်တွေကိုသုံးဖို့ပါဘဲ၊ဒါပေမယ့်အစိုးရကစည်းမျဉ်းတွေမကန့်သတ်ထားတဲ့အတွက်အာမခံချက်တော့မရှိပါဘူး။ သင့်အနေနဲ့အစားအစာတွေတင်ဖို့ပလတ်စတစ်အစားဖန်ကိုအသုံးပြုနိုင်သလိုသဘာဝအလှကုန်တွေကိုလည်းအသုံးပြုနိုင်ပါတယ်လို့သူမကဆိုပါတယ်။

    တခြားဆီးချိုဖြစ်စေတဲ့ဓါတုထုတ်ကုန်များ

    လွန်ခဲ့တဲ့နှစ်တွေက လေ့လာမှုတွေကဆီးချို type 1 နဲ့ type 2 ကိုဓါတုပစ္စည်းများစွာနဲ့ဆက်နွယ်နေကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါတွေထဲမှာ cadmium, mercury, arsenic နဲ့ lead တို့ပါဝင်ပါတယ်။Aluminum နဲ့ fluoride တို့ကလည်းဆီးချိုနဲ့ဆက်နွယ်နေတာ တွေ့ရပါတယ်။

    ဆီးချိုဖြစ်စေနိုင်တဲ့ ယေဘူယျအကျဆုံးသတ္တုကတော့ mercury ဖြစ်ပါတယ်။Mercury ပါဝင်နှုန်းမြင်တဲ့ငါးကိုစားခြင်း၊ကျောက်မီးသွေးဓါတ်အားတိုင်မှအငွေ့ကိုရှူခြင်းတွေကဆီးချိုဖြစ်နိုင်တာတွေပါ။ တချို့လေ့လာမှုတွေကmercury နဲ့လူကိုယ်ရဲ့ insulin ထုတ်လုပ်မှုလျော့သွားခြင်းကြားကဆက်နွယ်မှုကိုပြသခဲ့ပါတယ်။

    Dr. Taylor က phthalates နဲ့ပတ်သက်တာတွေကပိုမိုကြီးထွားလာတယ်လို့ကောက်ချက်ချခဲ့ပါတယ်။Phthalatesက ယေဘူယျကျတဲ့ဖော်ထုတ်မှုပါ၊လူတွေကလည်း Phthalates အကြောင်း မေးစပြုလာပါပြီ။ အထူးသဖြင့် ရေသန့်ဘူးတွေမှာပါတဲ့ phthalates အကြောင်းပါ။ နောက်ထပ်စမ်းသပ်မှုတွေက phthalates တွေကတကယ်ဆီးချိုဖြစ်စေတဲ့အကြောင်းခံဟုတ်မဟုတ် ပြောပြပါလိမ့်မယ်လို့သူမကဆိုပါတယ်။

    Phthalates ဟာဆီးချိုဖြစ်စေနိုင်ချေရှိသလိုသုတ်အရေအတွက် လျှော့ချခြင်းနဲ့အသည်းကင်ဆာတွေနဲ့လည်းဆက်နွယ်နေပါတယ်။ ဒါပေမယ့်အခုကအရမ်းကြောက်နေဖို့မလိုသေးပါဘူး။Phthalates နဲ့ပတ်သက်တဲ့လေ့လာစမ်းသပ်မှုတွေကိုတော့မျက်စိဖွင့်နားစွင့်ထားဖို့လိုလာပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement