backup og meta

ကင်ဆာနှင့် အိပ်စက်ခြင်း ပြသနာများ

ကင်ဆာနှင့် အိပ်စက်ခြင်း ပြသနာများ

ကင်ဆာရောဂါဖြစ်နေတဲ့ လူနာတွေရဲ့ ၅၀ ရာခိုင်နှုန်းက အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အခက်အခဲရှိနေတယ်လို့ National Cancer Institute ကဆိုပါတယ်။ တကယ်လို့ သင်က အိပ်စက်ရတာ ခက်ခဲနေမယ်ဆိုရင်တော့ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ ကင်ဆာနဲ့အိပ်စက်ခြင်းဆက်နွယ်နေပုံကို ရှင်းပြသွားမှာပါ။

အိပ်စက်ခြင်းပြသနာတွေက ဘာတွေလဲ ?

အိပ်စက်ရခက်ခဲခြင်းနဲ့ အိပ်စက်ရတာအနှောင့်အယှက်ဖြစ်ခြင်းက သင့်မှာ insomnia(အိပ်မပျော်ခြင်း)၊ restless legs syndrome(ခြေထောက်ဂနာမငြိမ်ရောဂါ)နဲ့ fragmented sleep(အအိပ်စက်ခြင်း)ရှိနေပြီလို့ ဆိုလိုတာပါ။ Insomnia(အိပ်မပျော်ခြင်း)ကတော့ အဖြစ်အများဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ကင်ဆာလူနာတွေရဲ့၈၀ ရာခိုင်နှုန်းလောက်က အိပ်စက်ရခက်ခဲနေလို့ပါ။ ကင်ဆာလူနာတွေက သာမန်လိုတွေထက် insomnia(အိပ်မပျော်ခြင်း)ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

ကင်ဆာဝေဒနာရှင်တစ်ယောက်ဟာ အိပ်ရခက်ခြင်း၊ ညဘက်ခဏခဏနိုးခြင်း၊ မနက်အစောကြီးနိုးပြီး ပြန်အိပ်မရခြင်းတွေဖြစ်ကြပါတယ်။ သင်ဟာ ဒီအခြေအနေတွေကို အနည်းဆုံးတစ်ပတ် ၃ ရက်တော့ကြုံရပါလိမ့်မယ်။ ပြီးတော့ ဆက်တိုက်ဆိုသလို နေ့ခင်းဘက်မှာလည်း သင့်ကိုယ်လုပ်ငန်းစဉ်တွေကို ယိုယွင်းစေခြင်း ဒါမှမဟုတ် ပူပင်သောကရောက်ခြင်း ဖြစ်နေပါလိမ့်မယ်။

လေ့လာသူတွေက Insomnia(အိပ်မပျော်ခြင်း)က သင့်ကိုပင်ပန်းစေခြင်း၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုအားနည်းစေခြင်း၊ စိတ်ခံစားမှုအနှောင့်အယှက်ဖြစ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းတို့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ဒါကသင့်ရဲ့ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်စေပြီး အသက်တိုစေခြင်းနဲ့ ခုခံအားကျဆင်းခြင်းတို့ဖြစ်စေပါတယ်။ ဒါကြောင့်သင့်အနေနဲ့ insomnia အပါအဝင် အိပ်စက်ခြင်းပြသနာတွေကို ကုသဖို့လိုအပ်ပါတယ်။

ကင်ဆာဝေဒနာရှင်တွေမှာ ဘာကြောင့်အိပ်စက်ခြင်းပြသနာတွေရှိလဲ ?

သင့်မှာကင်ဆာရှိကြောင်း သိလိုက်ရတာနဲ့ သင့်ကိုစိတ်ဖိစီးစေပါပြီ။ ဒီအချက်ကိုက သင့်ကို ကောင်းကောင်းအိပ်လို့မရစေတော့ပါဘူး။ ကင်ဆာကပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက် ဒါကြီးက ငါ့ဘဝကိုဖျက်ဆီးနိုင်ပါလားဆိုတဲ့ သင့်အတွေးကို နားလည်ပေးလို့ရပါတယ်။ ဒီလိုအတွေးတွေက သင့်ကိုညဘက်အိပ်မရအောင် လုပ်ပါလိမ့်မယ်။

စိုးရိမ်ပူပန်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ဖိစီးခြင်းစတာတွေကလည်း သင့်ကို ပိုပြီးစိတ်ဖိစီးစေပါတယ်။ ဒါ့အပြင် သင့်မှာကင်ဆာရှိတာသိလိုက်ရတာနဲ့ သင့်မှာမသေချာမရေရာမှုတွေနဲ့ သင့်မိသားစုအတွက် စိတ်ပူပြီး ကြောက်လန့်တာတွေလည်း ဖြစ်နိုင်ပါတယ်။ သင်အကျွမ်းတဝင်မရှိတဲ့ ကုသမှုတွေအတွက်လည်း သင်ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ ရလဒ်အနေနဲ့ သင်ဟာ စိတ်ဖိစီးမှုမျိုးစုံအောက်မှာ နစ်မြုပ်ပြီး ဒါတွေက သင့်အိပ်စက်မှုကို နှောင့်ယှက်ပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာ ပူပင်သောကအပြင် ကင်ဆာရဲ့ဆိုးကျိုးတွေနဲ့ ကုသမှုတွေရဲ့ဆိုးကျိုးတွေကလည်းပြသနာပါ။ ဒါတွေက သင့်ကိုစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပေးပြီး ပုံမှန်အိပ်ချိန်ကို နှောင့်ယှက်ပါလိမ့်မယ်။ ကင်ဆာနဲ့ကုသမှုတွေရဲ့ဆိုးကျိုးတွေကတော့ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းနဲ့ အရေပြားပူလောင်ခြင်းတို့ဖြစ်ပါတယ်။ ဒါတွေက သင့်ကိုအိပ်စက်မရအောင်လုပ်ပါလိမ့်မယ်။ ကင်ဆာကိုကုသတဲ့ကုသနည်းတွေနဲ့ အဓိကဆိုးကျိုးကိုက Insomnia(အိပ်မပျော်ခြင်း) ဖြစ်စေခြင်းပါဘဲ။ ကင်ဆာနဲ့ကုသမှုတွေကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကလည်း သင့်ကိုအိပ်မရဖြစ်စေပါတယ်။ ဓါတ်ကင်ခြင်းကုသခြင်းက သင့်အိပ်စက်မှုစက်ဝိုင်းကို ကမောက်ကမဖြစ်စေပြီး နိုးထခြင်းနဲ့အိပ်ငိုက်ခြင်းကို ရှုပ်ထွေးစေပါတယ်။

သင့်အိပ်စက်ခြင်းပြသနာတွေကအကြာကြီးဖြစ်နေတာမကောင်းပါဘူး။ တကယ်လို့ဒီအိပ်စက်ခြင်းပြသနာတွေကိုသင်အိမ်မှာတစ်ယောက်တည်းထိန်းချုပ်လို့အဆင်မပြေရင်သင့်ဆရာဝန်ကဖြစ်စေတဲ့အဓိကအကြောင်းအရင်းနဲ့ ဆေးနည်းကုသနည်းတွေကိုမေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Addressing sleep problems in cancer patients. http://www.cancercenter.com/community/newsletter/article/addressing-sleep-problems-in-cancer-patients/. Accessed December 30, 2016.

Sleep Problems (Insomnia) in the Cancer Patient. http://www.oncolink.org/coping/article.cfm?c=486&id=709. Accessed December 30, 2016.

Sleeping Problems: Insomnia. http://www.cancer.net/navigating-cancer-care/side-effects/sleeping-problems-insomnia. Accessed December 30, 2016.

Cancer-Related Fatigue and Sleep Disorders. http://theoncologist.alphamedpress.org/content/12/suppl_1/35.long. Accessed December 30, 2016.

ယခုပုံစံ

12/05/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းလျှောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ကင်ဆာနှင့် ပတ်သက်ပြီး မိသားစုအနာဂတ်အတွက် ဘယ်လိုပြင်ဆင်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement